Wednesday, January 28, 2026

မူဆယ်မြို့ ပန်းဆေး ပြည်သူ့စစ်ပိုင် အဆောက်အဦး တိုက်ခိုက်ခံရ

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့တွင် ယမန်နေ့ ည ၇နာရီခွဲက စွမ်စော်ရပ်ကွက် ရှိ ပန်းဆေး ပြည်သူ့စစ်ပိုင် အဆောက်အဦး တိုက်ခိုက်ခံရကြောင်း သတင်းရရှိသည်။

Photo by မူဆယ် ဒေသခံတဦး

ဖြစ်စဉ်မှာ ယမန်နေ့ (ဧပြီ ၂၃) ည ၇နာရီခွဲ ဝန်းကျင်က စွမ်စော်ရပ်ကွက်ရှိ ပန်းဆေး ပြည်သူ့စစ်ပိုင် အဆောက်အဦးထဲသို့ အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ရောက် လာကာ ပစ်ခတ်သွားကြောင် း၊ပြည်သူ့စစ် အဆောက်အဦး ဝင်းထဲ သို့ ဗုံးသီးဟုယူဆရသည့် လက်နက် ၅လုံး ကျကြောင်း မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရိန် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

“ လူထိခိုက်မှုကတော့မရှိဘူး။ ဒါပေမယ့် ပန်းဆေးပြည်သူ့စစ်ဝင်း ထဲမှာ ၅ လုံးကျသွားတယ်။ ဗုံးလို့ ယူဆရတယ်။အခု သက်ဆိုင်တဲ့ တပ်နဲ့ရဲကတော့ သွားရှင်းနေပါပြီ” ဟု ဦးသူရိန်က ပြောသည်။

လက်ရှိ အချိန်ထိ မည်သည့်အဖွဲ့က လာရောက် ပစ်သည်ကို သက်ဆိုင်ရာမှ စုံစမ်းနေဆဲ ဖြစ်ကြောင်း လည်း ဦးသူရိန်က ဆိုသည်။

အဆိုပါလက်နက်ကိုင်အဖွဲ့သည် ပန်းဆေး ပြည်သူ့စစ်ဝင်းအတွင်း ကားဖြင့် ရောက်လာပြီး ပစ်ခဲ့ကြောင်း ထိုပစ်မှုကြာင့်တရုတ်ပြည် တွင်းသို့ ကျည် တလုံးကျခဲ့ကြောင်း မူဆယ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းကျော်သိန်း ကသျှမ်းသံတော်ဆင့် ကို ပြောသည်။

“ မနေ့က ကားနဲ့လာပြီး ပစ်သွားတာ။ အရပ်ဝတ်နဲ့လာတယ်။ ဘယ်သူဆိုတာတော့မသိသေးဘူး။ တရုတ်ပြည် ကျယ်ဂေါင် ဘက်က တရုတ်စာသင်ကျောင်းဘက်ကိုတော့ ကျည်တလုံး ကျတယ်” ဟု စိုင်းကျော်သိန်း က ဆိုသည်။

လက်ရှိ အချိန်သည် COVID-19ကာလ အချိန်ဖြစ်သဖြင့် ပြည်သူများလည်း အိမ်ပြင် သိပ်မထွက်ကြသဖြင့် လူထိခိုက်မှု မရှိကြောင်း၊ တဖက်တွင်လည်း အဆိုပါ ပန်းဆေးပြည်သူ့စစ် အဆောက်အဦးအနီးသို့ အပြင်လူ သွားလာရန် ခက်ခဲသည့် နေရာဖြစ်ကြောင်း လည်း စိုင်းကျော်သိန်း က ထပ်လောင်း ပြောသည်။

“ အဲ့နေရာက ကျနော်တို့ ဝင်ဖို့ ခက်တဲ့နေရာပါ။ လူထိခိုက်မှုတော့မရှိဘူး။ ဒါပေမယ့် အဆောက်အဦးထဲမှာ ဘာတွေရှိလဲဆိုတာ ကျနော်တို့ဝင်ခွင့်မရတော့ သေချာမသိဘူး” ဟု စိုင်းကျော်သိန်းက ပန်းဆေးပြည်သူ့စစ်ပိုင် အဆောက်အဦး အခြေအနေ ကို ပြောပြသည်။

ဧပြီ ၁၂ရက် ည ၁၀နာရီ ခွဲကျော်တွင် မူဆယ်မြို့ ဆက်သွယ်ရေးရုံး ရှိ MPTရှေ့တွင် လက်လုပ်မိုင်း ၂လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးကြောင်းသိရသည်။

“ မူဆယ်က ဖြစ်နေကျဆိုတော့ ပြည်သူတွေအနေနဲ့ စိုးရိမ်လွန်တာ လည်း ဘာမှ မထူးဘူးဆိုတဲ့အနေအထားဖြစ်နေတယ်။ လက်ရှိမှာ ကိုဗစ်-၁၉ ကာလလည်း ဖြစ်တော့ အဆင်ပြေအောင်နေထိုင်နေရတဲ့အချိန်လည်းဖြစ်ပါတယ်” ဟု စိုင်းကျော်သိန်းက ဆိုသည်။

မူဆယ်မြို့တွင် များသောအားဖြင့် အစိုးရ အဆောက်အဦးများ၊ ပြည်သူ့စစ်ပိုင်း အဆောက်အဦးများကို သာ မိုင်းခွဲခံရကြောင်း၊ ရပ်ကွက် လူနေအိမ်တွင် မိုင်းပေါက်ကွဲမှု တကြိမ်တခါမျှမရှိကြောင်းလည်း မူဆယ်ဒေသခံများက ပြောသည်။

“ မိုင်းတွေ ပေါက်ကွဲတာဖြစ်ရင် ရပ်ကွက်နေအိမ်မဖြစ်ဖူူးဘူး။ အဓိက အစိုးရ အဆောက်အဦးတွေ ပြည်သူ့စစ်တွေ နေတဲ့နေရာပဲ။ ဒါကြောင့် သူတို့အချင်းချင်းကြားမှာဖြစ်တဲ့ကိစ္စပဲလို့ထင်တယ်” ဟု မူဆယ်ဒေသခံ စိုင်းမောင် က ဆိုသည်။

ထိုပေါက်ကွဲမှုများဖြစ်ပြီးသည့်နောက် တပ်နှင့် ရဲဘက်မှလည်း မူဆယ်မြို့ လုံခြုံရေး အင်အား ထပ်မံတိုးမြှင့်ထားကြောင်း သက်ဆိုင်ရာမှ ပြောပြသည်။

“ အခု ပစ်ခံရတဲ့ ပန်းဆေး အဆောက်အဦးက ပန်ခမ်းတံတား နားမှာရှိတယ်။ ပန်ခမ်းတံတား မှာကလည်း တပ်ရောရဲရော လုံခြုံရေးချတာရှိတယ်။ လှည့်ကင်းတွေလည်း အမြဲသွားနေတာရှိတယ်။ ဒါပေမယ့် အခုတော့ လုံခြုံရေး တိုးမြှင့်ထားရတယ်” ဟု မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရိန် က ဆိုသည်။

ယခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းတွင် အစိုးရ တပ်မတော်မှ မူဆယ်မြို့ နယ် အတွင်း လှုပ်ရှားနေသည့် ပြည်သူ့စစ်များကို ခေါ်ယူ ကာ တပ်မတော်မှ ချမှတ်ထားပေးသည့် နေရာသို့ ပြန်သွားကြရန် နှင့် မြို့မ ပြည်သူ့စစ်မှ လွဲပြီး ကျန်ပြည်သူ့စစ်များ တပ်ပြည်ပသို့ လက်နက်ခဲယမ်း ကိုင်ဆောင်သွားလာခြင်း မပြုရန် ပြောကြားခဲ့သည်။

ထို့ပြင် မူဆယ်မြို့တွင် ဖွင့်လှစ်ထားသည့် တရားမဝင် ဂိမ်းဆိုင်များ၊ လောင်းကစားရုံများလည်း ပိတ်ရန် ပြောဆိုခဲ့သေးသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...

မူဆယ်မြို့ အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့ပေါ်တွင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် မူဆယ်မြို့  ဟိုမွန်ရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးကို အမည်မသိ လက်နက်ကိုင်မှသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အဲ့အမျိုးသမီးတွေက crown ကားအဖြူနဲ့ ရဲစခန်းဘက်ကနေလာကြတာ။ အမျိုးသမီးနှစ်ယောက် သေသွားတာ။ဘယ်ကနေ လာပြီးပစ်သွားလဲဆိုတာသေချာမသိရဘူး အသံကြားတာနဲ့ သေနေပြီ။ပစ်သွားတာလူက ဘာနဲ့လာလဲ သေချာမမြင်လိုက်ဘူး” ဟု မူဆယ်မြို့ အသက် ၄၀ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသမီးနှစ်တစ်ဦးသည် အသက် (၄၀) ဝန်းကျင် မုန်းဝန်းတရုတ်လူမျိုးဖြစ်ပြီး၊ ၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် လုပ်ပေးသည့် ပွဲစားဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှု၊ ပြန်ပေးဆွဲမှု မကြာခဏဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။