Wednesday, January 28, 2026

သျှမ်းပြည် COVID-19 သံသယလူနာ ၁၂၇ ဦးရှိ

သျှမ်းပြည် တဝှမ်းတွင် ယနေ့ အချိန်ထိ COVID-19 သံသယ လူနာ ၁၂၇ ဦးရှိကြောင်း သျှမ်းပြည် COVID-19 ကာကွယ် ကုသရေး မှ စုံစမ်းသိရသည်။

Photo by ဒေသခံ တဦး၊သီပေါမြို့နယ်တွင် တွေ့ရသည့် ကျေးရွာ တရွာ၊

သျှမ်းပြည် တခုလုံးတွင် COVID -19 ကြောင့် သံသယလူနာ ၁၂၇ ဦးရှိပြီး၊ သျှမ်းပြည်တွင် သေဆုံးသူမရှိသေးကြောင်း ပြည်နယ်အထူးရောဂါနိမ်နင်းရေးဌာနလက်ထောက်ညွှန်ကြား ရေးမှူး ဒေါက်တာ နှင်းအိဖြူ က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“သျှမ်းပြည် အားလုံးပေါင်းလိုက်ရင် သံသယလူနာ ၁၂၇ ရှိတယ်။ ဒီနေ့ထိ သံသယလူနာထဲမှာ ပိုးတွေ့လူနာ တစ်ယောက်ပဲ ရှိတယ်။ အသက် ဆုံးပါး သွားတဲ့သူတော့ မရှိသေးဘူး” ဟု ဒေါက်တာ နှင်းအိဖြူ က ဆိုသည်။

လက်ရှိမှာ သျှမ်းပြည်တွင် COVID-19 သံသယလူနာ နည်းသွားပြီးဖြစ်သော်လည်း ဧပြီ တတိယ ပတ်တွင် COVID-19နှင့် ပတ်သက်ပြီး သတိထားရမည့် အချိန်ဖြစ်ကြောင်း ဒေါက်တာ နှင်းအိဖြူ က ပြောသည်။

Photo by ပင်လုံမြို့ နောင်လိုင်ကျေးရွာ ဒေသခံများ

“ရှေ့တပတ်တွင်း တော်တော်လေးကို သတိထားရမယ့် အပတ်လို့ မြင်ပါတယ်။ quarantine လုပ်ထားတဲ့သူတွေ ရက် ပြည့်သွားပြီ ဆိုတော့ ရောဂါလက္ခဏာတွေ့လာနိုင်သလို ၁၄ ရက်အတွင်း ရောဂါ လက္ခဏာ မပြပေမယ့် ခန္ဓာကိုယ်ထဲ ရှိနေနိုင်သေးတယ်။ ဒါ့ကြောင့် ပျော်ပျော်ပါးပါး မလုပ်ဖို့ အတွက် စာထုတ်ထားပါတယ်” ဟု ဒေါက်တာ နှင်းအိဖြူ က ထပ်လောင်းပြောသည်။

သျှမ်းပြည်အတွင်း COVID-19 ထိန်းချုပ်ရန်အတွက် သျှမ်းပြည်အစိုးရမှ မလိုအပ်ပါက အိမ်ပြင်မထွက်ရန် ခရီးမသွားရန်နှင့် ခရီးသည် ပို့ဆောင်ရေး ကားဂိတ်များလည်း မပြေးဆွဲရန် ဧပြီ ၆ ရက်တွင် သျှမ်းပြည် အစိုးရ က ကြေညာချက် ထုတ်ခဲ့သည်။

သျှမ်းပြည် တောင်ပိုင်းတွင် COVID-19 နှင့် ပတ်သက်ပြီး ပြည်တော်ပြန်များစောင့်ကြည့်ရန် နေရာ ၂၈၄ နေရာဖွင့်လှစ်ထားပြီး၊ quarantine ပြည့်သွားသည့် လူနာ ၂၉၀၀ ရှိကြောင်း သိရသည်။

ထို့ပြင် လက်ရှိမှာ ပြည်တော်ပြန် စောင့်ကြည့်နေရာ (quarantine center) တွင် စောင့်ကြည့်လူနာ ၇၅၀၀ လောက် ကျန်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Shan State Map_Update_1

ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်မှ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်း UEC ထပ်မံထုတ်ပြန်

0
စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် ပါဝင်နေသည့် ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်များရှိ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ ထပ်မံထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၇ ရက်) ညပိုင်းတွင် ရွေးကောက်ပွဲ တတိယပိုင်းထဲ ပါဝင်နေသည့် သျှမ်းပြည်မှ...

တိတ်ဆိတ်ငြိမ်သက်နေသည့် စစ်တပ် ရွေးကောက်ပွဲ

0
“ထူးထူးခြားခြား မရှိပါဘူး။ ဧည့်သည်တွေနဲ့ ရှုပ်နေတာပဲ၊ မအားဘူး” ဟု တောင်ကြီးမြို့ခံ ဈေးဆိုင် ပိုင်ရှင် တဦးက သျှမ်းသံတော်ဆင့်ကို ယနေ့ (ဒီဇင်ဘာလ ၂၇)ရက်၊ နေ့လယ်ပိုင်းတွင် ပြောသည်။ စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် သျှမ်းပြည်နယ်တွင်း တောင်ကြီးမြို့နယ် အပါအဝင်...

သျှမ်းပြည် ၉ မြို့နယ်နှင့် ဗန်းမော်မြို့နယ် ပါဝင်သည့် ရွေးကောက်ပွဲ အပိုင်း (၃) စစ်တပ်ကော်မရှင် ထုတ်ပြန်

0
သျှမ်းပြည်နယ် အတွင်းရှိ မြို့နယ် ၉ ခု အပါအဝင် မြို့နယ် ၆၃ ခုတွင် စစ်တပ် ရွေးကောက်ပွဲ အပိုင်း (၃) ကို လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း စစ်တပ် ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ဒီဇင်ဘာလ...

“ဒီရွေးကောက်ပွဲကတော့ ပိုရှုပ်ထွေးအောင် လုပ်ထားတယ်လို့တော့ ထင်ပါတယ်”

0
ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ မြို့အများအပြားကို စစ်အုပ်စုထံက သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်လည်း တရုတ်၏ ကြားဝင်စေ့စပ်မှုအရ သိမ်းပိုက်ထားသည့် မြို့အချို့အား ပြန်လည်လက်လွှတ်ခဲ့ရသည်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့သည်...

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...