Thursday, April 25, 2024

အခြေခံလူတန်းစားထောက်ပံ့ရေး စိစစ်ပြီးအတိုးအလျှော့စနစ်နဲ့ လုပ်သွားမယ်

Must read

မြန်မာနိုင်ငံ တဝှမ်းရှိ အခြေခံလူတန်းစားများကို ဧပြီ ၁၀ ကစပြီး အစိုးရ က ထောက်ပံ့ပေး မယ်လို့ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။

အခြေခံလူတန်းစားတွေကို အိမ်ထောင် တစုမှာ ကျပ် ၂သောင်းနှုန်း သတ်မှတ်ထားပြီး ဆန် (၈)ပြည်၊ ဆီ၊ဆား၊ ပဲ နဲ့ ကြက်သွန်တို့ကို COVID-19 ကာကွယ်ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ ထောက်ပံ့ပေးမယ်လို့ ထုတ်ပြန်ထားပါတယ်။

COVID-19 ကာလ သျှမ်းပြည်လူထုကိုကူညီထောက်ပံ့ဖို့ သျှမ်းပြည် အစိုးရ ဘာတွေဆောင်ရွက်နေသလဲဆိုတာကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းဆိုင်ဖူး က သျှမ်းပြည်နယ်အစိုးရ ပြောခွင့်ရ ၊ စီမံကိန်း နှင့် ဘဏ္ဍရေးဝန်ကြီး ဦးစိုးညွန့်လွင်ကို သီးသန့် တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

Photo by SHAN

မေး။ ။ ပထမဆုံးအနေနဲ့ သျှမ်းပြည် မှာ အခြေခံလူတန်းစား စာရင်း ဘယ်လောက်ရှိပါသလဲ။

ဖြေ။ ။ သျှမ်းပြည် မှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံ လူတန်းစားတွေကို သျှမ်းပြည်နယ် တပြည်နယ်လုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေကို စာရင်းကောက်လိုက်တဲ့အခါ အကြမ်းဖျင်းအားဖြင့် အိမ်ထောင်စု စာရင်း တစ်သိန်းနှစ်သောင်းခန့် ရှိပါတယ်။

လူဦးရေအရ ဆိုရင် ၆ သိန်းခွဲ လောက်ရှိတယ်။ တက်လာတဲ့ အိမ်ထောင်စုဇယား တစ်သိန်း နှစ်သောင်းက အတိုးအလျှော့လုပ်သွားမှာပါ။ ပြည်သူတွေ ကနေ ပြီးတော့ မှတ်ချက်အမျိုးမျိုးတွေ အကြံပြုချက် အမျိုးမျိုး ပေးတာလဲ ရှိပါတယ်။

တကယ့်အောက်ခြေမှာ ပါသင့်ပါထိုက်တဲ့ အခြေခံ လူတန်းစားတွေ ကျန်နေတဲ့ ဥစ္စာတွေကို အရေးပေါ် အချိန်မီ စိစစ်နေရလို့ အစိုးရအနေဖြင့် လိုအပ်ချက် ရှိကောင်း ရှိနိုင်တယ်။

ဒါတွေ ကျနော်တို့ ယာယီအကြမ်းဖျင်းအားဖြင့် အတည်ပြုတယ်။ နောက်ထပ် တိုးလာမယ့် စာရင်းတွေကိုလည်း ကျနော်တို့ သျှမ်းပြည် အစိုးရကနေပြီးတော့ လက်ခံပြီး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး။ ။ အခြေခံလူတန်းစား တွေနဲ့ပတ်သက်ပြီး ထောက်ပံ့ဖို့ ဘယ်လို စီစဉ်ဆောင်ရွက်ထားပါသလဲ။

ဖြေ။ ။ ကျနော်တို့ ဧပြီ ၁၀ ရက်အတွက် ဖြန့်ဝေ မှု အစီစဉ်ကို ပုံမှန် ဝင်ငွေ မရှိတဲ့ အခြေခံ လူတန်းစားတွေအတွက် pilot project ဖြင့် မြို့နယ် တမြို့နယ်ကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

တောင်ကြီးမြို့နယ်ကို ပထမဆုံး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဆက်တိုက်ပဲ ပစ္စည်းတွေကို ဝယ်ယူတဲ့အခါမှာ ကုန်ဈေးနှုန်းမတက်အောင် ကျနော်တို့ ထိန်းသိမ်းရမယ်။

ကျနော်တို့ဆီမှာ မရှိတဲ့ ပစ္စည်းကို တခြားတိုင်းဒေသကြီးမှာ ရှိတဲ့ ဆီကနေပြီးတော့ မှာယူချိတ်ဆက်ပြီး ဝယ်ယူပါတယ်။

နောက်ပြီးတော့ ထုပ်ပိုးတဲ့ စနစ်တွေ ပြီးတော့ ဒီမြို့နယ် မှာ လုပ်လိုက်တဲ့ Pilot Project မှာ လိုအပ်ချက်တွေ အားနည်းချက်တွေ ရှိလာရင်လည်း ပြန်လည်ပြင်ဆင်ပြီးတော့ ကျန်တဲ့ မြို့နယ် အားလုံးကိုလည်း ဆက်တိုက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

မေး။ ။ ဖြန့်ဝေတဲ့နေရာမှာ ရော လူဦးရေဘယ်လိုစိစစ်မလဲရှင့် လူအင်အားဖောင်းပွမှုမဖြစ်အောင် ပေါ့။

ဖြေ။ ။ ဒီသင်္ကြန်တွင်း တစ်တွင်းလုံး ဒီလိုဖြန့်ဝေတဲ့ နေရာမှာ လူအင်အား ဖောင်းပွမှု မဖြစ်ဖို့ လူဦးရေ စိစစ်ရမှာပါ။

ရောဂါကို ကာကွယ်ထိန်းချုပ်ဖို့ လုပ်မယ့်အစား အုပ်စုလိုက် အုပ်စုလိုက်ကြီး ဖြစ်သွား မှာလည်းကြောက်ရတယ်။

လူအင်အား ထိန်းချုပ်ပြီးတော့ ကျနော်တို့ ဆောင်ရွက်သွားမယ် လူစုလူဝေး မဖြစ်စေရေး လုံခြုံရေး အစီအမံ ကိုလည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒီလို လုပ်လာတဲ့ အခါမှာ ပြည်သူတရပ်လုံးအနေနဲ့ အမျိုးသားရေးအသွင်တွေ စုပေါင်းပြီး ဆောင်ရွက်နေကြတာ အားလုံး တစ်တိုင်းပြည်လုံး လူမှုကွန်ယက်တွေမှာလည်း အသိဆုံးဖြစ်ပါတယ်။

ဒီနေ့ ပြည်သူဟာ ရှေ့တန်းကို ထွက်ပြီးတော့ အစိုးရ နဲ့ အတူ ကျနော်တို့ ပူးပေါင်းဆောင်ရွက်နေတယ်ဆိုတာအားလုံး အသိပဲ ဖြစ်ပါတယ်။

ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံ လူတန်းစားတွေကို ဖြန့်ဝေတဲ့နေရာမှာ အောင်မြင်စွာ အကောင်အထည်ဖော်ဖို့ နိုင်ငံသူ နိုင်ငံသား အားလုံး မှာလည်း တာဝန်ရှိပါတယ်။

အစိုးရ ရဲ့ လိုအပ်ချက်တွေ ရှိကောင်း ရှိနိုင်တယ်။ ရှိတာကိုလည်း ကျနော်တို့ ဒီ Pilot Project ကနေပြီးတော့ ကျနာ်တို့ ပြန်လည်ပြင်ဆင်ပြီးတော့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျနော် အနေနဲ့ အသိပေး အကြောင်းကြားအပ်ပါတယ်။

မေး။ ။ သျှမ်းပြည်မှာရှိတဲ့ အခြေခံ လူတန်းစားတွေအတွက် ဘတ်ဂျတ် ဘယ်လောက် လျာထားပါသလဲ။

ဖြေ။ ။ နိုင်ငံတော်အတိုင်ပင်ခံ ညွန်ကြားတဲ့ ဥစ္စာ ဆန်၊ ဆီ ၊ ဆား ၊ ပဲ ၊ ကြက်သွန် ၅ မျိုး လူတစ်ယောက် ဆန် ၈ ပြည်နဲ့ပေါ့နော် အခြေခံ သတ်မှတ်တာကတော့ လူတစ်ယောက် ၂ သောင်းနှုန်း နဲ့ ခန့်မှန်းတယ် အိမ်ထောင်စု တစ်စု ကို ၂ သောင်းနှုန်းပေါ့။

မေး။ ။ ပုံမှန် ဝင်ငွေ ရှိတဲ့သူတွေ ဖြစ်ပေမယ့် အခု COVID-19 ကာလမှာ အလုပ်လက်မဲ့ ဖြစ်သွားတာတွေ ရှိတယ်ဆိုတော့ ဒီလို လူတွေအတွက်ရော ထောက်ပံ့မယ်လို့ စီစဉ်ထားပါသလဲ။

ဖြေ။ ။ ကျနော်တို့ သေသေချာချာ စိစစ်ခိုင်းတယ်။ ဒီရောဂါ မဖြစ်ခင်တုန်းကတော့ အလုပ်တော့ ရှိမယ်။ သို့သော် ရောဂါ ဖြစ်တဲ့အချိန်မှာ အလုပ်တွေ နားရတယ်။ ဝင်ငွေမရှိတဲ့လူတန်းစားတွေ ရှိကောင်း ရှိနိုင်မယ်။ အများစု ဖြစ်နိုင်တာပေါ့။

ဒီတက်လာတဲ့ စာရင်းသည် အတိုးအလျော့ အကုန် အစီစဉ်ရှိပါတယ်။ ထပ်တိုးလာတဲ့ ဥစ္စာ အောက်ခြေမှာ တကယ်ကျန်ခဲ့တဲ့ လူတွေ တကယ့်ပုံမှန် ဝင်ငွေ မရှိဘူး။

တကယ့်ကိုလည်း စားစရာ မရှိဘူး….ဒီပိတ်ရက်မှာကို မရှိဘူးဆိုတဲ့ သူတွေ အတွက်ကိုလည်း ကျနော်တို့ ပြန်လည်စိစစ်ပြီးပေးဖို့ ညွှန်ကြားထားပါတယ်။

ဒါကြောင့် ကျနော်တို့ အတိုးအလျော့လုပ်ပြီးတော့ ဆက်လက်ထောက်ပံ့ပေးဖို့ အစီစဉ် ရှိပါတယ်။

မေး ။ ။ သင်္ကြန်ကာလမှာ ပြည်သူတွေ ဘယ်လို ထိန်းချုပ်သွားဖို့ အစီစဉ်လုပ်ထားပါသလဲ။ ိ

ဖြေ။ ။ ဧပြီ ၃၀ ထိ ကျနော်တို့က ဒီသင်္ကြန်တွင်းကာလမှာ ညွန်ကြားချက်တွေ ထွက်ထားပါတယ်။ ၂၁ ရက်နေ့အထိ ကိုယ့်အိမ်ကို နေဖို့ အကုန်လုံး ညွှန်ကြားချက်ထုတ်ထားပါတယ်။ ပြည်သူ ပန်ကြားချက် အများကြီးလုပ်ထားပါတယ်။

ပြည်သူကို ပန်ကြားတဲ့ခါမှာ ကျနော်တို့က ဒီရောဂါကို နိမ်နင်းဖို့ တိုက်ခိုက်ဖို့ အခက်အခဲ အားလုံးကို နိုင်နိုင်နင်းနင်း ကျော်လွှားနိုင်ဖို့ ပြည်သူ အင်အား အဓိက ကျပါတယ်။

ပြည်သူတွေ လိုက်နာပေးဖို့ ကျနော်တို့ဘက်က အများကြီး ပန်ကြားထားပြီး ဖြစ်ပါတယ်။

မေး ။ ။ COVID-19 ရောဂါ နိမ်နင်းဖို့ အချိန်ကာလ သတ်မှတ်ချက်ကိုရော ပြောပြလို့ ရပါသလား။

ဖြေ။ ။ ကျနော်တို့က ဧပြီ ၃၀ ရက်နေ့ထိတော့ ထိန်းချုပ်နိုင်မယ်လို့တော့ ထင်ပါတယ်။

မေး ။ ။ သင်္ကြန်တွင်းမှာ သျှမ်းပြည် အစိုးရ အနေနဲ့ ဘယ်လို အစီစဉ် ရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့ဘက်က စားနပ်ရိက္ခာလုံလောက်အောင် သျှမ်းပြည် အစိုးရမှာ ဆန် ဝယ်ထားတာရှိတယ်။ ပြည်သူတွေ ကုန်ဈေးနှုန်းမတက်အောင် ဝယ်ထားတဲ့ ဆန်တွေကို အရင်တိုင်းပဲ ရောင်းပေးနေပါတယ်။ ဆန်ဆိုင်တွေ အကုန်လုံးကို အစိုးရ ဂိုဒေါင် မှာ လာလာသယ်ဖို့ အဲ့အတွက် ဆန်မပြတ်အောင် ကျနော်တို့ ဆန်ဝယ်ထားပြီး ဖြစ်ပါတယ်။

မေး။ ။ သျှမ်းပြည် အတွက် ဆန်ပြတ်မှု ကြုံတွေ့လာနိုင်ပါသလား။

ဖြေ။ ။ သျှမ်းပြည်တွင်း ဆန်ပြတ်လတ် မှု မရှိနိုင်ပါဘူး။ အစိုးရ မှာလည်း ဆန်လုံလုံလောက်လောက် ရှိထားပါတယ်။

သျှမ်းပြည်အားလုံးမှာလည်း အစိုးရ အနေနဲ့ ဆန် တွေ ဝယ်သင့်သလောက် ဝယ်ထားပြီး ဖြစ်ပါတယ်။

မေး။ ။ နောက်ဆုံးမေးခွန်းအနေနဲ့ သင်္ကြန်တွင်း ကာလမှာ သျှမ်းပြည် အစိုးရ အနေနဲ့ ဘယ်လို ခရီးစဉ်တွေ ရှိပါသလဲ။

ဖြေ။ ။ ဒီ သင်္ကြန်တွင်းမှာ ဝန်ကြီးချုပ်ကတော့ သျှမ်းမြောက် သျှမ်းအရှေ့ ပတ်မယ်။ လိုအပ်တဲ့ facility quarantine တွေ ဝင်ကြည့်မယ်။ ဆေးရုံတွေ လိုအပ်တာလဲ ဝင်ကြည့်မယ်။ သျှမ်းမြောက်က ဝန်ကြီးချုပ် နဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း တာဝန်ယူ ထားပါတယ်။

သျှမ်းအရှေ့က သံယဇာတ နှင့် သစ်တောဝန်ကြီး ဒေါက်တာ ညီညီအောင် က တာဝန်ယူပါတယ်။

သျှမ်းတောင်ကို တော့ ဒီ သင်္ကြန်တွင်း ကာလ ကျနော် တာဝန်ယူပြီးတော့ လိုအပ်တာတွေ လိုက်ပြီး ဖြည့်ဆည်းထောက်ပံ့ပေးမယ့် အစီစဉ် တာဝန်ယူထားပါတယ်။

ဟုတ်ကဲ့ပါရှင့် အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် စီမံကိန်း နှင့် ဘဏ္ဍရေးဝန်ကြီး ဦးစိုးညွန့်လွင်ကို သျှမ်းသံတော်ဆင့်က ကျေးဇူး တင်ပါတယ်ရှင့်။

Leave a Comments

- Advertisement -spot_img

Latest article