Tuesday, January 27, 2026

ခရီးသည်ကင်းမဲ့နေတဲ့ အင်းလေးဒေသရဲ့ရှိုက်သံ

သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် ရှိ နိုင်ငံတော်အတွက် ၀င်ငွေအများ ဆုံး ဖြစ်စေသည့် ခရီးသွားဒေသတခုဖြစ်သော အင်းလေးကန်တွင် ကိုဗစ်ရိုက်ခတ်မှုကြောင့် တစ်လကြာ လုပ်ငန်းရပ်ဆိုင်းထားရာ အစိုးရရော ဒေသခံအင်းတောင်သူများအတွက်ပါ စီးပွါးရေးထိခိုက်မှုဖြစ်စေခဲ့သည်။ ထိုသို့ ၁ လခန့်အကြာခရီးသွားလာမှု ရောင်းဝယ်မှုမရှိသဖြင့် ယက်ကန်းရုံများ စက်လှေသမားများ စားသောက်ဆိုင်ပိုင်ရှင်များသာမက ခရမ်းချဉ်သီး စိုက်တောင်သူများ ၀မ်းရေးအတွက် ရုန်းကန်လှုပ်ရှားနေရသည့် အခြေအနေ ၊ အစိုးရ၏ အရေးပေါ်ကြေငြာချက်သတ်မှတ်ကာလနောက်ဆုံးရက်ဖြစ်သည့် မတ်လ ၁၅ ရက်နေ့ နောက်ပိုင်းအင်းလေး ဒေသခံများ၏ မျှော်လင့်ချက်များကို သျှမ်းသံတော်ဆင့်သတင်းထောက် နန်းဆိုင်ဖူးက စုစည်းဖော်ပြထားပါသည်။

 

ခရမ်းချဉ်သီးအထွက်များပြီး ဝယ်လိုအား သိပ်မရှိတဲ့အတွက် အရင်လက သိပ်အဆင်မပြေဘူး

ဖိုးလမင်း ခရမ်းချဉ်သီးပွဲရုံ ပိုင်ရှင် ကိုဖိုးလမင်း

ခရီးချဉ်သီးစိုက်သူတွေ ရောင်းဝယ်တဲ့သူတွေအတွက် လက်ရှိ အခြေနေက အရင်လက ဆိုးတာပေါ့နော်။ အင်းထဲမှာ ခရမ်းချဉ်သီးအထွက်များပြီး ဝယ်လိုအား သိပ်မရှိတဲ့အတွက် အရင်လက သိပ်အဆင်မပြေဘူးပေ့ါ။ ကိုဗစ် ရိုက်ခတ်မှုကြောင့် ပြီးခဲ့တဲ့ လက ခရမ်းချဉ်သီးစျေး တစ်ပိသာ ၂၀၀ လောက် စျေးကျသွားတယ်။ ဒီလတော့ ၃၀၀ ပြန်ဖြစ်တာပေါ့။ အရင်နှစ် ဒီချိန်ဆို တစ်ဝက်လောက်ရောင်းရပြီ ဒီနှစ်က ရောင်းအား တစ်ဝက်လောက် ကျသွားတယ်။

၁၅ ရက်နေ့ နောက်ပိုင်း ဘယ်လို လာမလဲတော့ မသိဘူးပေါ့နော်။ စျေးက ၁၀ နာရီထိ ပဲ ဖွင့်တယ်ဆိုတော့ နယ်တွေကလဲ လူအများကြီး လာလို့မရတော့ အဲ့လိုလဲ ရှိတော့ နယ်တွေ ဖွင့်သွားပြီဆိုရင်တော့ ပိုရောင်းရမယ်လို့ မျှော်လင့်ထားပါတယ်။

 

ခရီးသွား ဧည့်သည်တွေ ပိတ်ထားတော့ ကုန်ထမ်းပါတယ်

စက်လှေမောင်းသမား မောင်ဖော

ခရီးသွား ဧည့်သည်တွေ ပိတ်ထားတော့ ကုန်ထမ်းပါတယ် ခင်ဗျာ။ ခရမ်းချဉ်သီး တွေ ထမ်းတယ်။ ဒီလို စက်လှေတွေ ပိတ်ထားရတော့ စားဝတ်နေရေးအတွက် အခက်ခဲတွေ ကြုံတွေ့ရတယ်။ စက်လှေမောင်းရ တုန်းက စားဝတ်နေရေးလဲ အဆင်ပြေတယ်။ ၁၅ ရက်နေ့ နောက်ပိုင်း ကျရင် လမ်းပန်းဆက်သွယ်ရေးပေါ်မှာ မူတည်တာပေါ့။ ခရီးသွားတွေ ပြန်လာလို့ရှိရင် ကျနော်တို့လည်း အလုပ် ပြန်လုပ်လို့ရတာပေါ့ ။

 

လာတဲ့သူမရှိတော့ ဝင်ငွေတွေလျှော့ နေ့စားအလုပ်လေးဘဲပေါ့ 

မြန်မာခရီးသွား စက်လှေအသင်း က ရုံးအဖွဲ့မှူး ဦးစိန်

ခုလို ကိုဗစ် ဖြစ်ပြီး ခရီးသွားတွေ ပိတ်ထားတော့ စားဝတ်နေရေးပိုင်းမှာ တော်တော်လေး ထိခိုက်သွားတာပေါ့နော်။ ဒီစက်လှေကို ထောင်ထားခြင်း အားဖြင့် စီးပွားရေး အရ လုပ်တာမဟုတ်ပဲ မိသားစု စားဝတ်နေရေးအတွက် တည်ထောင်ပြီးတော့မှ မြန်မာခရီးသွားတွေကို ပြေးဆွဲနေတဲ့ လိုင်းပေါ့။ အဝင်အထွက်တွေ ပိတ်လိုက်တဲ့ အချိန်ကျတော့ အမြို့မြို့ အနယ်နယ်တိုင်းက ဒီကို လာတဲ့သူ မရှိဘူး။ လာတဲ့သူမရှိတော့ လေးလေးတို့က ပြေးဆွဲ ခွင့်မရှိ ဖြစ်သွားတာပေါ့နော်။ ဝင်ငွေတွေ လျှော့ပါးပြီးတော့ နောက်ဆုံး ကိုယ်က ဘယ်လို လုပ်ကိုင်စားသောက် ရလဲဆိုတော့ နေ့စားအလုပ်လေးပေါ့ တတ်နိုင်သမျှ တစ်နေ့ကို ၅ထောင် ၆ ထောင် ဒါတွေ နဲ့ လုပ်ကိုင် စားသောက်ရတာပေါ့။

လေးလေး တို့ စက်လှေ နဲ့ သွားလာတဲ့ အချိန်ဆိုလို့ရှိရင် စက်လှေ တစ်စီးကို ၈ ထောင် ၁ သောင်းကျပ် နဲ့ ၂ စီးသွားရင် ၂ သောင်းကျပ် နဲ့ စားဖို့ အတွက်တော့ ပြေလည်တာပေါ့။ အခုချိန်မှာက တစ်နေ့လုပ်မှ ၅ ထောင် ၆ ထောင်ဆိုတော့ ဒါလေးနဲ့ ပဲ ချွေတာ စားရတာပေါ့။ ပိတ်ထားတဲ့ ၁ လ ကျော်တုန်းက စက်လှေသမား အားလုံးက နေ့စားလုပ်လေးနဲ့ ပန်းရံ တတ်တဲ့သူက ပန်းရံလုပ် ကုန်ကြမ်းထမ်းနိုင်တဲ့ သူက ထမ်းကြတာပေါ့။ ရေပြန်တက်တာနဲ့ မျှော်လင့်ချက် မရှိသေးဘူးပေါ့။ လမ်းပန်းဆက်သွယ်ရေးတွေ ပြန်ဖွင့်ပြီး ခရီးသွားလာမှု ရှိမှ လေးလေးတို့ အတွက် လွယ်တာပေါ့။

၁၅ ရက် နောက်ပိုင်း ပြန်ဖွင့်မယ်ဆိုရင် လေးလေးတို့ မျှော်လင့်ချက်က စားဝတ်နေရေး ပြန်ပြီး ပြေလည်တော့မှာပေါ့။ ဒီလုပ်ငန်းက ပြန်အကောင်အထည်ဖော်ပြီး လုပ်ဆောင်ရတော့မှာပေါ့။ ဒီလို ပဲ မျှော်လင့်တာပေါ့။

၁၅ ရက်နေ့နောက်ပိုင်း ပြန်မဖွင့်ရသေးရင်တော့ အကြွေးယူပြီးတော့ စားရမှာပဲ

ဖောင်တော်ဦး ဘုရားမှာ စျေးရောင်းသူ ဒေါ်သန်းတင်

ပြီးခဲ့တဲ့ နှစ်က ရောင်းရတယ်။ ဒီနှစ်က မရောင်းရဘူး။ စျေးရောင်းရတဲ့ချိန်က သီတင်းကျွတ် တန်ဆောင်တိုင် သင်္ကြန် တပေါင်းပွဲ တွေ ရောင်းရတာပေါ့။ ကိုဗစ် ဖြစ်တော့ ခရီးသွားတွေ ပိတ်တော့ ဘာမှ မရောင်းရတော့ဘူး။ ဆိုင်ခန်းခက တလ ၃ သိန်းပေးရတယ်။ ဆိုင်က တလကျော် ပိတ်ထားရပြီ ဝင်ငွေ လဲမရှိဘူး။ ဆိုင်ခန်းခ ပေးရ မပေးရ တော့ မသိသေးဘူး ဂေါပက တွေ ဘာမှ မပြောသေးဘူး။

၁၅ ရက်နေ့နောက်ပိုင်း ပြန်မဖွင့်ရသေးရင်တော့ အကြွေးယူပြီးတော့ စားရမှာပဲ။ အကြွေးတင်ပြီးမှပဲ စားတာပေါ့ ဆိုင်ပြန်ဖွင့်ပြီး ရောင်းရမှပဲ အဲ့ဒီအကြွေးတွေကို ဆပ်လို့ရတာပေါ့။ ဘယ်လို ခက်ခဲလဲဆိုတော့ မရောင်းရတော့ ငွေက လည်ပတ်မှု မရှိတော့ဘူး အဲ့ဒါ တအား အခက်ခဲ တွေ့တယ်။ ခု ယူထားတဲ့ အကြွေးတွေက ဆိုင်ပြန်ဖွင့်ရင် အကြွေးရှင်က လာတောင်းတော့မှာလေ။ ဆိုင်ပြန်ဖွင့်ရလည်း ဒုက္ခရောက်အုန်းမှာ မိုးတွင်းဆိုတော့လေ ရောင်းလဲ မရောင်းရတော့ဘူး ဒုက္ခတွေ့အုံးမှာပဲ။

 

ကိုဗစ် ရောဂါ ဖြစ်နေချိန်လည်း ငါးက ရောင်းလို့ရတယ်

အင်းလေးဒေသခံ တံငါသည် ဦးစံမြင့်

အင်းလယ်မှာ ငါးဖမ်းတယ်။ ငါးဖမ်းအလုပ်ပဲ လုပ်တယ်။ ကိုဗစ် ရောဂါ ဖြစ်နေချိန်လည်း ငါးက ရောင်းလို့ရတယ်။ ကျနော်တို့ငါးက ကလော အောင်ပန်း ပဲ ရောင်းတယ်။ ခရမ်းချဉ်သီးတွေလို စျေးလဲ မထိုးကျဘူးပေါ့နော်။ ခရမ်းချဉ်သီး မစိုက်ထားဘူး စျေးအရမ်းများတော့ စျေးကောင်းတဲ့ချိန်လည်း တအားကောင်းတယ်။ စျေးကျရင်လဲ တအားရှုံးတယ်လေ အဲ့ကြောင့် ဦးလေးတို့က ငါးပဲ ဖမ်း ပြီး စားသောက်နေထိုင်ကြတာ ။

 

 

ဘယ်ပုဂ္ဂိုလ်မှ ခရမ်းချဉ်သီး စိုက်သမားကို ကူညီမယ့်သူ မရှိဘူး

ကေလာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်ဆွေဦး

မေလ ၁၅ ရက်နေ့ နောက်ပိုင်း ဘယ်လိုမျှော်လင့်ထားလဲ ခရမ်းချဉ်သီးစျေးနှုန်းကောင်းဖို့ ပဲ မျှော်လင့်တယ်။ ဘယ်ပုဂ္ဂိုလ်မှ ခရမ်းချဉ်သီး စိုက်သမားကို ကူညီမယ့်သူ မရှိဘူး မျှော်လင့်လဲ မမျှော်လင့်ရဲဘူး။ လုပ်လဲ မလုပ်ဖူးသေးဘူး လုပ်ပေးမယ်လို့လဲ မထင်ဘူး ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း အင်းလေး မူးယစ်ဆေးသုံးစွဲမှုပိုများလာ

0
စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲသူ သိသိသာသာများလာကြောင်း ဒေသခံများပြောပြချက်အရသိရသည်။​ အင်းလေးဒေသအတွင်း မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် ရောင်းချနေကြပြီး၊ သုံးစွဲသူများတွင် အသက်မပြည့်သေးသည့်သူများနှင့်အမျိုးသမီးများလည်း ပါဝင်နေကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် အင်းလေးဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။​ ထိုမူးယစ်ဆေးသုံးစွဲ ရောင်းချသူများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဟန်ပြဖမ်းဆီးမှုသာပြုလုပ်နေသည်။​ " မူးယစ်ဆေးတွေက...

ကျပ် ၅ သိန်းမပေးနိုင်သူ အင်းလေးဒေသခံများကို PNO စစ်မှုထမ်းခိုင်းပြီး ရှေ့တန်းပို့နေ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) က ဒေသခံများကို တစ်လလျှင် ငွေကျပ် ငါးသိန်း တောင်းခံနေပြီး မပေးနိုင်ပါက စစ်မှုထမ်းခိုင်း၍ ရှေ့တန်းသို့ ပို့ဆောင်နေကြောင်း သတင်းရရှိသည်။

ရေဘေးဒဏ်၊ငလျင်ဒဏ်ကြား ဖောင်တော်ဉီးဘုရားပွဲကျင်းပ

0
သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသသည် ရေးဘေးသင့်ဒဏ်နှင့် ငလျင်ဒဏ်ကြား စစ်ကော်မရှင်က လုံခြုံရေး အပြည့်ဖြင့် ဖောင်တော်ဉီး ဘုရားပွဲကို ကျင်းပနေကြောင်း သတင်းရရှိသည်။ ဖောင်တော်ဉီး ဘုရားပွဲကို ယနေ့ (စက်တင်ဘာ ၂၂)ရက်မှ စပြီး နိုဝင်ဘာ ၉ရက်တွင် စစ်ကော်မရှင် က ဦးဆောင် ကျင်းပနေသည်။ “ လုံခြုံရေးတော့...

အင်းလေးတွင် PNO တပ်ဖွဲ့ဝင်က ရွာသားတစ်ဦးကို သေဆုံးသည်အထိ ရိုက်နှက်

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ မကျီးဆိပ်ကျေးရွာနေ ရွာသားတစ်ဦးကို စစ်ကော်မရှင်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက အသက် သေဆုံးသည်အထိ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက် ည ၁၁ နာရီအချိန်တွင် ညောင်ရွှေမြို့နယ် မကျီးဆိပ်ကျေးရွာမှ အသက် (၄၂)...

အင်းလေး နေရပ်ပြန်စစ်ရှောင်များကို  PNOက တစ်အိမ် ငွေကျပ်ဆယ်သိန်းပေးရ၊ မပေးနိုင်လျှင် စစ်မှုထမ်းရ

0
သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် ပအိုဝ်းပြည်သူ့စစ် PNO/ PNA  က  နေရပ်ပြန်လာသည့် စစ်ရှောင်များကို တစ်အိမ်လျှင် ငွေကျပ်ဆယ်သိန်း ကောက်နေပြီး၊ မပေးနိုင်လျှင် စစ်မှုထမ်းခိုင်းနေကြောင်း သတင်းရရှိသည်။