Wednesday, January 28, 2026

ပြည်တော်ပြန် ရာဂဏန်း သျှမ်းပြည်အစိုးရထံ မိုင်းလားတပ်ဖွဲ့ လွှဲအပ်ပေး

မိုင်းလား အထူးဒေသ-၄ နမ့်ပန်းဒေသ တွင် Quarantine ဝင်ပြီးသူ ၅၅၀ကျော် ကို ယနေ့ တောင်ကြီးသို့ ပို့ဆောင်ပေးကြောင်း သတင်းရရှိသည်။

Photo by Saya Soe Abn/ ယနေ့ မိုင်းလားမှ ဝင်လာသည့် တရုတ်ပြည်တော်ပြန် ၅၀၀ကျော် များ

အဆိုပါ ၅၅၄ ဦး သည် ယနေ့ မနက် ၉ နာရီတွင် မိုင်းလား အထူးဒေသ-၄ မှ တဆင့် သျှမ်းပြည် အရှေ့ပိုင်း မိုင်းယုသို့ ဝင်လာကြောင်း၊ ထိုမှ တဆင့် မိုင်းယောင်း- ကျိုင်းတုံ-တောင်ကြီးသို့ဆက်လက်ပို့ဆောင်သွားမည် ဖြစ်ကြောင်း မိုင်းယောင်း ဒေသခံ ကားသမားများထံမှ သိရသည်။

“ ကျနော်တို့မိုင်းယောင်းက ကား ၂၃ စီး၊ မိုင်းယုကို အရင်သွားကြိုမယ်။ နောက် မိုင်းယောင်း၊ ကျိုင်းတုံ၊ တောင်ကြီး ဆက်ပြီး ပို့ဆောင်သွားမယ်” ဟု မိုင်းယောင်း ကားသမား စိုင်းတစ်ကျောက် သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ထို ပြည်တော်ပြန်များသည် Quarantine ဝင်ပြီးသူများဖြစ်ပြီး၊ ထိုသူများကို သွားရောက်မကြိုခင် ကားကို ဆေးဖြန်းပြီး နေပူထဲတွင် တရက်ထားရကြောင်း လည်း စိုင်းတစ်ကျောက် က ပြောသည်။

“ သက်ဆိုင်ရာက အကူအညီတောင်းလို့ ပါ။ ကျနော်တို့သွားတဲ့လမ်းတလျှောက်မှာ တော့ ဘယ်ဆိုင်မှ ဝင်မနားဘူး။ တောင်ကြီးကိုပဲတန်းသွားမယ်” ဟု ပြည်တော်ပြန်များကို လိုက်ပို့သည့် စိုင်းတစ်ကျောက် က ဆိုသည်။

ထိုပြန်တော်ပြန်များတွင် ရခိုင်ပြည်နယ် မှ ရွှေ့ပြောင်းအလုပ်သမားများပိုများပြီး၊ တခြားပြည်နယ်နှင့်တိုင်းကို တောင်ကြီးမှ တဆင့် သက်ဆိုင်ရာက စီစဉ်ပေးသည် ဟုလည်း သိရသည်။

Photo by Saya Soe Abn/ ယနေ့ မိုင်းလားမှ ဝင်လာသည့် တရုတ်ပြည်တော်ပြန် ၅၀၀ကျော် များ

“ မိုင်းလားက နေ ကျိုင်းတုံ လာတယ်။ ကျိုင်းတုံကနေ ပြီးတော့ က တောင်ကြီးကို သွားဖို့ ကားတွေစီစဉ်ပေးတယ်” ဟု ကျိုင်းတုံမြို့ COVID-19ကာကွယ်တားဆီး ထိန်းချုပ်ရေး ကော်မတီ အဖွဲ့ဝင် စိုင်းဟွမ်နွဲ့က သျှမ်းသံတော်ဆင့် သို့ပြောသည်။

မိုင်းလားမြို့ မှ တဆင့် ကျိုင်းတုံမြို့သို့ ဝင်လာသည့် ပြည်တော်ပြန် များသည် ဧပြီ ၂၈ ရက်တွင် ၂၇၇ ဦး၊ မေ ၁ရက်တွင် ၅၆၆ဦး နှင့် မေ ၃ရက်နေ့တွင် ၃၆၈ ဦး ရှိကြောင်းစိုင်းဟွမ်နွဲ့ က ပြောသည်။

“ ပြည်တော်ပြန် တွေ အများဆုံးက ရခိုင်ပြည်က များပါတယ်” ဟု စိုင်းဟွမ်နွဲ့ က ဆိုသည်။

 

Photo by Saya Soe Abn/ ယနေ့ မိုင်းလားမှ ဝင်လာသည့် တရုတ်ပြည်တော်ပြန် ၅၀၀ကျော် များ

ထိုပြည်တော်ပြန်များသည် တရုတ်ပြည်သို့ သွားရောက် အလုပ်လုပ်ပြီး မိုင်းလား အထူးဒေသ-၄သို့ပြန်ဝင်လာသည့် သူများဖြစ်ကြောင်း သိရသည်။

မိုင်းလား အထူးဒေသ -၄ မှ ပြန်လာသည့် သူများကို တောင်ကြီးမှ တဆင့် မန္တလေးတိုင်းဒေသကြီး အစိုးရထံ တာဝန်လွှဲပြောင်းပေးမည် ဖြစ်ကြောင်းလည်း သျှမ်းပြည် အစိုးရ အဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍရေး ဝန်ကြီး ဦးစိုးညွှန့်လွင် ၏ လူမှုကွန်ရက် စာမျက်နှာတွင်ရေးသားထားသည်။

ထိုပို့ဆောင်မည့် လမ်းကြောင်းတလျောက်တွင် မိုင်းယောင်း ဒေသခံများမှ နေ့လည်စာထမင်းလှူဒါန်းပြီး၊ မိုင်းပျဉ်း ဒေသခံများက ညနေစာ လှူဒါန်းသွားမည်ဖြစ်ကြောင်းသိရသည်။

ထို့ပြင် ကျိုင်းတုံ ဒေသခံအလှူရှင်များမှလည်း ရေသန့်၊ သွားတိုက်ဆေး၊ သွားပွတ်တံ ၊ဆပ်ပြာ နှင့် မျက်နှာသုတ်ပဝါ တို့ပေးသွားရန်စီစဉ်ထားရှိကြောင်းလည်း ဦးစိုးညွှန့်လွင်၏ လူမှုကွန်ရက်တွင် ရေးသားထားသည်။
ထိုနည်းတူ မေ ၆ရက်တွင်လည်း မိုင်းလားမှ ပြန်လာမည့်သူ ၄၉၀ ဦးရှိပြီး၊ မေ ၈ရက်တွင်လ်ညး လာအိုမှပြန်ဝင်လာမည်သူ ၁၇၈ဦးရှိကြောင်း သိရသည်။

မိုင်းလား အထူးဒေသ-၄တွင် Quarantine ဝင်ပြီး သျှမ်းပြည်နယ်သို့ပြန်လာမည့်သူ စုစုပေါင်း ၂၂၂၀ ဦးစာရင်းရှိပြီး၊ သျှမ်းပြည်မြောက်ပိုင်းကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မှ ပြန်ဝင်မည့် ပြည်တော်ပြန် ၂သောင်းကျော် ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

MongLa_ShanNewYear_NDAA_SSPP_1

မိုင်းလားမြို့တွင် သျှမ်းနှစ်သစ်ကူးပွဲ အကြီးအကျယ်ကျင်းပ၊ SSPP ကိုယ်စားလှယ်များတက်ရောက်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့တွင် NDAA တပ်ဖွဲ့မှ ဦးဆောင်၍ သျှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပလျက်ရှိပြီး SSPP ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။

NDAA ထိန်းချုပ် မိုင်းလားမြို့ တာလော့ဂိတ်တွင် ကျားဖြန့်လုပ်ကိုင်သူများကို တရုတ်နိုင်ငံသို့ စစ်ကော်မရှင်လွှဲပေး

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားမြို့ရှိ တာလော့ဂိတ်မှတဆင့် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၇၁) ဦးကို စစ်ကော်မရှင်မှ တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၁၇ ရက်)တွင် မိုင်းလားတပ်ဖွဲ့ NDAA နှင့် စစ်ကောင်မရှင်တို့ ပူးတွဲထိန်းချုပ်ထားသည့် မိုင်းလားမြို့ တာလော့နယ်စပ်ဂိတ်တွင် ကျိုင်းတုံမြို့ လူဝင်မှုကြီးကြပ်ရေးဌာန လဝက...

သျှမ်းပြည်ဝန်ကြီးချုပ် ‘ဝ’နှင့် မိုင်းလား သွားရောက်၊ စစ်အုပ်ချုပ်ရေး ကြေညာခံရခြင်းအပေါ် နားမလည်ဟု NDAA ပြော

0
စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ သျှမ်းပြည်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ‘ဝ’ဒေသ မိုင်းပေါက်မြို့နှင့် ပန်ဆန်းမြို့သို့ သွားရောက်ပြီး UWSA ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် မိုင်းလားသို့ ဆက်လက်သွားရောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၆-၇ ရက်တို့တွင် စစ်ကောင်စီလက်အောက်ခံ သျှမ်းပြည်နယ်အစိုးရ ကိုယ်စားလှယ်အဖွဲ့များသည် UWSA ထိန်းချုပ် မိုင်းပေါက်မြို့နှင့် ပန်ဆန်းမြို့သို့ သွားရောက်ခဲ့ပြီး...

မိုင်းလားတပ်ဖွဲ့ NDAA နှင့် တွေ့ဆုံစဉ် ဒေသဖွံ့ဖြိုးရေး ကူညီမည်ဟု စစ်ခေါင်းဆောင်ပြောဆို

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ရောက်ရှိနေသည့် စစ်ခေါင်းဆောင်နှင့် မိုင်းလားတပ်ဖွဲ့ NDAA တို့ တွေ့ဆုံခဲ့စဉ် မိုင်းလားဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီမည်ဖြစ်ကြောင်း စစ်ခေါင်းဆောင်မှ ပြောကြားခဲ့သည်။ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ ခေါ် မိုင်းလားတပ်ဖွဲ့မှ ၎င်းတို့ဒေသအတွင်း အခြားသော လက်နက်ကိုင်အဖွဲ့အစည်းနှင့် နိုင်ငံရေးအဖွဲ့အစည်းတို့ကို လက်ခံထားခြင်း မရှိကြောင်း စစ်ခေါင်းဆောင်နှင့် တွေ့ဆုံစဉ် NDAA...

ကျိုင်းတုံ-မိုင်းလား လမ်းမကြီး ဝမ်တာပင်းဂိတ် ခရီးသည်နှင့် ကုန်ပစ္စည်းများကို စစ်ဆေးမှုတင်းကြပ်လာ

0
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် (NDAA) မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်သည့် မိုင်းလားမြို့အဝင် ဝမ်တာပင်းဂိတ်တွင် ခရီးသည်များနှင့် ကုန်ပစ္စည်းများကို စစ်ဆေးမှု ပိုမိုတင်းကြပ်လာကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် အောက်တိုဘာလမှ စတင်ပြီး နိုင်ငံသားမှတ်ပုံတင် ၁၃ မျဉ်းစောင်း ကိုင်ဆောင်သည့် တအာင်း(ပလောင်)လူမျိုးနှင့် ကိုးကန့်လူမျိုးများကို ကျိုင်းတုံ-မိုင်းလားလမ်းမကြီးပေါ်ရှိ ဝမ်တာပင်းဂိတ်တွင်...