Wednesday, January 28, 2026

သျှမ်းပြည်တွင် COVID-19 စောင့်ကြည့်လူနာ ၉၃ ဦးရှိ

သျှမ်းပြည် အတွင်း ယနေ့( ဧပြီ ၃ရက် )ထိ COVID-19 စောင့်ကြည့်လူနာ ၉၃ ဦးရှိကြောင်း သျှမ်းပြည်နယ်အစိုးရထံမှ စုံစမ်းသိရသည်။

Photo Credit to Mg Mg(ဦးစံဝင်းမောင်) – ပြည်တော်ပြန် များ ကျန်းမာရေး စစ်ဆေးနေပုံ

သျှမ်းပြည်နယ် အတွင်း ယနေ့ထိ စောင့်ကြည့်လူနာ ၉၃ ဦးရှိကာ သက်ဆိုင်ရာမြို့နယ်များတွင် ထားရှိပြီး ပြန်လည်သက်သာလာသည့်လူနာ ၂၉ ဦး ဆေးရုံမှ ဆင်းခွင့်ရသွားပြီဖြစ်ကြာင်း သျှမ်းပြည်နယ်အစိုးရ အဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက သျှမ်းသံတော်ဆင့် ကို အတည်ပြု ပြောသည်။

“လက်ရှိ ဆေးရုံမှာ စောင့်ကြည့်ကုသဆဲ လူနာ ၅၇ ဦးရှိပြီး ကျောက်မဲက ပိုးတွေ့ လူနာ ၁ ဦးလည်း ကျန်းမာရေးကောင်းမွန် နေပါတယ်” ဟု ဒေါက်တာမျိုးထွန်း က ပြောသည်။

COVID-19 ရောဂါ ကာကွယ်ရန်အတွက် လက်ရှိ သျှမ်းပြည်နယ်အတွင်းရှိ မြို့ရွာများတွင် ကျန်းမာရေး ပညာပေး များ ပြုလုပ်နေကြကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် COVID-19 အတည်ပြု လူနာ ၂၀ ဦးရှိပြီး၊ တဦးသေဆုံးခဲ့သည်။ စောင့်ကြည့် သံသယရှိသူ ၆၄၄ ဦး ၊ ဓာတ်ခွဲခန်း အဖြေစောင့်နေသူ ၉၀ ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန ထုတ်ပြန်ချက် အရ သိရသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Shan State Map_Update_1

ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်မှ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်း UEC ထပ်မံထုတ်ပြန်

0
စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် ပါဝင်နေသည့် ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်များရှိ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ ထပ်မံထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၇ ရက်) ညပိုင်းတွင် ရွေးကောက်ပွဲ တတိယပိုင်းထဲ ပါဝင်နေသည့် သျှမ်းပြည်မှ...

တိတ်ဆိတ်ငြိမ်သက်နေသည့် စစ်တပ် ရွေးကောက်ပွဲ

0
“ထူးထူးခြားခြား မရှိပါဘူး။ ဧည့်သည်တွေနဲ့ ရှုပ်နေတာပဲ၊ မအားဘူး” ဟု တောင်ကြီးမြို့ခံ ဈေးဆိုင် ပိုင်ရှင် တဦးက သျှမ်းသံတော်ဆင့်ကို ယနေ့ (ဒီဇင်ဘာလ ၂၇)ရက်၊ နေ့လယ်ပိုင်းတွင် ပြောသည်။ စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် သျှမ်းပြည်နယ်တွင်း တောင်ကြီးမြို့နယ် အပါအဝင်...

သျှမ်းပြည် ၉ မြို့နယ်နှင့် ဗန်းမော်မြို့နယ် ပါဝင်သည့် ရွေးကောက်ပွဲ အပိုင်း (၃) စစ်တပ်ကော်မရှင် ထုတ်ပြန်

0
သျှမ်းပြည်နယ် အတွင်းရှိ မြို့နယ် ၉ ခု အပါအဝင် မြို့နယ် ၆၃ ခုတွင် စစ်တပ် ရွေးကောက်ပွဲ အပိုင်း (၃) ကို လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း စစ်တပ် ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ဒီဇင်ဘာလ...

“ဒီရွေးကောက်ပွဲကတော့ ပိုရှုပ်ထွေးအောင် လုပ်ထားတယ်လို့တော့ ထင်ပါတယ်”

0
ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ မြို့အများအပြားကို စစ်အုပ်စုထံက သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်လည်း တရုတ်၏ ကြားဝင်စေ့စပ်မှုအရ သိမ်းပိုက်ထားသည့် မြို့အချို့အား ပြန်လည်လက်လွှတ်ခဲ့ရသည်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့သည်...

ပင်လောင်းမြို့ ပေါင်းလောင်းတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံး၊ နှစ်ဦး အပြင်းထန်ဒဏ်ရာရ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ် ပေါင်းလောင်းမြို့သစ် သပြေကုန်းအုပ်စု ဧဒင်ကျေးရွာတွင် တောင်ကျရေကြောင့် လူနှစ်ဦး သေဆုံးပြီး၊ နှစ်ဦးအပြင်းထန် ဒဏ်ရာရှိသွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ( ဩဂုလတ် ၂၇) ရက် နံနက် ၂ နာရီ လူအိပ်ချိန်တွင် ရုတ်တရက် တောင်ပြိုပြီး တောင်ကျရေနှင့်အတူ ကျောက်တုံး၊...