Tuesday, January 27, 2026

သံလွင်မြစ်ရေကာတာနှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရမှ တိတ်တဆိတ်အကောင်အထည်ဖော်မည်ကို စိုးရိမ်

တာ့ဆန်း ခေါ်သံလွင်မြစ်အထက်ပိုင်း (မိုင်းတုံ) ရေအားလျှပ်စစ်စီမံကိန်း နှင့်ပတ်သက်၍ ပြည်ထောင်စုအစိုးရမှ တိတ်တဆိတ်အကောင်အထည်ဖော်မည်ကို အရပ်ဖက်အဖွဲ့ အစည်းများ မှစိုးရိမ် နေကြကြောင်းသိရသည် ။

သံလွင်မြစ်ပေါ် ရေကာတာပြုလုပ်ရေးစီမံကိန်းအား ဒေသခံလူထု ဆန့်ကျင်ကန့်ကွက်သည့်လှုပ်ရှားမှုပြု

“ဖေဖော်ဝါရီလတုန်းက Three Gorges တရုတ်ကုမ္ပဏီက နိုင်ငံခြားသားတွေ ကျမတို့ သျှမ်းအရှေ့ကိုရောက် လာတယ်။မိုင်းတုံမှာရှိတဲ့ဝမ်ဆာလားကိုဝင်လာတယ်ဆိုတဲ့သတင်းရတယ်၊ဒေသခံလူထုတွေကလဲစိတ်ပူပြီးကျမတို့ကိုသတင်းပို့တယ်။ကျမတို့အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့စိတ်ပူကြတယ်၊ဒါနဲ့ကျမတို့ဖတ်ရတဲ့စာအရ ပြည်ထောင်စုအစိုးရ ရဲ့ခွင့်ပြုချက်နဲ့သူတို့ဝင် လာ တယ် သျှမ်းပြည်နယ်အစိုးရတောင် မသိရပါဘူး ။ ဒါကြောင့် ကျမတို့လဲ ချက်ချင်းပဲဒီ campaign ကို လုပ်လိုက်ရတာဖြစ်တယ် ” ဟု ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းမှ ဒါရိုက်တာ နန်းဝါနုကပြောသည် ။

သံလွင်မြစ်ပေါ် ရေကာတာပြုလုပ်ရေးစီမံကိန်းအား ဒေသခံလူထု ဆန့်ကျင်ကန့်ကွက်သည့်လှုပ်ရှားမှုပြု

မတ်လ (၂၅) ရက်နေ့က ကွန်ဟိန်း မြို့နယ်၏အစွန်ဆုံးဘက်ခြမ်းရှိ ၊ ၀မ်တာဆိုင်း ကျေးရွာ နမ့်ပန်ချောင်းနှင့် သံလွင်မြစ်ဆုံဆည်းရာ နေရာတွင် ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်း ၊ မိုင်းပန်လူငယ် ဖောင်ဒေးရှင်း ၊ သံလွင်သွေးချင်း အဖွဲ့နှင့် ကွန်ဟိန်းဒေသခံများ လူအင်အား တစ်ရာကျော်ဖြင့် သံလွင်မြစ် အဓွန့်ရှည်တည်တ့ံစေရေး၊ သံလွင်မြစ်ပေါ်ရေကာတာဆောက်လုပ်ခြင်းအားကန့်ကွက်ရေးနှင့်ပတ်သက်သည့် campaign ပြုလုပ် ခဲ့ကြောင်းသိရသည် ။

သံလွင်မြစ်ပေါ် ရေကာတာပြုလုပ်ရေးစီမံကိန်းအား ဒေသခံလူထု ဆန့်ကျင်ကန့်ကွက်သည့်လှုပ်ရှားမှုပြု

အဆိုပါစီမံကိန်းနှင့် ပတ်သက်၍ မူလ သတ်မှတ်ထားသည့် အတိုင်း မီကာဝပ် ရ၀၀၀ မလုပ်ပဲ တော့ ၃၀၀၀ မီကာဝပ် သာထုတ်လုပ်တော့မည့် သတင်းများထွက်ပေါ်နေသော်လည်း ပြည်ထောင်စုအစိုးရမှ ယင်းကိစ္စနှင့် ပတ်သက်၍ တရားဝင်ထုတ်ပြန်ထားခြင်မရှိသေးကြောင်းသိရသည် ။

“ပွင့်လင်းမြင်သာမှု နဲ့ တာဝန်ယူမှုတာဝန်ခံမှု လို့ပြောနေ တဲ့အချိန်အပေါ်မှာ မူဝါဒရေဒရာအရသာ အကောင် အထည်ဖော် နေပေမဲ့ အောက်ခြေဘက်မှာက တကယ်ထိရောက်မှု မရှိသေးဘူး ။ ဒီမိုကရေစီလို့ပြောပြီး သွားနေတဲ့အချိန်မှာ ဒီအစိုးရက အမှန်တကယ်ပဲ ဒေသခံတွေရဲ့ပြောရေးဆိုခွင့်တွေကို ထည့်သွင်းစဉ်းစားရဲ့ လား၊ မစဉ်းစားပေးဘူးလား ဆိုတာအဖြေပေါ်သွားပါလိမ့်မယ် ။ ကျနော်တို့က ဆက်လက်စောင့်ကြည့်ပါမယ် ၊ သူတို့ကအမှန်တကယ်ပဲ တာဝန်ယူမှု တာဝန်ခံမှု ရှိပြီး ဒီဒေသခံတွေရဲ့ အသံကို နားထောင်လား ၊ နားမထောင်ဘူးလား ဆိုတာကို စောင့်ကြည့်မှာပါ ” မိုင်းပန် လူငယ်ဖောင်ဒေးရှင်းမန်နေဂျာ ကိုအေပရယ် ဂျူးဂျူးကပြောသည် ။

သံလွင်မြစ်ပေါ် ရေကာတာပြုလုပ်ရေးစီမံကိန်းအား ဒေသခံလူထု ဆန့်ကျင်ကန့်ကွက်သည့်လှုပ်ရှားမှုပြု

မိုင်းတုံ စီမံကိန်းသည် ကွန်ဟိန်းမြို့နယ်အပါအဝင် (၁၆) မြို့နယ်သည် ရေဝပ်ဧရိယာ (၂၆၂) စတုရန်း မိုင်ထဲပါရှိနေကြောင်း သိရသည် ။

သျှမ်းပြည်နယ်အတွင်းသံလွင်မြစ်ပေါ်တွင်တည်ဆောက်ရန်ရည်ရွယ်ထားသည့် စီမံကိန်းများမှာကွန်လုံ ရေကာတာ ၊သံလွင် မြစ်လက်တက်ပေါ်ရှိ နောင်ဖာနှင့် မန်တောင်း ရေကာတာများမှာ ကွန်လုံ နှင့် တန့်ယန်းဒေသတို့တွင်တည်ရှိပြီးယင်းနေရာများ၌ တိုင်းရင်းသားလက်နက် ကိုင်များ ၏နယ်မြေအနီး တွင်တည်ရှိနေပြီး ကရင် ၊ သျှမ်း၊ မွန် စသည့် ဒေသခံများနှင့်အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ (တာ့ဆန်း)ခေါ်သံလွင်မြစ်အထက်ပိုင်း (မိုင်းတုံ)ရေအား လျှပ်စစ်စီမံကိန်း နှင့်ပတ်သက်၍ ယနေ့တိုင် စိုးရိမ်ထိတ်လန့် နေကြကြောင်း သိရှိရပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ပဋိပက္ခတွေကြား သူတို့ကိုယ်သူတို့ ရပ်တည်နိုင်အောင် တစိတ်တပိုင်း ထောက်ပံ့နိုင်ခဲ့တယ်”

0
အပြည်ပြည်ဆိုင်ရာ ဌာနေတိုင်းရင်းသားများနေ့ အထိမ်းအမှတ်အဖြစ် ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းအဖွဲ့မှ ဦးဆောင်ကာ ကွန်ဟိန်းနှင့် နမ့်စန်မြို့နယ်များမှ တန်ဖိုးမြှင့် ဒေသထွက်ကုန်များကို တောင်ကြီးမြို့ရှိ VX Tea House တွင် ဩဂုတ်လ (၁၄) ရက်နေ့က ခင်းကျင်းပြသခဲ့သည်။ အဆိုပါ “ဒေသထွက်ကုန် တန်ဖိုးမြှင့်တင်ခြင်းနှင့် ကုန်ပစ္စည်းပြပွဲ”တွင် ကျွန်းတစ်ထောင်မြေ ဖောင်ဒေးရှင်းအဖွဲ့မှ...

သျှမ်းပြည်ရေအားလျှပ်စစ် စီမံကိန်းသစ်များရပ်တန်ရန်တောင်းဆို

0
သျှမ်းပြည်အတွင်း ရေအားလျှပ်စစ် တည်ဆောက်ရန် စီမံကိန်းသစ် (၂၀) လျာထားပြီး စီမံကိန်းသစ်များ ရပ်တန့်ရန် သျှမ်းပြည်လူထုက တောင်းဆိုလိုက်သည်။ မတ် ၁၄ ရက်နေ့ မြစ်ချောင်းများအခွင့်အရေးအတွက် နိုင်ငံတကာ လှုပ်ရှားမှုနေ့အတွက် ရေကာတာတည်ဆောက်သူများအနေဖြင့် စစ်အစိုးရ နှင့် ပူးပေါင်းဆောင်ရွက်မှုများကို ရပ်တန့်ပြီး သျှမ်းပြည်မှ ထွက်ခွာပေးရန် ရှမ်းပြည် မြစ်ချောင်းများအတွက်...

သျှမ်းပြည်စွမ်းအင်မူဝါဒဆိုင်ရာ ဆွေးနွေးပွဲရလာဒ်အား အစိုးရထံ အိတ်ဖွင့်ပေးစာပေးပို့

သျှမ်းပြည်စွမ်းအင်မူဝါဒဆိုင်ရာ ဆွေးနွေးပွဲမှ ရရှိသည့် ရလာဒ်အား ပြည်ထောင်စု မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် သျှမ်းပြည်နယ်အစိုးရအဖွဲ့သို့ အိတ်ဖွင့်ပေးစာပေးပို့ မည်ဖြစ်ကြောင်းအဆိုပါပွဲကို ဦးဆောင်ကျင်းပသည့် အဖွဲ့ဝင် ကျွန်းတစ်ထောင် မြေဖောင်ဒေရှင်း မှ နန်းဝါနုကပြောသည် ။ “ မြန်မာနိုင်ငံစွမ်းအင်မူဝါဒတွေရှိတယ် ၊ ဒါပေမဲ့ ကျမတို့သျှမ်းပြည်မှာ သျှမ်းပြည် စွမ်းအင် မူဝါဒဆိုတာလဲ...

အစိုးရအဖွဲ့နှင့် သျှမ်းတောင် ၄ မြို့မှ တောင်သူများ ပထမဆုံးအကြိမ် မြေယာကိစ္စဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

သျှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်း ၊မိုင်းပန် ၊လင်းခေး ၊ မိုးနဲ စသည့် (၄) မြို့နယ်မှ တောင်သူများ နှင့် အစိုးရအဖွဲ့ ၊ကိုယ်စားလှယ်များ ၊ဌာနဆိုင်ရာများ ပထမအကြိမ် မြေယာဆိုင်ရာ ကိစ္စဆွေးနွေးပွဲ ကို တောင်ကြီးမြို့ ၊ သျှမ်း ပြည်နယ်အစိုးရရုံးရှိ အထွေထွေအုပ်ချုပ်ရေးခန်းမတွင် ကျင်းပခဲ့ပါသည်...