မူဆယ်သွားမည့်ခရီးသည်များ (၁၀၅)မိုင်တွင် ၂၁ရက် စောင့်ကြည့်သွားမည်

သျှမ်းပြည် မြောက်ပိုင်း မူဆယ်လာမည့် ခရီးသည်များကို ဧပြီ ၁၈ ရက်မှ စတင်ကာ မိုင်းယု (၁၀၅)မိုင်တွင် ၂၁ရက် စောင့်ကြည့်ပြီး မှ မူဆယ်မြို့ထဲသို့ဝင်ခွင့်ပြုမည် ဟု မူဆယ်မြို့နယ် စီမံခန့်ခွဲမှု ကော်မတီ ထုတ်ပြန်ချက် အရ သိရသည်။

Photo by Thaung Tun /၁၀၅မိုင် အဝင် စစ်ဆေးနေပုံ

ထို ၂၁ရက် အတွင်း စောင့်ကြည့်ခံရသူများ သည် တရက်လျှင် ၅ ထောင်ကျပ်နှုန်းဖြင့် မိမိစရိတ်ဖြင့် နေထိုင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

“မူဆယ်ဒေသခံ မဟုတ်တဲ့သူတွေ မူဆယ်လာရင် ၂၁ ရက် Quarantine အဖြစ်နေရမယ်။ ၂၁ရက်အတွက် စားစရိတ်ကတော့ တယောက် ကို တရက် ၅ထောင် ကျပ်ပေးရမယ်။ အစိုးရ အနေနဲ့ Quarantine အတွက် ဘတ်ဂျက်မချထားပေးဘူး။ အလှူရှင်ရှိရင်တော့ အလှူရှင်ကျွေးပါမယ်” ဟု မူဆယ် မြို့အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် စိုင်းကျော်သိန်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

Photo by Thaung Tun /၁၀၅မိုင် အဝင် စစ်ဆေးနေပုံ

အဆိုပါ quarantine ထားမည့်နေရာများမှာ မိုင်းယု (၁၀၅)မိုင် အတွင်းရှိ ဘုန်းကြီးကျောင်း ၂ကျောင်းနှင့် အထက်တန်းကျောင်း တကျောင်းတွင် တို့တွင်ပြင်ဆင်ထားကြောင်း စိုင်းကျော်သိန်း က ပြောသည်။

“ တခြားဒေသကလူတွေအနေနဲ့ကတော့ ၂၁ ရက် ဝင်ကို ဝင်ရမယ်။ ဒါပေမယ့် မူဆယ်ဒေသခံတွေ အနေနဲ့ ကိုဗစ် ဖြစ်တဲ့နေရာကလာရင်တော့ ၁၀၅ မိုင်မှာ ၂၁ ရက် စောင့်ကြည့်သွားမယ်” ဟု စိုင်းကျော်သိန်း က ထပ်လောင်းပြောသည်။

မူဆယ်မြို့သို့ လာရောက်သည့်သူများအနေဖြင့် ကော်မတီမှစီစဉ်ဆောင်ရွက်ပေးသည့် Quarantine များတွင် နေထိုင်လိုခြင်းမရှိပါက တည်းခိုခန်း၊ ဟိုတယ် များတွင် မိမိအစီအစဉ်ဖြင့် Quarantine ၀င်ရန် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

  Quaratine မ၀င်လိုပါက  မိမိလာရာလမ်းအတိုင်း လှည့်ပြန်ရမည် ဟု လည်း ဖော်ပြထားသည်။

နှစ်နိုင်ငံ ကုန်သွယ်မှု မပြတ်တောက်စေရေးအတွက် ကုန်တင်ကားမောင်းသူနှင့် ယာဉ်နောက်လိုက် ၂ဦးသာ ခွင့်ပြုပေးသွားမည်ဖြစ်ပြီး သတ်မှတ်ထားသည့်နေရာတွင်သာ နေထိုင်ရမည် ဟုလည်း သိရသည်။

မြန်မာပြည်တွင် ကိုဗစ် -၁၉ လူနာ စတင်တွေ့ရှိပြီး နောက် မြန်မာ -တရုတ်နယ်စပ် ဂိတ်များအားလုံး ဧပြီ ၁ရက်မှ စတင်ကာ ပိတ်လိုက်ကြောင်းသိရသည်။

“ တရုတ်ကလည်း အဝင်၊အထွက်ပိတ်ထားတယ်။အလုပ်သမားတွေအနေနဲ့ ကတော့ ဒီချိန် မလာသေးဖို့ ပြောချင်တယ်။ မဟုတ်ရင် ၁၀၅မိုင်မှာ ၂၁ရက်စောင့်ကြည့်ခံရမယ်။ မိမိနေရပ်သာ နေဖို့ ပြောချင်တယ်” ဟု မူဆယ် ဒေသခံ စိုင်းမြတ် က ပြောသည်။

လက်ရှိအချိန်မှာ မြန်မာ-တရုတ်နယ်စပ် အဝင်အထွက် ဂိတ်များပိတ်ထားသော်လည်း နယ်စပ်ကုန်သွယ်ရေး စီးဆင်းရန် အတွက် ကုန်ကားများ ဝင်၊ထွက်ခွင့်ပေးထားကြောင်းသိရသည်။

သို့သော် တရုတ်နိုင်ငံကို မှီတင်းပြီး တပိုင်တနိုင် လုပ်ကိုင် စားသောက်နေသည့် မူဆယ် ဒေသခံများ အတွက် စီးပွားရေး ရိုက်ခတ်မှု ရှိကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...

တရုတ်ဖိအားကြောင့် မူဆယ် ခိုတိန်ကျားဖြန့်ဝန်းကို SSPP စီးနင်း၊ ဟန်ပြလုပ်ဆောင်မှုဟု ဒေသခံများ ဝေဖန်

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်း အခြေစိုက်သည့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) ဝန်းတစ်ခုကို သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ဝင်ရောက်စီးနင်းခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် မူဆယ်မြို့နယ် မော်တောင်းကျေးရွာအုပ်စုရှိ ခိုတိန်ရွာ ကျားဖြန့်ဝန်းကို SSPP က ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အဆိုပါစီးနင်းမှုအတွင်း သျှမ်း၊...

မူဆယ်မြို့ ငါးပစ်ဂိမ်းဆိုင်တွင် ပစ်ခတ်မှုဖြစ်၊ အမျိုးသားတဦး သေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုနားနယ်မြေအတွင်းရှိ ငါးပစ်ဂိမ်းဆိုင်တခုတွင်  ယနေ့ (ဇူလိုင် ၃၀)ရက် မနက် ၁၁နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖြစ်စဉ်သည် ယနေ့ (ဇူလိုင်လ ၃၀ ရက်) မနက် ၁၁ နာရီဝန်းကျင် မူဆယ်မြို့ ဟိုနားနယ်မြေ ကောင်းမူတုံရပ်ကွက်ရှိ ငါးပစ်ဂိမ်းဆိုင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...