Wednesday, January 28, 2026

ကျောက်မဲ ဘုန်းကြီးကျောင်းတွင် လက်ပစ်ဗုံးတွေ့

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ ရှိ ဝေဠုဝန် ဘုန်းကြီးကျောင်း တွင် ယနေ့(ဧပြီ ၄) ရက် မနက် ၁၀ နာရီခွဲက လက်ပစ်ဗုံး တလုံး တွေ့ရှိခဲ့ကြောင်းသတင်းရရှိသည်။

Photo by ဒေသခံတဦး၊ ကျောက်မဲ မြို့ ဝေဠုဝန်ဘုန်းကြီးကျောင်းတွင် မြင်တွေ့ရသည့် လက်ပစ်ဗုံး

အဆိုပါ လက်ပစ်ဗုံးသည် ကျောက်မဲမြို့ ရှိ ရက်ကွက် (၈) ဝေဠုဝန်ဘုန်းကြီးကျောင်းဝန်း အတွင်း သန့်ရှင်းရေး လုပ်နေစဉ် တွေ့ရှိကြောင်း၊ မည်သည့် အဖွဲ့အစည်းမှ လာရောက် ပစ်ထားသည်ကို မသိရှိကြောင်း ကျောက်မဲမြို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အမှတ်(၁) စိုင်းထွန်းဝင်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ဘုန်းကြီးကျောင်း ထဲမှာ လက်ပစ်ဗုံးတွေ့တယ်။ ဘယ်အဖွဲ့ဆိုတာ မသိဘူး။ အရင်က အဲ့နေရာမှာ မူးယစ်ဆေး သုံးစွဲသူတွေ အမြဲသွားတတ်တယ်” ဟု စိုင်းထွန်းဝင်း က ဆိုသည်။

လက်ရှိမှာတော့ လက်ပစ်ဗုံးကို သက်ဆိုင်ရာ အာဏာပိုင်များက လာသိမ်းသွားပြီဖြစ်ကြောင်း စိုင်းထွန်းဝင်းကပြောသည်။

ထို လက်ပစ်ဗုံး တွေ့ရှိသည့် ဘုန်းကြီးကျောင်း အနီးတွင် ပြည်ပ မှ ပြန်လာသည့် ပြည်သူများကို ၁၄ ရက်စောင့်ကြည့်သည့်နေ ရာရှိသည်ဟုသိရသည်။

Photo by ဒေသခံတဦး၊ ကျောက်မဲ မြို့ ဝေဠုဝန်ဘုန်းကြီးကျောင်းဝန်ထဲရှိ လက်ပစ်ဗုံး ကိုလာရောက်ရှင်းလင်းနေသည့် သက်ဆိုင်ရာများ

“ အဲ့နေရာမှာ သန့်ရှင်းရေး သွားလုပ်တော့ လက်ပစ်ဗုံးက အိတ်တလုံးထဲမှာ ထည့်ထားတယ်။ အဲဒီအိတ်ကို သွန်ကြည့်တော့ လက်ပစ်ဗုံးတလုံး ။ တွေ့တွေ့ချင်း လှန့်သွားတယ်” ဟု ကျောက်မဲမြို့နယ် ဦးဇင်း တပါးက ပြောသည်။

ဆက်လက်ပြီး ကျောက်မဲမြို့ ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူ တဦး က “ ကျနော် စိစစ်နေဆဲပါ။ ဘယ် အဖွဲ့ က လာတဲ့ လက်ပစ်ဗုံးလည်း ဆိုတာ စစ်ဆေးနေဆဲပါ” ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ကျောက်မဲမြို့နယ် အတွင်း တိုင်းရင်းသားလက်နက်ကိုင်များ၊ အစိုးရတပ်မတော်များနှင့် ပြည်သူ့စစ်များ လှုပ်ရှားသည့်နေရာ ဒေသတခုဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲ စစ်တပ်ပြန်ဝင်လာပြီး TNLA နှင့်ဆက်စပ်သူများကို ဖမ်းဆီး၊ နေအိမ်ဆိုင်ခန်း ချိတ်ပိတ်

0
သျှမ်းပြည် ကျောက်မဲမြို့တွင် စစ်ကော်မရှင်တပ်က TNLA နှင့် ပတ်သက်ကြောင်း စွပ်စွဲခံရသူများကို စတင်ဖမ်းဆီးခဲ့ပြီး နေအိမ်ဆိုင်ခန်းများလည်း ချိတ်ပိတ်ခံရကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ (၁) ရက်တွင် ကျောက်မဲမြို့ကို စစ်ကော်မရှင်တပ်က အလုံးစုံ ပြန်လည် ထိန်းချုပ်ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်များတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်စဉ် အုပ်ချုပ်ရေးပိုင်း...

ကျောက်မဲမြို့ထဲ စစ်ကော်မရှင်တပ် ပြန်ဝင်ရောက်နေရာယူ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး မြို့ပြင်ဘက်တွင် သေနတ်ပစ်ခတ်သံများ ဆက်ကြားနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာ ၁ ရက်) နံနက်ပိုင်းမှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ခုခံကာကွယ်ခဲ့သည့် ကျောက်မဲမြို့ပေါ်သို့ စစ်ကော်မရှင်တပ်သားများ ဝင်ရောက်လာပြီး ယမန်နေ့တွင် မီးရှို့ခံထားရသည့် ဌာနဆိုင်ရာရုံးများတွင် နေရာယူထားကြောင်း...

ကျောက်မဲမြို့အနီး ၃ မိုင်အကွာ တိုက်ပွဲပြင်းထန်၊ စစ်ကော်မရှင်တပ် အဆိပ်ဗုံးကြဲဟု TNLA ပြော

0
သျှမ်းပြည် ကျောက်မဲမြို့အနီး ၃ မိုင်ခန့်အကွာအဝေးတွင် စစ်ကော်မရှင်တပ်နှင့် TNLA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်တပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ယနေ့ (စက်တင်ဘာလ ၂၉ ရက်) နေ့လယ်ပိုင်းတွင် စစ်ကော်မရှင်တပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့၏ ကျောက်မဲမြို့နယ်အတွင်း ဖြစ်ပွားနေသည့် မြေပြင်ထိတွေ့တိုက်ပွဲသည်...

ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦးကို TNLA ပြန်လွှတ်ပေး

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦး ပြန်လွှတ်လာကြောင်း သတင်းသိရှိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက် နေ့လယ် ၂ နာရီခွဲအချိန်တွင် ကျောက်မဲမြို့ နမ့်ခုံးရှမ်းများပရဟိတ အသင်းဝင် တစ်ဦးဖြစ်သည့် နန်းအေးယိင်းသည် ကျောက်မဲမြို့...

ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦးအပါအဝင် အရပ်သား ၃ ဦး ကို TNLA ဖမ်းဆီး

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ လူမှုကူညီရေးအသင်းဝင် အမျိုးသမီးတစ်ဦး အပါအဝင် အရပ်သား ၃ ဦးကို တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ကျောက်မဲဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၉ ရက်) နေ့လယ် ၂ နာရီခွဲတွင် ကျောက်မဲမြို့...