Wednesday, May 1, 2024

တာချီလိတ်ဆေးရုံတွင် ကိုဗစ်-၁၉ သံသယ လူနာ ၁ဦးရှိ

Must read

မြန်-ထိုင်း နယ်စပ် သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ စောင့်ကြည့် သံသယလူနာ ၁ ဦး ရှိကြောင်း သိရသည်။

 

Photo တာချီလိတ်ဒေသခံ

အဆိုပါ စောင့်ကြည့်လူနာသည် မေလ ၃ ရက်နေ့က ရောက်ရှိလာပြီး ဖျားခြင်း၊ လည်ချောင်းနာခြင်း နှင့် ချောင်းဆိုးခြင်း စသည့်  ကိုဗစ် လက္ခဏာ ရှိတာ နှင့် ဆေးရုံတက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဆေးရုံမှာ သံသယ လူနာ ၁ ယောက်ပဲရှိတယ်။ ဟိုဘက်ကမ်း (ထိုင်း) ဘက်မှာ အလုပ်လုပ်ပြီး ပြန်လာတာ။ ဓါတ်ခွဲနမူနာ ယူထားပြီး ၆ ရက်နေ့မှာ ပို့မှာ ဖြစ်ပါတယ်”ဟု တာချီလိတ်ပြည်သူ့ဆေးရုံ ဒေါက်တာရွှေဝင်း ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

တာချီလိတ်ပြည်သူ့ဆေးရုံတွင် ဧပြီ ၁၈ ရက်နေ့က ဆေးရုံမှာ ဆရာဝန် တစ်ဦး Positive ဖြစ်တာနှင့် ပတ်သက်ပြီး ဆေးရုံရှိ ဆေးရုံအုပ် အပါ ကျန်းမာရေးဝန်ထမ်း ၂၀ ကျော် Quarantine ဖြစ်ခဲ့ကြောင်း သိရသည်။

“အခုတော့ ဆေးရုံက အခြေနေ အားလုံး ကောင်းတယ်။ ကောင်းကောင်းလည်ပတ်လို့ရနေပါပြီ။ Fever Clinic လည်း ဖွင့်ထားပေးတယ်”ဟု ဒေါက်တာရွှေဝင်း ကပြောသည်။

မြန်မာနိုင်ငံ တစ်ဝှမ်းလုံးတွင် ပိုးတွေ့လူနာ ၁၅၅ ဦးရှိပြီး သေဆုံးသူ ၆ ဦး နှင့် ပြန်လည်ကောင်းမွန်လာသူ ၄၃ ဦး ရှိကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article