Tuesday, January 27, 2026

အစိုးရအဖွဲ့နှင့် သျှမ်းတောင် ၄ မြို့မှ တောင်သူများ ပထမဆုံးအကြိမ် မြေယာကိစ္စဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

သျှမ်းပြည်နယ်တောင်ပိုင်း ကွန်ဟိန်း ၊မိုင်းပန် ၊လင်းခေး ၊ မိုးနဲ စသည့် (၄) မြို့နယ်မှ တောင်သူများ နှင့် အစိုးရအဖွဲ့ ၊ကိုယ်စားလှယ်များ ၊ဌာနဆိုင်ရာများ ပထမအကြိမ် မြေယာဆိုင်ရာ ကိစ္စဆွေးနွေးပွဲ ကို တောင်ကြီးမြို့ ၊ သျှမ်း ပြည်နယ်အစိုးရရုံးရှိ အထွေထွေအုပ်ချုပ်ရေးခန်းမတွင် ကျင်းပခဲ့ပါသည် ။

Photo by SHAN/ အစိုးရအဖွဲ့နှင့် သျှမ်းတောင် ၄ မြို့မှ တောင်သူများ ပထမဆုံးအကြိမ် မြေယာကိစ္စဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

ဒီဇင်ဘာ ၁၉ ရက်နေ့ကကျင်းပသောအဆိုပါဆွေးနွေးပွဲတွင် တောင်သူကိုယ်စားလှယ်များနှင့် အစိုးရအဖွဲ့ဝင် ဌာနဆိုင်ရာများကြားအချင်းချင်း နားလည်မှုနည်းပါးခြင်းအား လျော့ချနိုင်ရန်နှင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့ အခက် အခဲများကို ဆွေးနွေးအဖြေရှာကြရန်အဓိကရည်ရွယ်ပြီး တောင်သူများလိုအပ်သည့် ဥပဒေ လုပ်ထုံး လုပ်နည်း များအား သက်ဆိုင်ရာဌာနများမှ မျှဝေပေးနိုင်ရန်၊ တောင်သူလယ်သမား အချင်းချင်း ကွန်ရက်ချိတ်ဆက်မှုအား ကောင်းလာရန် ရည်ရွယ် ကြောင်း အဆိုပါ ဆွေးနွေးပွဲကို ဦးဆောင်ကျင်းပသူ (ကျွန်းတစ်ထောင် မြေဖောင်ဒေးရှင်း) မှ ဒါရိုက်တာ နန်းဝါနုက ပြောသည် ။

Photo by SHAN/ အစိုးရအဖွဲ့နှင့် သျှမ်းတောင် ၄ မြို့မှ တောင်သူများ ပထမဆုံးအကြိမ် မြေယာကိစ္စဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

“ သေချာတာက ဒီပွဲကနေ ချက်ချင်း နှစ်ဦးနှစ်ဖက်လုံးကျေနပ်တဲ့ အဖြေထွက်ဖို့ မမျှော် မှန်းထားပါဘူး၊ နှစ်ဦးနှစ်ဖက် လုံးရဲ့ အခက်အခဲအားနည်းချက် အားသာချက်တွေကိုနားလည်ပြီး အပြုသဘောဆောင်တဲ့ ပူးပေါင်းမှုကနေတစ်ဆင့် ပြည်သူတွေကို အကျိုးပြုနိုင်ဖို့ရည်ရွယ်ပါတယ် ” ၄င်းကဆက်လက်ပြောသည် ။

Photo by SHAN/ အစိုးရအဖွဲ့နှင့် သျှမ်းတောင် ၄ မြို့မှ တောင်သူများ ပထမဆုံးအကြိမ် မြေယာကိစ္စဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

သျှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းလုံးကျော်မှ လည်း “ ဒီလိုပွဲဟာ သျှမ်းပြည်နယ်မှာ ပထမဆုံး အကြိမ်ပြုလုပ်တဲ့ ပွဲဖြစ်ပါတယ်။အစိုးရ အဖွဲ့ စည်းတွေအနေနဲ့ဒေသမှာရှိတဲ့ တောင်သူတွေ ကို ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့ အညီ လုပ်ဆောင် ပေးသွားမှာ ဖြစ်ပါတယ် ။ တစ်ချို့ကိစ္စရပ် တွေကလည်း ဖြေရှင်းလို့ ရလျှင် လည်း ဖြေရှင်းပေးမယ်။ တစ်ချို့ကိစ္စတွေက ဌာနဆိုင်ရာများမှာ က သတ်မှတ် ထားတာ တွေ ရှိတာကြောင့် ဘောင်ကျော်ပြီး လုပ်ဆောင်လို့ မရသည်များ ရှိသည်ကိုလည်း နားလည်ပေးစေချင်ပါတယ် ” ဟု ပြောကြားခဲ့သည် ။

Photo by SHAN/ အစိုးရအဖွဲ့နှင့် သျှမ်းတောင် ၄ မြို့မှ တောင်သူများ ပထမဆုံးအကြိမ် မြေယာကိစ္စဆိုင်ရာ ဆွေးနွေးပွဲကျင်းပ

တက်ရောက်လာသည့် (၄) မြို့နယ်မှ တောင်သူများ၏တူ ညီသည့် ပြဿနာများမှာ လယ်ယာမြေ ၊မြို့ရွာများ ၊သစ်တောကြိုးဝိုင်း တွင်း ပါ၀င်နေခြင်း ၊ တပ်မတော်သိမ်း ဆည်းမြေများ ၊ ပုံစံ(၇) ရရှိရန်ခက်ခဲနေခြင်း ၊ တောင်သူလယ်သမားများ၏ လယ်ယာ ထွက်ကုန် သီးနှံစျေးကွက်များမရှိခြင်း ၊လမ်းပန်းဆက်သွယ်ရေး အခက်အခဲကြောင့် လယ်ယာထွက်ကုန်များ စျေးကောင်း မရရှိခြင်းများ ဖြစ်ပါသည်။ ထို့အပြင် သိမ်းဆည်းခံ လယ်ယာများ အတွက်လည်း လျော်ကြေး နစ်နာကြေးများကိုလည်း ပြန်လည်ရယူလို ကြောင်း ကွန်ဟိန်းမြို့ မှ နန်းမြလေး ကတောင်သူများကိုယ်စား ရှင်းလင်း ပြောကြား သည် ။

အဆိုပါတွေ့ဆုံတွေ့ဆုံပွဲကို (၄) မြို့နယ်မှ ဌာနဆိုင်ရာများ ၊ တောင်သူများနှင့် အစိုးရ အဖွဲ့ အဝင်များ (၅၀) ဦးဝန်းကျင်ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည် ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူမြို့နယ် ဆီပြတ်လပ် တောင်ယာသို့ လမ်းလျှောက်သွားနေရ

0
သျှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့ နယ်အတွင်း ဓာတ်ဆီအဆမတန်မြင့်တက်ပြီး ဓာတ်ဆီဆိုင်များ ပိတ်လိုက်ရသဖြင့် တောင်ယာ လုပ်ကိုင်သည့်ဒေသခံများ လမ်းလျှောက်သွားနေရသည်ဟု စုံစမ်းသိရှိရသည်။ နမ္မတူအထွက်ဆိုင်းဘုတ် ပြီးခဲ့သည့် ဇွန် ၃ ရက်တွင် နမ္မတူမြို့နယ်မှာ ဓာတ်ဆီအဆမတန် မြင့်တက်လာသဖြင့် ဝယ်ယူရန် အခက်အခဲကြုံ တွေ့ရသည့်အတွက် ပြည်သူများတောင်ယာသို့ လမ်းလျှောက်သွားလာနေကြရကြောင်း နမ္မတူဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်...

ရှေ့ရေးမှုန်ဝါးတဲ့ ပြာမှုန်ကြားက တီကျစ်ယာသမားဘဝ

0
“တောင်သူတွေက လျှာပေါ် မြက်ပေါက်အောင် လုပ်နေလဲ မစားရဘူးလေ၊ ဘယ်သူမှ လာပြီး ဖြေရှင်းပေးတာ လည်းမရှိဘူး၊ မျှမျှတတလေးတော့ ဖြစ်စေချင်တယ်” ဆိုပြီး တီကျစ်ရွာခံ ကိုအောင် က ပြောပြပါတယ်။   စိုက်ပျိုးရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းပြုနေရတဲ့ သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ် တီကျစ် ကျေးရွာအုပ်စုမှာ ကျောက်မီးသွေး...

နမ္မတူ လိမ္မော်သီးစိုက်တောင်သူများ ဈေးကွက်မရှိမှာ စိုးရိမ်နေ

0
သျှမ်းမြောက် နမ္မတူမြို့နယ်အတွင်းရှိ ကိုဗစ်နှင့် လက်နက်ကိုင် တိုက်ပွဲများကြောင့် လိမ္မော်သီးစိုက်တောင်သူများသည် တင်ပို့ ရောင်ချခွင့် အတွက် စိုးရိမ်နေကြကြောင်း သတင်းရရှိသည်။ နမ္မတူမြို့နယ်တွင် ကိုဗစ်နှင့် တိုင်းရင်းသားလက်နက်ကိုင်ကြားတိုက်ပွဲများဖြစ်ပွားကာ လမ်းကြောပိတ်ဆို့နေသဖြင့် မကြာမီ လိမ္မော်သီးရာသီရောက်ပါက သီးနှံရောင်းချရန် ခက်ခဲမည်ကို စိုးရိမ်နေကြောင်း လိမ္မော်ခြံပိုင်ရှင်များက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အသီးရောင်းရဖို့က မလွယ်ဘူး၊ ရောဂါတွေကြောင့်လည်းပါတယ်၊...

တောင်သူများ လယ်ယာသီးနှံ ရောင်းမထွက် စွန့်ပစ်နေရ

0
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ဒဏ်နှင့် စစ်အာဏာသိမ်း ဒဏ်ကြား သျှမ်းတောင်သူများ၏ လယ်ယာစိုက်ပျိုးသီးနှံသည် ရောင်းမထွက်သဖြင့် သီးနှံများ စွန့်ပစ်နေရကြောင်း စုံစမ်းသိရသည်။ ယခုနှစ်ကာလအတွင်း ကိုဗစ်-၁၉ တတိယလှိုင်း ဒဏ် နှင့် စစ်အာဏာသိမ်းဒဏ်ကြောင့် ကုန်စည်စီဆင်းမှုရပ်တန့်သွား သဖြင့် လယ်ယာစိုက်ပျိုးရေး သီးနှံများလည်း ကုန်စျေးနှုန်း အရှိန်ဟုန်ထိုးကျဆင်းကာ ရောင်းမထွက်ကြောင်း၊ စွန့်ပစ်နေရကြောင်း...

သျှမ်းပြည်စွမ်းအင်မူဝါဒဆိုင်ရာ ဆွေးနွေးပွဲရလာဒ်အား အစိုးရထံ အိတ်ဖွင့်ပေးစာပေးပို့

သျှမ်းပြည်စွမ်းအင်မူဝါဒဆိုင်ရာ ဆွေးနွေးပွဲမှ ရရှိသည့် ရလာဒ်အား ပြည်ထောင်စု မြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် သျှမ်းပြည်နယ်အစိုးရအဖွဲ့သို့ အိတ်ဖွင့်ပေးစာပေးပို့ မည်ဖြစ်ကြောင်းအဆိုပါပွဲကို ဦးဆောင်ကျင်းပသည့် အဖွဲ့ဝင် ကျွန်းတစ်ထောင် မြေဖောင်ဒေရှင်း မှ နန်းဝါနုကပြောသည် ။ “ မြန်မာနိုင်ငံစွမ်းအင်မူဝါဒတွေရှိတယ် ၊ ဒါပေမဲ့ ကျမတို့သျှမ်းပြည်မှာ သျှမ်းပြည် စွမ်းအင် မူဝါဒဆိုတာလဲ...