Wednesday, January 28, 2026

သျှမ်းပြည်သို့ဝင် မည့် တရုတ်ပြည်တော်ပြန် ၂၅၀၀၀ အတွက် နေထိုင်စားသာက်မှု ခက်ခဲနိုင်

ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ချင်းရွှေဟော်နယ်စပ်မြို့ မှ တရုတ်နိုင်ငံမှ ပြည်တော်ပြန် ၂၅၀၀၀ မြန်မာနိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာရန်ရှိကြောင်း စုံစမ်းသိရသည်။

 

Photo by ကုမုဒြာ/ ချင်းရွှေဟော် နယ်စပ်ဂိတ်ပုံ

တရုတ်နိုင်ငံတွင် သွားရောက် အလုပ်လုပ်သည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၅၀၀၀ ချင်းရွှေဟော်နယ်စပ်ဂိတ်မှတဆင့် ပြန်လည်ဝင်ရောက်လာရန်ရှိပြီး၊ ထိုသူများ ဝင်ရောက်လာ ပါက နေရာထိုင်ခင်းအတွက် အခက်အခဲရှိနိုင်ကြောင်းလည်း လောက်ကိုင်ဒေသ မှ အစိုးရ ဝန်ထမ်း များ ပြောပြချက်အရသိရသည်။

ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အတွင်းသို့ ဧပြီ ၁၃ ရက်နေ့က စတင်ကာ ယနေ့ထိ လောက်ကိုင်မြို့တွင် ပြည်တော်ပြန် ၄၅၆ ဦး ရှိပြီး၊ ချင်းရွှေဟော်မြို့ တွင် ၂၆၅ ဦး ရှိကြောင်း လောက်ကိုင်ဒေသတွင် တာဝန်ထမ်းဆောင်နေသည့် အစိုးရဝန်ထမ်းတစ်ဦး က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“သူတို့အတွက်က ခုလောလောဆယ်ဆယ်တော့ အဆင်ပြေပေမယ့် ထပ်တိုးလာရင် စားသောက်ဖို့က အခက်ခဲ ဖြစ်လာနိုင်တယ်။” ဟု လောက်ကိုင်ဒေသ အစိုးရဝန်ထမ်းတစ်ဦး ကပြောသည်။

တရုတ်ပြည်တော်ပြန်များ ထပ်ဝင်လာရန် ရှိပြီး၊ ထိုသူများအတွက် Quarantine (စောင့်ကြည့်)ရန် အတွက် ခက်ခဲနေကြောင်းလည်း အဆိုပါ ဝန်ထမ်းက ဆိုသည်။

လက်ရှိကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ သို့ ရောက်ရှိသည့် တရုတ်နိုင်ငံမှ ပြည်တော်ပြန်များကို သက်ဆိုင်ရာ မှ တနေ့လျှင် ထမင်း ၃ နပ်ကျွေး ထားပြီး၊ ကိုယ်ပူချိန် တနေ့၃ကြိမ် တိုင်းတာပေးကြောင်း သိရသည်။

ထို့ပြင် တရုတ်နိုင်ငံမှပြန်လာမည့်သူ ၂၅၀၀၀ ကို ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် Quarantine (စောင့်ကြည့်) ထားရှိသွားမည် ဟုလည်း သျှမ်းပြည် အစိုးရ အဖွဲ့ဝင် ပြောခွင့်ရ စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွှန့်လွင် ကပြောသည်။

“ ဒီပြည်တော်ပြန်တွေက တရုတ်ဘက်က ကျန်းမာရေး စစ်ဆေးပြီးတော့ ဒီဘက်ကို ပြန်လာတာ ဖြစ်တယ်။ ကျနော်တို့ အခက်ခဲက ကျနော်တို့ဘက်ကို ဝင်လာတဲ့ ဘော်ဒါ ကွာလတင်း တစ်ခုကို လိုအပ်တယ်” ဟု ဦးစိုးညွန့်လွင် ကပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပြည်ပမှ ပြန်ရောက်လာသည့် သူများကိုမြို့နယ် အလိုက်၊ ကျေးရွာ အလိုက် Quarantine ထားရှိသော်လည်း အစိုးရ အနေဖြင့် Quarantine အတွက် သီးသန့်ဘတ်ဂျက် လျာထားခြင်းမရှိကြောင်းလည်း စုံစမ်းသိရသည်။

ယခုနောက်ပိုင်း Quarantine ကာလကို ၂၁ ရက် သတ်မှတ်လိုက်သည့်အတွက် နေထိုင်စားသော က်ရန် အခက်အခဲများစွာ ကြုံလာနိုင်သည်ဟုလည်း သျှမ်းမြောက် ပရဟိတ သမားများ က ပြော ဆိုလိုက်သည်။

သျှမ်းပြည် အတွင်း ပြည်ပမှ ပြန်လာသည့် ပြည်တော်ပြန် Quarantine သမားများကို အလှူရှင်များ သို့မဟုတ် သက်ဆိုင်ရာ မိသားစုဝင်များက စားသောက်မှုအတွက် ကူညီထောက်ပံ့ပေးနေကြောင်း ဒေသခံပြည်သူများက ပြောပြသည်။

“ Quarantine စောင့်ကြည့်တာတော့ ကောင်းပါတယ်။ ဒါပေမယ့် သူတို့အတွက် အနေအထိုင် အစားအသောက်ကတော့ အရမ်းခက်ခဲတယ်။ အလှူရှင်လာလှူတာရှိတယ်။ ဒါမှ မဟုတ် မိသားစုတွေက လာပို့ကြတယ်” ဟု လားရှိုးမြို့ မှ ပရဟိတ နန်းအေး က ပြောသည်။

မြန်မာနိုင်ငံတွင် COVID-19ကူးစက်ခံရသည့် လူနာ (၁၁၉ ) ဦးထိမြင့်တက်လာပြီး သေဆုံးသူ ၅ဦးရှိလာကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ယမန်နေ့ ည ၁၁နာရီ ထုတ်ပြန်ချက် အရသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

လောက်ကိုင်မြို့ထဲ တိုက်ပွဲဖြစ်ပွားလာမည်ကို ပြည်သူများ စိုးရိမ်နေ

0
သျှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ထဲ တိုက်ပွဲပြင်းထန်လာနိုင်မည်ဆိုသည့် သတင်းကြောင့် ဒေသခံ ပြည်သူများက စိုးရိမ်မှု မြင့်တက်နေကြောင်း စုံစမ်း သိရှိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ နှင့် ၂၉ နှစ်ရက်တာအတွင်း ချင်းရွှေဟော်ဒေသ နမ့်ဖာတောင်ဒေသတွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်မတော် (MNDAA) တို့ တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့မှာ...