ကိုဗစ်-၁၉ ကာလ သျှမ်းပြည်လွှတ်တော် အထူးအစည်းအဝေးခေါ်

ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်သည့် ကာလအတွင်း သျှမ်းပြည် လွှတ်တော် အထူးအစည်းအဝေး ခေါ်ယူကြောင်း သတင်းရရှိသည်။

Photo by သျှမ်းပြည် လွှတ်တော်ရုံး

ထို လွှတ်တော် အထူး စည်းအဝေး ကို မေလ ၁၈ ရက် တွင် သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ သျှမ်းပြည် လွှတ်တော်တွင် ကျင်းပသွားမည် ဖြစ်ကြောင်း သျှမ်းပြည် လွှတ်တော်ရုံး က မေလ ၂ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

သျှမ်းပြည် လွှတ်တော် အထူးအစည်းအဝေး ခေါ်ဆိုခြင်းသည် ၂၀၂၀-၂၀၂၁ ခုနစ်အတွက် ဘတ်ဂျက် အတည်ပြုရန် အတွက် အစည်းအဝေး ခေါ်ဆိုခြင်းဖြစ်သည် ဟု လွှတ်တော်ကိုယ်စားလှယ် အသိုင်းအဝန်း ၏ပြောဆိုချက် အရသိရသည်။

“အခုခေါ်တာလဲ Covid-19 အတွက် နဲ့ ၂၀၂၀ – ၂၀၂၁ ဘတ်ဂျက်တွက် အတည်ပြုဖို့ ဆိုပြီးတော့ ခေါ်တာ။ တခြားမေးခွန်းတွေ အဆိုတွေတော့ မပါဘူး။ ဘတ်ဂျက်အတည်ပြုဖို့ပဲ” ဟု သီပေါမြို့နယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် နန်းစမ်းစမ်းအေး က သျှမ်းသံတော်ဆင့် ကိုပြောသည်။

ထို ကိုဗစ် -၁၉ ကာလ လွှတ်တော် စတင်ချိန်တွင် ကျန်းမာရေးဝန်ကြီးဌာန က ညွှန်ကြားထားသည့်အတိုင်း တဦး နှင့် တဦး ၆ ပေ အကွာ နေထိုင်ရမည်ဖြစ်ပြီး၊ လွှတ်တော်ကိုယ်စားလှယ်များနေထိုင်သည့် ရိပ်သာလည်း ၁ ဦး တည်း သီးသန့် နေထိုင်ရမည် ဖြစ်ကြောင်း လွှတ်တော်အမတ် နန်းစမ်းစမ်းအေး ကပြောသည်။

“ ကျမ တို့အနေနဲ့တော့ ဖြစ်နိုင်ရင် မခေါ်သင့်ဘူး။ လွှတ်တော်က အတည်ပြုပြီးမှပဲ ဆက်လက်လုပ်ရမယ့် လုပ်ငန်းစဉ်တွေလည်း ရှိနေတော့ မဖြစ်မနေ ခေါ်ရတဲ့ ပုံစံမျိုးဖြစ်နေတာပါ“ ဟု နန်းစမ်းစမ်းအေး ကပြောသည်။

ဒုတိယအကြိမ် သျှမ်းပြည်နယ် လွှတ်တော်အထူးအစည်းအဝေး ကို ဘတ်ဂျတ် အတည်ပြုနိုင်ရန်အတွက် ခန့်မှန်းခြေ ၂ ရက် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်တပ်ချုပ်ကိုင် လွှတ်တော်နှင့် မြန်မာ့နိုင်ငံရေး အနာဂတ်

0
စစ်ကော်မရှင်ဘက်မှ အတုအယောင် ရွေးကောက်ပွဲမှတဆင့် တက်လာသည့် ရုပ်ပြအရပ်သား အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ပါက နိုင်ငံတကာ တရားဝင်မှုနှင့် အကူအညီ ထောက်ပံ့မှုများ ရရှိလာပါက တော်လှန်ရေးအတွက် ကြီးမားသည့် ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း စစ်အာဏာရှင်ကို တော်လှန်နေသည့် လူငယ်များက ပြောဆိုလိုက်သည်။

သျှမ်းပြည်လွှတ်တော်တွင် ရေးရာကော်မတီ(၄)ခုဖွဲ့၊ သင်္ကြန်မတိုင်မီ အစိုးရအဖွဲ့သစ် ပေါ်မည်ဟုဆို

0
စစ်ကော်မရှင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် သျှမ်းပြည်နယ်လွှတ်တော်တွင် ဥပဒေပြုရေးဆိုင်ရာကော်မတီ အပါအဝင် ရေးရာကော်မတီ (၄) ခုကို ထပ်မံဖွဲ့စည်းခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၂၆ ရက်) နံနက်ပိုင်းတွင် တောင်ကြီးမြို့ ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး ဒုတိယနေ့၌ ဥပဒေပြုရေးဆိုင်ရာ...

သျှမ်းပြည်လွှတ်တော် ဥက္ကဋ္ဌအဖြစ် USDP ပါတီမှ စိုင်းလုံကျော် ဖြစ်လာ

0
သျှမ်းပြည်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဖယ်ခုံမြို့နယ်တွင် အချိုးကျကိုယ်စားပြုစနစ်ဖြင့် ရွေးကောက်ခံခဲ့ရသည့် စိုင်းလုံကျော်ကို တင်မြှောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၂၀ ရက်) နံနက် ၁၀ နာရီတွင် တောင်ကြီးမြို့ရှိ သျှမ်းပြည်နယ် လွှတ်တော်ရုံး အစည်းအဝေးခန်းမတွင် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော်ကို စတင်ခေါ်ယူ ကျင်းပခဲ့သည်။ အဆိုပါ...

PR စနစ်ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် သျှမ်းပြည်လွှတ်တော်အမတ်စာရင်း UEC ထုတ်ပြန်

0
သျှမ်းပြည် မြို့နယ်(၁၇) ခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်သော်လည်း အချိုးကျကိုယ်စားပြုစနစ် PR ဖြင့် ရွေးကောက်တင်မြှောက်ခံရသည့် ပြည်နယ်လွှတ်တော်အမတ် စာရင်းကို UEC မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၂ ) ရက်စွဲဖြင့် စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ သျှမ်းပြည်နယ်လွှတ်တော်အတွက် နိုင်သူအကုန်ယူစနစ်...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...