မူဆယ် တွင် တရားမဝင် တရုတ်နိုင်ငံသားများ နှင့်အတူ မူးယစ်ဆေး ၁၈၀၀၀ ကျော် သိမ်းဆည်းမိ

သျှမ်းပြည် မြောက်ပိုင်း တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသားများထံ ငွေကျပ်သိန်း ၁၈၀၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါး နှင့် လက်နက်များ သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

 

Photo by cincds website

မူဆယ်မြို့ စွမ်စော်ရပ်ကွက် တွင် မေ ၁၅ ရက် မနက်၁နာရီ ဝန်းကျင်က လိတီချန်း ပိုင်ဆိုင်သည့် နေအိမ် အတွင်း ဝင်ရောက် ရှာဖွေ ရာ တရားမဝင် နေထိုင်သည့် ရန်ဟော်ယုံ အပါအဝင် တရုတ်နိုင်ငံသား ၃ဦး နှင့် အတူ ICE ၂၅ ကီလို၊ ဘိန်းဖြု ဆပ်ပြာခွက် ၇ ဒသမ ၇ ကီလို၊ ဘိန်းဖြု ဘလောက်တုံး ၃၀ ကီလို WY စာတန်းပါ စိတ်ကြွဆေးပြား (မူးယစ်ဆေးဝါး ခန့်မှန်း တန်ဖိုး ကျပ်ငွေ ၁၈၀၀၀ ကျော်) နှင့် လက်နက်ခဲယမ်း များကို သိမ်းဆည်းရမိကြောင်း မူးယစ်ရဲ ထုတ်ပြန်ချက် အရသိရသည်။

ထိုနည်းတူ စွမ်စော်ရပ်ကွက် တာ့ဇောက်တိကော် ဖျော်ဖြေရေး စင်တာ ကို မေ ၁၅ရက် မနက် ၁နာရီ ဝင်ရောက်စစ်ဆေးရာ တရားမဝင် တရုတ်နိုင်ငံသး ၁၀ဦး နှင့် လက်တော့ ၁၅လုံး၊ တယ်လီဖုန်း ၁၅လုံး၊ မော်နီတာ ၃လုံး၊ တရုတ် အထိုင်ဖုန်း ၇ လုံး တို့သိမ်းဆည်းရမိပြီး၊ မနက် ၂နာရီခွဲကျော်တွင်လည်း ယွိလုံဆောင်နားအပန်းဖြေ SPA နေရာ အား ဝင်ရောက် ရှာဖွေ ရာ တရားမဝင် ဝင်ရောက်နေထိုင်သည့် တရုတ်နိုင်ငံသား ၃ဦး ထပ်မံ ဖမ်းဆီးရမိသည်။

အလားတူ ည ၁၂နာရီ ခွဲတွင် ၎င်းရပ်ကွက်ရှိ ချိန်မှုန်ပိုင်ဆိုင်သည့် နေအိမ်ကို ဆက်လက် ရှာဖွေရာ အမျိုးသား ၄ ဦး နှင့် လက်နက် ခဲယမ်း များကို ဖမ်းဆီးသိမ်းဆည်းရမိကြောင်းလည်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရ သိရသည်။

အဆိုပါ ဖမ်းဆီးရမိသူများ၊ လက်နက်ခဲယမ်းများ နှင့် မူးယစ်ဆေးဝါးများကို မူဆယ်မြို့ ရဲစခန်းသို့ စနစ်တကျ လွှဲပြောင်း အပ်နှံထားခဲ့ကြောင်း မူဆယ်ရဲတပ်ဖွဲ့ မှစုံစမ်းသိရသည်။

“ မူဆယ်မှာက တရုတ်တွေတရားဝင် နေထိုင်တာလား၊ တရားမဝင်နေထိုင်လားတောင် မသိတော့ဘူး။ စွမ်စော်ရပ်ကွက်မှာ တရုတ်တွေများတယ်။ သက်ဆိုင်ရာ စိစစ်ဖို့လိုအပ်တယ်” ဟု မူဆယ်ဒေသခံစိုင်းမှိုင်းက ပြောသည်။

မူဆယ်မြို့ စွမ်စော်ရပ်ကွက်တွင် တရုတ်နိုင်ငံသားအများစု နေထိုင်ပြီး ထိုနေရာ တဝှိက်တွင် မူးယစ်ဆေးဝါး နှင့် မူးယစ်ဆေးဝါး ဆက်စပ်ပစ္စည်း အများဆုံး ဖမ်းဆီးရမိသည် နေရာလည်းဖြစ်ကြောင်း စိုင်းမှိုင်းက ပြောပြသည်။

လွန်ခဲ့သည့် လတွင်လည်း စွမ်စော်ရပ်ကွက် ပန်းဆေး ပြည်သူ့စစ်များနေထိုင်သည့်နေရာတွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့သေးကြောင်း သိရသည်။

မေ ၁၁ရက်နေ့တွင် မူဆယ်မြို့အဝင် တိုးဂိတ်တွင်လည်း ဗုံးပေါက်ကွဲမှု၂ကြိမ်ဖြစ်ပွားခဲ့ကာ လူထိခိုက်မှု မရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အောင်ပန်းမြို့ အသက် (၆) နှစ်အရွယ် ကလေးထံ နားကပ်လုပြီး သတ်ခဲ့သူကို ဖမ်းမိ

0
သျှမ်းပြည်တောင်ပိုင်း၊ အောင်ပန်းမြို့အနီး နောင်ရဲကျေးရွာမှ အသက် (၆) နှစ် ကလေးငယ်ထံမှ နားကပ်လုပြီး သတ်ဖြတ်ခဲ့သူကို ဖမ်းဆီးမိကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ (၆) ရက် ညနေ ၅ နာရီခွဲ တွင် အောင်ပန်းမြို့ နောင်ရဲကျေးရွာရှိ အသက် (၆) နှစ်အရွယ် မဆောင်းနှင်းကို...

မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုး သောင်းကျန်းနေ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့တွင် ဆိုင်ကယ်သူခိုးများ သောင်းကျန်းနေပြီး သက်ဆိုင်ရာ အာဏာပိုင်များက အရေးယူ ဆောင်ရွက်ခြင်းမရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၃၁ ရက်) နံနက် ၇ နာရီခွဲခန့်က မိုင်းဆတ်မြို့ မြို့မဈေးအဝင်လမ်းတွင် ရပ်ထားသည့် Wave 110 အမျိုးအစား ၂၀၂၆ ခုနှစ်ထုတ် ဆိုင်ကယ်နက်ပြာရောင်...

မူဆယ်မြို့ ငါးပစ်ဂိမ်းဆိုင်တွင် ပစ်ခတ်မှုဖြစ်၊ အမျိုးသားတဦး သေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုနားနယ်မြေအတွင်းရှိ ငါးပစ်ဂိမ်းဆိုင်တခုတွင်  ယနေ့ (ဇူလိုင် ၃၀)ရက် မနက် ၁၁နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖြစ်စဉ်သည် ယနေ့ (ဇူလိုင်လ ၃၀ ရက်) မနက် ၁၁ နာရီဝန်းကျင် မူဆယ်မြို့ ဟိုနားနယ်မြေ ကောင်းမူတုံရပ်ကွက်ရှိ ငါးပစ်ဂိမ်းဆိုင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...