ယခုတပတ်အတွင်း ကျောက်မဲမြို့နယ်တွင် မိုင်းများဆက်တိုက်ပေါက်ကွဲ ဒေသခံလူထုသေကြေဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း လက်လုပ်မိုင်းများဆက်တိုက်ပေါက်ကွဲခဲ့ရာ သေကြေဒဏ်ရာ ရမှုများရှိခဲ့ပါသည်။


ကျောက်မဲမြို့နယ် တိုးဂိတ်အနီးတွင် ၂၆ ရက်ည ၁၁ နာရီခွဲက မိုင်း ၃ လုံးထပ်ဆင့်ပေါက်ကွဲရာ မိုင်းရှင်း လင်းရေး လုံခြုံရေးတပ်ဖွဲ့မှာ တပ်ကြပ်အဆင့်ရှိသူတဦး မိုင်းစထိမှန် ဒဏ်ရာရရှိကြောင်း သိရသည်။

ကျောက်မဲအဝင်တိုးဂိတ်

“ပထမမိုင်းတလုံးပေါက်ကွဲသံကြားတယ်။ ကျောက်မဲအဝင် တိုးဂိတ်မှာပါ။ အဲဒီနေရာမှာတော့ ထိခိုက်ဒဏ်ရာရယူမရှိပါဘူး။ အဲဒီနောက် လုံခြုံရေးတပ်ဖွဲ့က အဲ့နားတဝိုက်ကိုရှင်းလင်းရေးလုပ်တော့ ရီမုဒ်မိုင်း လို့ထင်ရတဲ့ မိုင်း ၂ လုံးရှေ့ဆင့် နောက်ဆင့် ပေါက်ကွဲတယ်။ မိုင်းရှင်းတဲ့ တပ်ကြပ်တဦးပုခုံးမှာ မိုင်းစထိမှန်တယ်။ ဒဏ်ရာက မစိုးရိမ်ရဆိုပေမယ့် လူထုကတော့ သွားသတိ လာသတိ ဖြစ်နေကြတယ်”- ဟု ကျောက်မဲမြို့ ဇီဝိတလူမှုကူညီရေးအသင်းမှ ဦးတင်မောင်သိန်းကပြောသည်။

အဆိုပါပေါက်ကွဲမှု၏လက်သည်ကိုမူ ယနေ့တိုင် အာဏာပိုင်များဘက်မှ ကြေငြာခြင်းမပြုသေးပေ။

သို့သော်အဆိုပါဒေသသည် အစိုးရတပ်မတော်မှလုံခြုံရေးအထူးထားရှိသည့်နေရာပြီးဖြစ်ပြီး ပြီးခဲ့သည့်အပတ်ကမူ TNLA နှင့် RCSS တို့အကြား ကျောက်မဲမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွါးခဲ့သည်။ ထို့အပြင် ထိုဒေသဖက်တွင် SSPP/SSA မှလည်းသွားရောက်လှုပ်ရှားသည်ဟု အစိုးရဖက်ကပြောဆိုပါသည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့ကလည်း ကျောက်မဲမြို့နယ် တော့ဖယ်သူတဦး တော့ဖယ်ရွာအနီး လက်ဖက်ခြံတွင်လက်ဖက်ခူးနေစဉ် မိုင်းနင်းမိသဖြင့် နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့သည်။

လက်ဖက်ခြံတွင် မိုင်းနင်းမိသေဆုံးသော တော့ဖယ်ရွာသူ၏ အလောင်း

သေဆုံးသူမှာ တော့ဖယ်ရွာသူ  ကလေး ၂ ယောက်မိခင် နန်းအေးဟန် အသက် ၃၉ နှစ်ဖြစ်ပြီး ၄င်း၏ခြံမှာ တော့ဖယ်ရွာမှ ၁၅ မိနစ်ခန့်လမ်းလျှောက်သွားရကြောင်း မိုင်းငေါ့ရွာသား လုံးခမ်း ကပြောသည်။

“ညအိမ်ပြန်မရောက်လာတော့ သူ့ခလေးတွေနဲ့ ရွာသားတွေလိုက်သွားကြည့် မှ ခြံထဲမှာသေနေတာတွေ့တာ။ အဲ့ဒီရွာဖက်မှာပြီးခဲ့တဲ့အပတ်ကအထိ TNLA နဲ့ RCSS တို့ တင်းမာနေကြတာလေ။ဒီတပတ်ထဲမှာမှ နဲနဲငြိမ်သွားတာ။” – ဟု ၄င်းကပြောသည်။

အဆိုပါအမျိုးသမီး၏အလောင်းအား ကျောက်မဲမြို့ ဇီဝိတလူမှုကူညီရေးအသင်း၏ ကူညီမှုဖြင့် မတ်လ ၁၉ ရက်နေ့က သဂြိုလ်ကြောင်းသိရသည်။

အလားတူ မတ်လ ၂၅ ရက်ကလည်း ကျောက်မဲမြို့နယ် ပန်မုံရွာဘုန်းကျောင်းမှ သံဃာတော် ၁ ပါးနှင့် ကိုယ်ရင် ၂ ပါး ကျောင်းသို့သွယ်တန်းသည့်တောင်ရေပြတ်သွားသဖြင့် သွားရောက်ကြည့်ရှုရာ တောင်ထိပ်တွင် မိုင်းနင်းမိ သဖြင့်ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ကျောက်မဲမြို့နယ်ထဲ စစ်တပ် လေကြောင်းဗုံးထပ်ကြဲ၊ SSPP တပ်စခန်းအနီး ကျရောက်ပေါက်ကွဲ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ SSPP တပ်စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ကျေးရွာသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်...