Wednesday, January 28, 2026

ကွတ်ခိုင်မြို့နယ် ကျပ်သိန်း ၄၈ ဘီလီယံကျော်ရှိ မူးယစ်ဆေးများ ထပ်မံ သိမ်းဆည်းမိ

သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကောင်းခါး ကျေးရွာ အနီးတွင် ကျပ်သိန်း ၄၈ ဘီလီယံကျော်ရှိ မူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိကြောင်း သိရသည်။

Photo by တပ်မတော် သတင်းမှန် ပြန်ကြားရေး

အဆိုပါ မူးယစ်ဆေးဝါးများကို ယမန်နေ့ (ဧပြီ ၁) ရက်က ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာ အနီးရှိ လျှိုအတွင်း စိတ်ကြွဆေးပြားများ၊ ဘိန်းဖြူမှုန့်များ့နှင့် WY စာတန်းပါစိတ်ကြွဆေးပြား ကျပ်သိန်း ၄၈ ဘီလီယံ ကျော် သိမ်းဆည်းရမိကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး ထုတ်ပြန်ချက် အရသိရသည်။

ထို သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ကို ကွတ်ခိုင်မြို့ ရှိ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်း အပ်နှံသွားမည်ဟု လည်း ထုတ်ပြန်ချက်တွင်ရေးသား ထားသည်။

Photo by တပ်မတော် သတင်းမှန် ပြန်ကြားရေး

ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်မှ ဧပြီလ ထိ ကွတ်ခိုင်မြို့နယ် ကောင်းခါးကျေးရွာ နှင့် လွယ်ခမ်းကျေးရွာ အနီးတွင် မူးယစ်ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ စုစုပေါင်း ခန့်မှန်းငွေ ကျပ် ၃၉၃ ဘီလီယံကျော် ရှိကြောင်းသိရသည်။

Photo by တပ်မတော် သတင်းမှန် ပြန်ကြားရေး

မတ် ၃၁ ရက် နှင့် ဧပြီ ၁ ရက်ကလည်း ကောင်းခါး ပြည်သူ့စစ် (ဌာနေ) အဖွဲ့မှ တပ်မတော်သို့ လက်နက်မျိုးစုံ ၄၈ လက်၊ ထပ်မံ အပ်နှံသည့်အတွက် စုစုပေါင်း လက်နက်စုံ ၁၉၀၆ လက်၊ ကျည်မျိုးစုံ ၅၁၀၀၆၂ တောင့်၊ ဗုံးသီး၊ ဒုံးသီး မျိုးစုံ ၂၁၉၇ လုံး၊ လက်ပစ်ဗုံး ၁၁၀၀လုံးဝ မိုင်း ၂၉ လုံး နှင့် ဆက်စပ်ပစ္စည်းများ အပ်နှံခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ကောင်းခါးပြည်သူ့စစ် (ဌာနေ) အဖွဲ့ဝင်များ၏ ဝမ်းရေး လိုအပ်ချက်များနှင့် စိုက်ပျိုးရေး ၊ မွေးမြူရေး လုပ်ငန်းနှင့် တရားဝင် စီပွားရေး လုပ်ငန်းများ ဆက်လက် လုပ်ကိုင် နိုင်ရေး အတွက် တပ်မတော်မှ လိုအပ်သည်များ ပံ့ပိုး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း လည်း တပ်မတော် သတင်းမှန်ပြန်ကြားရေး သတင်းအရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

အိမ်စောင့်တပ်နှင့်ကိုးကန့်တပ် တိုက်ပွဲကြောင့် မူဆယ်ခရိုင်ကျေးလက်လူထုအခက်တွေ့

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ် - ပန်ဆိုင်းမြို့နယ်ခွဲအတွင်း ကျေးရွာအချို့အတွင်း အိမ်စောင့် တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် တောတောင်အတွင်းသို့တိမ်းရှောင်နေရသည့် ကျေးလက်ဒေသခံများ စားဝတ်နေရေးအခက်အခဲများကြုံတွေ့နေရသည်ဟုသတင်းရရှိသည်။ သြဂုတ်လဆန်းပိုင်းမှယနေ့အထိ စစ်ကောင်စီတပ်နှင့်မြောက်ပိုင်းမဟာမိတ်တပ်တို့ကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့သည်။ တိုက်ပွဲကြောင့် မူဆယ်ခရိုင် ကြူကုတ် - ပန်ဆိုင်း မြို့နယ်ခွဲ ဖေါင်းဆိုင် ကျေးရွာအုပ်စု ဖိုင်ကောင်းကျေးရွာအတွင်း...

အာဏာသိမ်းတပ် နှင့် သျှမ်းပြည်တပ်မတော် RCSS တို့ ယနေ့ တိုက်ပွဲ ၃ ကြိမ်ဖြစ်

0
အာဏာသိမ်းတပ် နှင့် သျှမ်းပြည်ပြန်လည်ထူတောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA တို့ သျှမ်းပြည်တောင်ပိုင်းအတွင်း ယနေ့တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့သည်ဟုသိရသည်။ ၂၀၂၁ ခု ဧပြီလ ၂၂ ရက် နံနက်ပိုင်း တွင် သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုးနဲမြို့နယ်အတွင်း တွင်လည်းကောင်း၊ လွိုင်လင်ခရိုင် နမ့်စန်မြို့နယ် အတွင်းနှင့် ကျေးသီးမြို့နယ် မိုင်းနောင်မြို့နယ်ခွဲ...

သီပေါမြို့နယ် RCSS နှင့် အစိုးရတပ် ရက်ဆက်တိုက်ပွဲဖြစ်

0
သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် တွင် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) နှင့် အစိုးရတပ် ယခုရက်ပိုင်း တိုက်ပွဲပြင်းထန်မှုဖြစ်ပွားနေကြောင်းစုံစမ်းသိရသည်။ သီပေါမြို့နယ် မိုင်းတုံကျေးရွာအုပ်စု ပန်ခါးကျေးရွာ အနီးတွင် RCSS/SSA နှင့် အစိုးရတပ် တို့သည် ယမန်နေ့ (ဖေဖော်ဝါရီ ၁၁)ရက်တွင် တိုက်ပွဲပြင်းထန်မှုဖြစ်ပွားခဲ့ပြီး တပ်မတော်ဘက်မှ တပ်သား ၂ဦး...

SSPP/SSA နှင့် တပ်မတော် ကွတ်ခိုင်မြို့နယ်တွင် တိုက်ပွဲပြင်းထန်နေ

0
သျှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် မြန်မာ့တပ်မတော်တို့သည် ယနေ့ (ဖေဖော်ဝါရီ ၁၁)ရက် မနက်ပိုင်းတွင် တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ကြောင်းစုံစမ်းသိရသည်။ SSPP/SSA နှင့် မြန်မာ့တပ်မတော်သည် ကွတ်ခိုင်-နမ့်ဖက်ကာကြား နမ့်အုမ်ကျေးရွာ အနီးတဝှိက်တွင် ယနေ့ မနက် ၈နာရီ မှ စတင်ဖြစ်ပွားခဲ့ကြောင်း၊ တပ်မတော်...

RCSS/SSA နှင့် တပ်မတော် သီပေါမြို့နယ် တွင် ၂ရက် တိုက်ပွဲဖြစ်

0
သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS/SSA)နှင့် တပ်မတော်တို့သည် ၂ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ RCSS/SSA နှင့် တပ်မတော်သည် ဖေဖော်ဝါရီ (၉ )ရက် နေ့လည်ပိုင်း တွင် သီပေါမြို့နယ် မိုင်းတုံကျေးရွာ အုပ်စု ခိုင်းဆင်ကျေးရွာ တွင် တကြိမ်၊ ယနေ့ ဖေဖော်ဝါရီ (၁၀)ရက်...