Wednesday, January 28, 2026

အင်းထဲ ကျန်းမာရေး စောင့်ရှောက်မှု ယခုထိ အားနည်းနေဆဲ

သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးကန်ထဲရှိ အင်းခြံကေလာကျေးရွာအုပ်စုတွင်း ကျန်းမာရေး စောင့်ရှောက်မှု အားနည်းနေဆဲ ဟု ဒေသခံများပြောပြချက်အရ သိရသည်။

 

Photo by SHAN

အင်းလေးကန်ထဲရှိ အင်းခြံကလောကျေးရွာ အုပ်စုတွင်း ရွာ ၆ ရွာပေါင်းမှ မိခင်နှင့် ကလေးဌာနခွဲတစ်ခု တည်းသာရှိပြီး၊ သားဖွားဆရာမနှင့် အကူတဦး သာရှိကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဆွေဦး က သျှမ်းသံတော်ဆင့် ကို ပြောသည်။

အဆိုပါက သားဖွားဆရာမ နှင့် အကူ တဦး ကို အင်းခြံကလော ကျေးရွာအုပ်စု အိမ်ခြေ ၉၀၀ ခန့်၊ အိမ်ထောင်စုပေါင်း ၁၄၀၀ ကျော်က အားကိုးနေရပြီး ကျေးရွာ ဆေးပေးခန်းမရှိသေးကြောင်း လည်း ဦးတင်ဆွေဦး က ပြောသည်။

“ကျနော်တို့ ရွာမှာ ကျန်းမာရေးနဲ့ ပတ်သက်လာရင် မိခင်ကလေးဌာနခွဲ တစ်ခုပဲရှိတယ်။ အဲ့ဒီမှာလည်း သားဖွား ဆရာမ တစ်ယောက် နဲ့ အကူ တစ်ယောက်ပဲ ရှိတယ်။ ဆရာဝန် တောင် မရှိဘူး”ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဆွေဦး ကပြောသည်။

ကျေးရွာတွင်း ကျန်းမာရေဆေးပေးခန်း ရှိစေရန်အတွက် မြို့နယ်မှူးထံ လည်း တောင်းခဲ့ဖူးကြောင်း ဦးတင်ဆွေဦး ကပြောသည်။

“ကျေးရွာ အတွင်း ကျန်းမာရေး ဆေးပေးခန်းတောင်တာ မြို့နယ်မှူး က ပေးလို့မရဘူးပဲ ပြောတယ်။ ကျနော်တို့အနေနဲ့ ကျန်းကျန်းမာမာ နဲ့ သက်တမ်းစေ့ နေချင်တာပေါ့” ဟု ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဆွေဦး ကပြောသည်။

ထို အင်းခြံကျေးရွာ အုပ်စု ထဲတွင် အရေးပေါ် နေမကောင်းလာပါက ကျန်းမာရေး ဆေးပေးခန်းမရှိ၊ ဆရာဝန်မရှိသဖြင့် အရေးပေါ် ဖြစ်လာပါက အခက်အခဲများစွာရင်ဆိုင်နေရကြောင်း၊ ညောင်ရွှေမြို့နယ်ရှိ တိုက်နယ်ဆေးရုံကို သွားရသည်မှာလည်း ခက်ခဲကြောင်း အင်းဒေသခံများ ပြောပြချက် အရသိရသည်။

အင်းခြံကေလာကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၆ ရွာရှိသည့်အနက် ကေလာကျေးရွာ ဆိုသည့် ရွာတွင် ခရမ်းချဉ်သီး အများဆုံး စိုက်ပျိုးထားခြင်း ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နီပါ ဗိုင်းရပ်စ် အတွက် ဆေးမရှိသေး

0
အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘင်္ဂလားပြည်နယ်တွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း Nipah Virus (နီပါ ဗိုင်းရပ်စ်) ပြန်လည်ကူးစက်ခံရမှု ၅ ဦးအထိတွေ့ရှိပြီးနောက် လူနာများနှင့် ဆက်စပ်ခဲ့သည့် လူ ၁၀၀ ဦးခန့်အား နေအိမ်များတွင်သာ နေထိုင်ရန် ဒေသအာဏာပိုင်များမှညွှန်ကြားထားကြောင်း အိန္ဒိယ သတင်းဌာန New Delhi Television...

စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း အင်းလေး မူးယစ်ဆေးသုံးစွဲမှုပိုများလာ

0
စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲသူ သိသိသာသာများလာကြောင်း ဒေသခံများပြောပြချက်အရသိရသည်။​ အင်းလေးဒေသအတွင်း မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် ရောင်းချနေကြပြီး၊ သုံးစွဲသူများတွင် အသက်မပြည့်သေးသည့်သူများနှင့်အမျိုးသမီးများလည်း ပါဝင်နေကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် အင်းလေးဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။​ ထိုမူးယစ်ဆေးသုံးစွဲ ရောင်းချသူများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဟန်ပြဖမ်းဆီးမှုသာပြုလုပ်နေသည်။​ " မူးယစ်ဆေးတွေက...

ကျပ် ၅ သိန်းမပေးနိုင်သူ အင်းလေးဒေသခံများကို PNO စစ်မှုထမ်းခိုင်းပြီး ရှေ့တန်းပို့နေ

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ စစ်ကောင်စီလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO/PNA) က ဒေသခံများကို တစ်လလျှင် ငွေကျပ် ငါးသိန်း တောင်းခံနေပြီး မပေးနိုင်ပါက စစ်မှုထမ်းခိုင်း၍ ရှေ့တန်းသို့ ပို့ဆောင်နေကြောင်း သတင်းရရှိသည်။

ရေဘေးဒဏ်၊ငလျင်ဒဏ်ကြား ဖောင်တော်ဉီးဘုရားပွဲကျင်းပ

0
သျှမ်းပြည် ညောင်ရွှေမြို့နယ် အင်းလေးဒေသသည် ရေးဘေးသင့်ဒဏ်နှင့် ငလျင်ဒဏ်ကြား စစ်ကော်မရှင်က လုံခြုံရေး အပြည့်ဖြင့် ဖောင်တော်ဉီး ဘုရားပွဲကို ကျင်းပနေကြောင်း သတင်းရရှိသည်။ ဖောင်တော်ဉီး ဘုရားပွဲကို ယနေ့ (စက်တင်ဘာ ၂၂)ရက်မှ စပြီး နိုဝင်ဘာ ၉ရက်တွင် စစ်ကော်မရှင် က ဦးဆောင် ကျင်းပနေသည်။ “ လုံခြုံရေးတော့...

အင်းလေးတွင် PNO တပ်ဖွဲ့ဝင်က ရွာသားတစ်ဦးကို သေဆုံးသည်အထိ ရိုက်နှက်

0
သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသ မကျီးဆိပ်ကျေးရွာနေ ရွာသားတစ်ဦးကို စစ်ကော်မရှင်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် PNO တပ်ဖွဲ့ဝင်များက အသက် သေဆုံးသည်အထိ ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက် ည ၁၁ နာရီအချိန်တွင် ညောင်ရွှေမြို့နယ် မကျီးဆိပ်ကျေးရွာမှ အသက် (၄၂)...