တောင်ကြီး သံသယစောင့်ကြည့်လူနာ တဦးသေဆုံး

သျှမ်းပြည်တောင်ပိုင်း တောင်ကြီး စဝ်စံထွန်း ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် Covid-19 သံသယလူနာ အမျိုးသမီး တစ်ဦး သေဆုံးသွားကြောင်း သတင်းရရှိသည်။

 

Photo by NRC

အဆိုပါ စောင့်ကြည့်လူနာသည် ယမန်နေ့ (ဧပြီ ၂၈) ရက်မနက်ပိုင်းက စဝ်စံထွန်းဆေးရုံတွင် ဆေးကုသခံယူနေဆဲလူနာဖြစ်ပြီး၊ ထိုလူနာ၏ ဓာတ်ခွဲခန်းကို ရန်ကုန်အမျိုးသား ဓာတ်ခွဲခန်းသို့ပို့ဆောင်နေစဉ် သေဆုံးသွားကြောင်း ပြည်နယ် အထူးရောဂါ နိမ်နင်းရေး ဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာ နှင်းအိဖြူ က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

သေဆုံးသွားသည် စောင့်ကြည့်သူသည် သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်(အင်တော) က အသက် ၅၀ အမျိုးသမီး ဖြစ်ပြီး၊ ဧပြီ ၂၃ ရက်နေ့က စဝ်စံထွန်းဆေးရုံ မှာ Covid-19 စောင့်ကြည့်လူနာ အဖြစ် တက်ရောက် ဆေးကုသမှု ခံယူခဲ့ကြောင်း ဒေါက်တာနှင်းအိဖြူ က ပြောသည်။

“ပြင်းထန် အဆုတ်ရောင် လက္ခဏာ နဲ့ ဆေးရုံတက်နေတာ။ သံသယ လူနာ အနေနဲ့ ကုထားတာ။ သူ့ရဲ့ ဓါတ်ခွဲနမူနာကိုတော့ ၂၇ ရက်နေ့က NHL ကိုတော့ ပို့ထားတယ်။ ဓါတ်ခွဲ အဖြေတော့ မရသေးဘူး” ဟု ဒေါက်တာနှင်းအိဖြူ က ဆိုသည်။

၎င်း အမျိုးသမီးသည် ရောဂါပိုး ရှိသူနှင့် ထိတွေ့မှု မရှိ၊ နိုင်ငံခြား ခရီးသွား ရာဇဝင်မရှိ။ သို့သော်သားဖြစ်သူမှာ မတ်လ ၁၅ ရက်နေ့က ထိုင်းနိုင်ငံမှ ပြန်လာသူ ဖြစ်ကြောင်း သိရသည်။

“သူ့ ဓါတ်ခွဲအဖြေ မထွက်သေးတော့ Covid-19 ပိုးရှိသူလို့တော့ ပြောလို့မရသေးဘူး။ ဓါတ်ခွဲ အဖြေက ၃ ရက်လောက်ထပ် စောင့်ရမယ်။ သူက နိုင်ငံခြားသွားထားတဲ့ ရာဇဝင် တော့မရှိဘူး” ဟု ဒေါက်တာနှင်းအိဖြူ ကပြောသည်။

မြန်မာနိုင်ငံ တွင် Covid-19 ရောဂါပိုးတွေ့ရှိသူ ၁၅၀ ဦး ရှိပြီး သေဆုံးသူ ၅ ဦး နှင့်ရောဂါမှ ပြန်လည်သက်သာလာသူ ၁၆ ဦး ရှိကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန ကထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...

တောင်ကြီးတွင် အချင်းချင်း စကားများရန် ဖြစ်ရာမှ ဓားဖြင့် ထိုးသတ် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၉)ရက်နေ့တွင် စိန်ပန်းရပ်ကွက် နှင်းဆီလမ်းထိပ် အရက်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထက်ပိုင်မှူး တို့ စကားများရန်ဖြစ်ကြပြီး ဓားဖြင့်ထိုးမှုကြောင့် ကိုထက်ပိုင်မှူး...