Wednesday, January 28, 2026

တောင်ကြီးလူနာအမှတ် ၁၂၁ နှင့်ထိတွေ့သူ အားလုံး ပိုးမတွေ့

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ စဝ်စံထွန်း ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည့် ကိုဗစ်လူနာ အမှတ် (၁၂၁) နှင့် ထိတွေ့ ဆက်စပ်သူ အားလုံး ပိုးမတွေ့ရကြောင်း သိရသည်။

Photo by NRC

 

လူနာအမှတ် ၁၂၁ နှင့် ဆက်စပ်သူ မိသားစု အပါအဝင် သူငယ်ချင်းများ၊ သွားဆရာဝန် နှင့် လေယာဉ်ပေါ်က ခရီးသည် စုစုပေါင်း ၅၄ ဦး စလုံးသည် Covid-19 ရောဂါ ပိုးကင်းစင်သူ ဖြစ်ကြောင်း သိရသည်။

“လူနာ အမှတ် ၁၂၁ နဲ့ ထိတွေ့တဲ့သူ အကုန်လုံး ဆရာမ တို့ဘက်က close contact အနေနဲ့ စစ်ထားတာ ၅၄ ယောက်လုံး ရဲ့ အဖြေက Negative ဖြစ်တယ်။ အားလုံး ပိုးကင်းစင် သွားပြီ” ပြည်နယ်အထူးရောဂါ နှိမ်နင်းရေးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူ ကသျှမ်းသံတော်ဆင့် ကိုပြောသည်။

လူနာအမှတ် ၁၂၁ နှင့်ထိတွေ့သူ အားလုံး Negative ဖြစ်သဖြင့် Secondary Contact များကို စစ်ဆေးရန် မလိုအပ်တော့ကြောင်း ဒေါက်တာ နှင်းအိဖြူ ကပြောသည်။

“Secondary Contact တွေက စစ်စရာ မလိုတော့ဘူး။ Primary Contact တွေထဲက Close Contact ဖြစ်တဲ့သူ ထိတွေ့မှု များတဲ့သူတွေ ဆရာမ တို့က second sample ပေါ့နော် ဒုတိယအကြိမ် ဓါတ်ခွဲနမူနာ ယူဖို့ ရှိတယ်“ ဟု ဒေါက်တာနှင်းအိဖြူ ကဆိုသည်။

လူနာ အမှတ် ၁၂၁ သည် မတ်လ ၂၂ ရက်နေ့က အင်္ဂလန် နိုင်ငံမှ ပြန်လာသူ ဖြစ်ပြီး ရန်ကုန် Airport Hotel တွင် Quarantine ဝင်ခဲ့သည်။ ထိုကာလ အတွင်း အနံ့အရသာ ပျောက်နေသည့် အကြောင်းကို ကျန်းမာရေး ဝန်ထမ်းများကို ပြောပြခဲ့သည်။

သို့သော် ထိုအချိန်တွင် အံသွားပေါက်နေသည့် အတွက်ကြောင့် Covid-19 ဖြစ်မှန်း မထင်ဘဲ Quarantine ရက်ပြည့်သည့် ဧပြီ ၅ ရက်နေ့တွင် ပြန်လာခဲ့သည်။

ထို့ပြင် ဧပြီ ၁၉ ရက်ထိ လူနာ အမှတ် ၁၂၁ သည် အနံ့အရသာ မရသဖြင့် တောင်ကြီးဆေးရုံကို သွားပြခဲ့ပြီး သံသယလူနာအဖြစ် သတ်မှတ်ခဲ့ရာ ဧပြီ ၂၁ ရက် ညတွင် ဆေးစစ်ချက် အဖြေ positive အဖြေထွက်ခဲ့သည်။
ထို့ကြောင့် လူနာအမှတ် ၁၂၁ နှင့် ထိတွေ့ဆက်စပ်ခဲ့သူ စုစုပေါင်း ၅၄ ဦးရှိပြီး ထပ်ဆင့် ထိတွေ့ သူများလည်း ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ပိုးတွေ့လူနာ ၁၄၉  ဦး ရှိပြီး သေဆုံးသူ ၅ ဦးရှိကာ ပြန်လည်ကောင်းမွန်လာသူ ၁၆ ဦးရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...