Wednesday, January 28, 2026

နမ့်စန်မြို့နယ် တွင် လေပြင်းတိုက်သဖြင့် နေအိမ်တချို့ပျက်စီး

သျှမ်းပြည် တောင်ပိုင်း လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် အတွင်း ယနေ့(ညနေ ၃နာရီဝန်းကျင်)တွင် လေပြင်းတိုက်ခတ်သဖြင့် နေအိမ်တချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

Photo by Mai Nyi Kham- Kyushaw/ facebook

အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့်ပျက်စီးသွားသည့် နေအိမ်တချို့ထဲတွင် မျိုးဆက်သစ် ပရဟိတ ကလေးငယ်များ၏ စာသင်ဆောင်နှင့် အိပ်ဆောင် ပျက်စီးခဲ့ပြီး၊ ထိုစာသင်ဆောင်များ ပြင်ဆင်ရန် အတွက် အခက်အခဲရင်ဆိုင်နေရကြောင်း မျိုးဆက်သစ် ပရဟိတ ကျောင်းမှတာဝန်ခံ မိုင်းအောင်ဆန်း က သျှမ်းသံတော်ဆင့် ကို ပြောသည်။

Photo by Mai Nyi Kham- Kyushaw/ facebook

“ ညနေ က လေပြင်းရော မိုးသီးရော ကျတော့ ကလေးတွေ စာသင်ဆောင် နဲ့အမျိုးသား ကလေးငယ်တွေ အိပ်ဆောင် ပျက်စီးသွားတယ်။ ခေါင်းမိုးတွေ လွှင့်သွားတယ်။ အခု ပြင်ဆင်ဖို့ အတွက် ငွေကြေး အခက်အခဲတော့ ရှိတာပေါ့” ဟု မိုင်းအောင်ဆန်း က ဆိုသည်။

Photo by Mai Nyi Kham- Kyushaw/ facebook

လက်ရှိ မှာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကာလ ဖြစ်နေသည့် အတွက် ကလေးငယ်များသည် မိမိနေရပ်သို့ ပြန်သွားကြောင်း၊ လက်ရှိမှာ ကလေးငယ် ၁၀ဦးခန့်သာကျန်ရှိကြောင်း လည်း မိုင်းအောင်ဆန်း က ပြောသည်။

ထိုလေပြင်းဒဏ်ကြောင့် ပျက်စီးသွားသည့် မျိုးဆက်သစ် ပရဟိတ ကျောင်းသည် သျှမ်းပြည် ကျေးသီးမြို့နယ်၊ ပင်လုံ၊ လဲချား၊ မိုင်းရှူး။ မိုင်းကိုင်၊ ကွန်ဟိန်း၊ ကာလိ၊ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းပျဉ်း၊ နမ့်စန် မြို့နယ် ရှိ ကလေးငယ် ၁၅၀ ကျော်လာရောက်သင်ကြားနေကြောင်း ကျောင်းတကျောင်းဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အင်းလေးတွင် ရေကြီးမှုအပြင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၄၀ ကျော် ထပ်မံပျက်စီး 

0
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသအတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးမှုဒဏ် ခံစားခဲ့ရသည့် အပြင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် အလုံး ၄၀ ခန့် ထပ်မံပျက်စီးခဲ့ကြောင်း စုံစမ်းသိရှိရသည်။  နိုဝင်ဘာလ ၂ ရက်ညအချိန်တွင် ညောင်ရွှေမြို့နယ်၊ အင်းလေးကန်အနောက်ဖက်ခြမ်းရှိ ကံလှ၊ ကနုကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်အလုံး ၄၀ ခန့်...

လေပြင်းတိုက်ခတ်မှုကြောင့် စေတီထီးတော်များ၊နေအိမ်းများ ပျက်စီး

0
သျှမ်းပြည် မိုင်းတုံမြို့တွင် မိုးရွာ လေပြင်းတိုက်ခက်မှုကြောင့် စေတီထီးတော်များ နှင့် နေအိမ်များ ပျက်စီးမှုရှိခဲ့ကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် မိုင်းတုံမြို့တွင် ယမန်နေ့ ( ဧပြီလ ၁၀ )ရက် ည ၆ နာရီမှ ၇ နာရီခွဲ ဝန်းကျင်ထိ မိုးသည်းထန်ရွာပြီး လေပြင်းတိုက်ခတ်မှုများကြောင့် မိုင်းတုံမြို့ရှိမိုင်းစေတီ၊...

ကွတ်ခိုင် လေပြင်းတိုက် ကလေးငယ်တစ်ဦးသေဆုံး၊ အဆောက်အဦးပျက်စီး

0
သျှမ်းပြည် ကွတ်ခိုင်မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ကလေးငယ်တစ်ဦး သေဆုံးပြီး စာသင်ကျောင်း အပါအဝင် နေအိမ်များ ပျက်စီးမှု ရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင် ၁၉) ရက် ညနေ ၅ နာရီဝန်းကျင်တွင် ကွတ်ခိုင်မြို့နယ် မန်နောင်ကျေးရွာမှ ကလေးငယ်တစ်ဦး ကျွဲကျောင်းသွားနေစဉ် လေပြင်းကြောင့် လွှင့်ပါသွားပြီး ကျောက်တုံးနှင့်တိုက်မိကာ...

ဆီဆိုင်မြို့နယ်အတွင်း လေပြင်းတိုက် အဆောက်အအုံများ ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် နောင်ကျောကျေးရွာအုပ်စုအတွင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် လေပြင်းတိုက်မှုကြောင့် နေအိမ်နှင့် အဆောက်အအုံများ ပျက်စီးဆုံးရှုံးကြောင်း သတင်းသိရသည်။ ပြီးခဲ့သည့် မေလ ၁ ရက်နေ့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် လေပြင်းများတိုက်မှုကြောင့် နေအိမ် အဆောက်အအုံများ ၁၀ လုံးနီးပါး နှင့် စာသင်ကျောင်းဆောင်တစ်ဆောင် ထိခိုက်ပျက်စီးရကြောင်း ဒေသခံအမျိုးသား တစ်ဦးက...

တာလေမြို့နယ် လေပြင်းတိုက်ခတ် ဒေသခံ နေအိမ်တစ်ချို့ ပျက်စီး

0
သျှမ်းပြည်အရှေ့ပိုင်း တာလေမြို့နယ် မိုင်းလင်းကျေးရွာအုပ်စုအတွင်း လေပြင်း၊ မိုးကြီး ကျရောက်တိုက်ခတ်မှုကြောင့် နေအိမ်တစ်ချို့ ပျက်စီးသွားကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (ဧပြီ ၁၀)ရက် ညနေ ၅ နာရီဝန်းကျင် မိုင်းလင်းကျေးရွာအုပ်စု နမ့်ခမ်းကျေးရွာ၊ နားဟိုင်းနွဲ့ကျေးရွာ၊ ကျတော်ကျေးရွာ တို့တွင် လေပြင်းဝင်ရောက်တိုက်ခတ်မှုကြောင့် နေအိမ်တစ်ချို့ နှင့် လယ်ယာများ ပျက်စီးသွားကြောင်း...