Wednesday, January 28, 2026

သျှမ်းပြည်တွင် အစိုးရ ထောက်ပံ့မည့် အခြေခံလူတန်းစား ၆သိန်းခွဲခန့်ရှိ

သျှမ်းပြည် အတွင်း COVID-19 ကာလ ရုံးပိတ်ရက် အတွင်း အခြေခံလူတန်းစားများကိုထောက်ပံ့ရန်အစိုးရ ကြေငြာထားရာ သျှမ်းပြည် အစိုးရ အဖွဲ့ မှစာရင်းအရ အခြေခံ လူတန်းစား ၆သိန်းခွဲခန့် ရှိသည်ဟု သိရသည်။

 

Photo by SHAN

သင်္ကြန်ရုံးပိတ်ရက် ကာလအတွင်း နိုင်ငံတော် အစိုးရမှ ထောက်ပံ့မည့် သျှမ်းပြည် အခြေခံ လူတန်းစား အိမ်ထောင်စု တသိန်း နှစ်သောင်းကျော်၊ လူဦးရေ ၆သိန်းခွဲ ခန့်ရှိသည် ဟု သျှမ်းပြည်အစိုးရ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ် စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွှန့်လွင် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“သျှမ်းပြည် တပြည်လုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေ အပါ အဝင် စာရင်းကောက်လိုက်တဲ့အခါ အကြမ်းဖျင်းအားဖြင့် အခြေခံ လူတန်းစား အိမ်ထောင်စု စာရင်း တစ်သိန်း နှစ်သောင်း လောက်ရှိမယ်။ လူဦးရေ အရဆိုရင် ၆ သိန်းခွဲ လောက်ရှိမယ် အတိုးအလျှော့ လုပ်သွားမယ်” ဟု ဦးစိုးညွန့်လွင် က ပြောသည်။

နိုင်ငံတော်မှ အခြေခံလူတန်းစားများကို ဧပြီ (၁၀) စတင်ကာ စားနိပ်ရိက္ခာများ ထောက်ပံ့ပေးသွားမည် ဟု သိရသည်။

ထိုသို့ ထောက်ပံ့ရန် အရေးပေါ် အချိန်မီ စိစစ်ရသည့်အတွက် အစိုးရ အနေဖြင့် လိုအပ်ချက်များရှိနိုင်ကြောင်း၊ ထပ်တိုးလာမည့် အခြေခံ လူဦးရေစာရင်းများ ကို သျှမ်းပြည် အစိုးရ အနေဖြင့် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးစိုးညွှန့်လွင် က ပြောသည်။

“မနက်ဖြန်မှာ မြို့နယ် တစ်မြို့နယ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တောင်ကြီးမြို့နယ်ကို ပထမဆုံးစတင်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဦးစိုးညွန့်လွင် ထပ်လောင်းပြောသည်။

ကျန်ရှိသည့် မြို့နယ်များကိုလည်း သင်္ကြန်တွင်း ဖြန့်ဝေ သွားမည်ဖြစ်ပြီး၊ ဖြန့်ဝေသည့်နေရာတွင် လူစုလူဝေး မဖြစ်စေရန်အတွက် လူအင်အား ထိန်းချုပ်သွားမည်ဖြစ်ကြောင်း လည်း သိရသည်။

COVID-19 ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ မှ ထောက်ပံ့ပေးမည်ဖြစ်ပြီး အိမ်ထောင်စု တစ်စုလျှင် ၂ သောင်း နှုန်း သတ်မှတ်ထားပြီး ဆန် ၈ ပြည် ၊ ဆီ ၊ ဆား ၊ ပဲ နှင့် ကြက်သွန် တို့ ထောက်ပံံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...

အင်းလေး စက်လှေသမားများ စားဝတ်နေရေး ခက်ခဲနေဆဲ

0
သျှမ်းပြည်တောင်းပိုင်း ညောင်ရွေမြို့နယ် အင်းလေးဒေသအတွင်းရှိ စက်လှေသမားများသည် ခရီးသွားဧည့်သည်များ မရှိသည့်အတွက် စားဝတ်နေရေး ခက်ခဲနေကြောင်း စုံစမ်းသိရသည်။ အင်းလေးကန်ကိုလာရောက်လည်ပတ်သည့် နိုင်ငံခြားဧည့်သည်များနှင့် ပြည်တွင်းခရီးသွားများကိုသာ အားကိုးနေရသည့် စက်လှေသမားများသည် တနှစ်ထက် တစ်နှစ် စားဝတ်နေရေး ပိုခက်ခဲလာကြသည်ဟု စက်လှေသမားများက ပြောဆိုသည်။ ၂၀၁၉ ခုနစ် မှစတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ခရီးသွားလာမှုရပ်တန့်ခဲ့ပြီး၊...