လူနာ အမှတ် ၁၂၁၊ ရှုပ်ထွေးလှတဲ့ ထိတွေ့မှု

ကိုဗစ် လူနာ အမှတ် (၁၂၁) နဲ့ ထိတွေ့ခဲ့တဲ့ လူတွေ ဟာ အလွန်များပြားပြီး လက်ရှိမှာ သက်ဆိုင်ရာက ရှုပ်ထွေးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Photo by NRC

ဧပြီ ၂၁ရက် ည ၈နာရီ တွင် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ကိုဗစ် လူနာ ၂ဦးတိုးကြောင်းထုတ်ပြန်ကြေညာခဲ့ပြီး အဲဒီအထဲမှာ တောင်ကြီးက ကိုဗစ်လူနာ အမှတ် ၁၂၁ တဦးပါလာပါတယ်။

သူကတော့ မတ် ၂၂ရက်နေ့က အင်္ဂလန်ကနေ ရန်ကုန်မြို့ ကိုပြန်ရောက်လာပြီး Yangon Airport Hotel တွင် Quarantine ခံယူခဲ့သူတဦးပါ။

ရန်ကုန် Quarantine ဝင်ချိန်ကတည်းက ခံတွင်း အရသာနဲ့ အနံ့ မရရှိခဲ့ဘူးလို့ သိပါတယ်။

ထို့ပြင် quarantine ပြည့်ပြီး ဧပြီ ၅ ရက်နေ့က ရန်ကုန် မှ ဟဲဟိုး ကို Golden Myanmar Airline ဖြင့် ခရီးသည် ၂၈ နဲ့ အတူ လိုက်ပါခဲ့ပါတယ်။

ယမန်နေ့ တွင် သက်ဆိုင်ရာ စာရင်းအရ လူနာအမှတ်(၁၂၁) ထိတွေ့ခဲ့သူဟာ ၁၂ဦးသာ ရှိကြောင်းသိရပြီး လက်တွေ့မှာတော့ ၅၀ ကျော်ရှိနေပါတယ်။

ဒါ့အပြင် Second contant ထိတွေ့မှုတွေ ကလည်း ဆက်လက်ရှိတော့ လက်ရှိ လူနာအမှတ် ၁၂၁ ရဲ့ထိတွေမှုဟာ ရှုပ်ထွေးနေကြောင်းလည်း သက်ဆိုင်ရာ ဌာနတွေက ပြောဆိုလိုက်ပါတယ်။

“သူ နဲ့ ထိတွေ့တဲ့သူ အားလုံး ပျှမ်းမျှ ၅၀ လောက်ရှိမယ်။ သူ့မိသားစုဝင်တွေပါတယ် ပြီးတော့ သွားဆေးခန်း သွားဆရာဝန် လဲပါတယ်။ လေယာဉ် တူတူစီးတဲ့ သူတွေလဲ ပါမယ်” လို့ ပြည်နယ်အထူးရောဂါ နိမ်နင်းရေးဌာန လက်ထောက်ညွန်ကြားရေးမှူး ဒေါက်တာနှင်းအိဖြူ ကပြောပါတယ်။

လူနာအမှတ် (၁၂၁) နဲ့ထိတွေ့တဲ့သူအားလုံးကို လိုက်ရှာထားပြီး၊ သူသွားတဲ့နေရာတွေ၊ ထိတွေ့တဲ့သူတွေအားလုံးကိုလည်း ဓာတ်ခွဲနမူနာ ပို့ထားကြောင်း ဒေါက်တာနှင်းအိဖြူ က ပြောပြပါတယ်။

“သူ သွားထားတဲ့နေရာကိုလဲ သူသေချာပြောပြထားတယ်။ ဒီနေ့တော့ သူ သွားထားတဲ့နေရာ ထိတွေ့တဲ့သူတွေကိုတော့ ဓါတ်ခွဲနမူနာ ယူထားပြီးပြီ”လို့ ဒေါက်တာနှင်းအိဖြူ ကပြောပါတယ်။

ဆက်လက်ပြီး တွေ့တဲ့သူတွေစာရင်း အရ ဆိုရင် “ သူ့မောင်လေး လဲပါတယ်။ သူ ခေါက်ဆွဲ စားတဲ့ နောင်မွန် ခေါက်ဆွဲ ဆိုင်လည်း ပါတယ်။ ထိတွေ့သူ အားလုံးကို ဓါတ်ခွဲနမူနာ ယူထားပြီး စစ်ဆေးသွားမယ်” လို့ ဒေါက်တာနှင်းအိဖြူ ကပြောပါတယ်။

လူနာ အမှတ် (၁၂၁) သည် တောင်ကြီးမြို့ မြို့မ ရပ်ကွက်နေထိုင်သူ ဖြစ်ပြီး ဘုရားဖြူတွင်နေထိုင်သည့် ကိုယ်ဝန်ဆောင်နေတဲ့ မိခင်ကို မကြာခဏ သွားလည်ပတ်ခဲ့ပါတယ်။

သူမဟာ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေနဲ့ တောင်ကြီးဈေး ၊ တောင်ပေါ်စခန်း ပရဟိတကျောင်း ၊ ဘုရားဖြူရပ်ကွက်၊ သွားဆေးခန်း၊ ရွှေဘုန်းပွင့်ဘုရား၊ တောင်ကြီး တောင်ပေါ် ၊ Royal TGI Hotel နှင့် VX Bar တို့မှာလည်းသွားရောက်လည်ပတ်ခဲ့သေးပါတယ်။

Photo by Sai Moe/ တောင်ကြီးမြို့ အပေါ်မြင်ကွင်း

ဒါ့အပြင် လူနာအမှတ် (၁၂၁)ရဲ့ ရှုပ်ထွေးလှတဲ့ ထိတွေ့မှု အကြောင်းကို စုံစမ်းရသလောက်ကတော့ တောင်ကြီးမြို့ ရဲစခန်း နဲ့ မြို့မ တရားသူကြီး တို့ကို တိုက်ရိုက်ထိတွေ့ခဲ့ခြင်းမရှိသော်လည်း Secondary Contant ဆိုတဲ့ထိတွေ့မှုရှိကြောင်း သက်ဆိုင်ရာက ပြောဆိုလိုက်ပါတယ်။

ဒါကြောင့် တောင်ကြီးမြို့မ ရဲစခန်း နဲ့ မြို့နယ် တရားသူကြီးတို့ က လူ Secondary Contant ဖြစ်တဲ့အလျောက် အိမ်မှာပဲ အသွားအလာ ကန့်သတ်ထားကြောင်း ( Home Quarantine) ပဲ လုပ်ထားကြောင်း ဒေါက်တာ နှင်းအိဖြူ က ရှင်းပြပါတယ်။

“မြို့နယ် တရားသူကြီးတွေ ရဲစခန်းက ဝန်ထမ်းတွေက အတည်ပြုလူနာ နဲ့ တိုက်ရိုက်ထိတွေ့တာ မရှိဘူး။ အတည်ပြု လူနာကို ထိရိုက်ထိတွေ့ခဲ့သူ ၊နောက်ထပ် ထိတွေ့ထပ်ပြီး ထိတွေ့တဲ့မျိုး Secondary Contant လို့ခေါ်တာပေါ့” လို့ ဒေါက်တာနှင်းအိဖြူ က အသေးစိတ်ရှင်းပြပါတယ်။

လက်တလော အခြေအနေမှာတော့ သူမ တိုက်ရိုက်ထိတွေ့သူ ၅၀ ဦးကို ဓါတ်ခွဲနမူနာ ယူထားပြီး ရောဂါပိုးရှိမှသာ Secondary Contant များကို ဆက်လက်ပြီး ဓါတ်ခွဲ စစ်ဆေးသွားမယ်လို့ သိရပါတယ်။

“အခုက သူုတို့က secondary contant ပဲ ရှိနေသေးတာကြောင့် သူတို့ကို အိမ်မှာပဲ Home Quarantine ပဲ ထားထားပါတယ်။ အဖြေထွက်တဲ့ထိတော့ သူတို့ကို အိမ်မှာ နေပေးပါလို့ ပြောထားပါတယ်”လို့ ဒေါက်တာနှင်းအိဖြူ က ဆိုပါတယ်။

လူနာ အမှတ် ၁၂၁ ဟာ ဧပြီ ၅ ရက်နေ့တွင် တောင်ကြီးသို့ ရောက်ရှိလာပြီး ဧပြီ ၆ ရက်နေ့တွင် တောင်ကြီးဈေး ၊ ဧပြီ ၇ ရက်နေ့တွင် လွိုင်ကော်မြို့ရှိ တောင်ပေါ်စခန်း ပရဟိတကျောင်း သို့ သွားရောက်ခဲ့သေးသည်။

ထို့ပြင် ဧပြီ ၈ရက်မှာ မြဆေးခန်းတွင် သွားနှုတ်ရန် သွားခဲ့ပြီး ဧပြီ ၁၉ ရက် ထိ လူနာအမှတ် (၁၂၁) နှင့် တိုက်ရိုက်ထိတွေ့ခဲ့သူအားလုံးကို ဓာတ်ခွဲခန်းနမူနာပို့ထားကြောင်း သိရပါတယ်။

ဒါပေမယ့် လူနာအမှတ် ၁၂၁ ဟာ ဧပြီ ၆ရက်နေ့မှာ တောင်ကြီးဈေးတွင် ထိတွေ့ခဲ့သူ ကြုံခဲ့သူဘယ်နှယောက်ရှိမှာလဲဆိုတာ တောင်ကြီးပြည်သူတွေက စိုးရိမ်စိတ်တွေ ဖြစ်နေပါတယ်။

Photo by TAI Programme-NRC/တောင်ကြီးမြင်ကွင်းပုံ

“ ဧပြီ ၆ရက်နေ့ က သူ တောင်ကြီးဈေးသွားထားတယ်။ အဲ့မှာ ဘယ်သူတွေ နဲ့များ ထိတွေ့ခဲ့လဲ။ ဘယ်လောက်များ ကူးနေမလဲ။ ဒါတွေ တွေးပူနေရတယ်” လို့ တောင်ကြီး နေထိုင်တဲ့ နန်းဇင် က ပြောပါတယ်။

လူနာ အမှတ် ၁၂၁ ရဲ့ ၁၀ရက်ကျော် တောင်ကြီးမြို့ ကို သွားလာ၊ လည်ပတ်မှုကြောင့် တောင်ကြီးမြို့ ပေါ် လူနာများ ထပ်တိုးလာပြီး အခြေအနေ ဆိုးရွားလာမှာကို ဒေသခံ တွေက စိုးရိမ်ပူပန်နေကြပါတယ်။

ဒါ့ကြောင့် လက်ရှိအခြေအနေမှာ မိမိနေအိမ်တွင်သာ နေထိုင်ကြပြီး၊ လိုအပ်မှသာ အပြင်ထွက်စေချင်ကြောင်းလည်း တောင်ကြီးမြို့မှာနေထိုင်သူများက ပြောဆိုလိုက်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...

တောင်ကြီးတွင် အချင်းချင်း စကားများရန် ဖြစ်ရာမှ ဓားဖြင့် ထိုးသတ် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၉)ရက်နေ့တွင် စိန်ပန်းရပ်ကွက် နှင်းဆီလမ်းထိပ် အရက်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထက်ပိုင်မှူး တို့ စကားများရန်ဖြစ်ကြပြီး ဓားဖြင့်ထိုးမှုကြောင့် ကိုထက်ပိုင်မှူး...