Wednesday, January 28, 2026

သျှမ်းပြည် အတွင်း COVID-19 လူနာ ကုသရန် ဆေးရုံ ၈ခု လျာထား

သျှမ်းပြည် အတွင်း COVID-19 အတည်ပြု လူနာများအတွက် ဆေးရုံကြီး ၈ခု တွင် ကုသရန် ဆောင်ရွက်သွားမည် ဟု သျှမ်းပြည်နယ် အစိုးရ ထံမှ သိရသည်။

Photo by ဒေသခံတဦး၊ သျှမ်းပြည်တွင်း လျားထားသည့် ဆေးရုံ ၈ခုထဲက စဝ်စံထွန်းဆေးရုံ ပုံ

COVID-19 ကူးစက်ခံရသည့် လူနာများအတွက် သျှမ်းပြည် အတွင်းရှိ ဆေးရုံကြီး ၈ခုဖြစ်သည့် သျှမ်းမြောက်တွင် လားရှိုး၊ မူဆယ် ပြည်သူ့ဆေးရုံများဖြစ်ပြီး၊ သျှမ်းတောင်တွင် စဝ်စံထွန်း ဆေးရုံ၊ အမျိုးသမီးနှင့် ကလေး ဆေးရုံ၊ လွိုင်လင်ပြည်သူ့ဆေးရုံနှင့် ကလောပြည်သူ့ဆေးရုံတို့ ဖြစ်သည်။

ထို့ပြင် သျှမ်းရှေ့ တွင် တာချီလိတ် ပြည်သူ့ဆေးရုံ နှင့် ကျိုင်းတုံ ပြည်သူ့ဆေးရုံသို့ဖြစ်ကြောင်း သျှမ်းပြည်နယ် အစိုးရ အဖွဲ့ဝင် ပြည်နယ် လူမှုရေး ဝန်ကြီး ဒေါက်တာ မျိုးထွန်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ဆေးရုံကြီး ၈ ခုကတော့ ပြည်နယ်အစိုးရက ပံ့ပိုးပေးမယ့် စက်ကိရိယာတွေ အထောက်အကူ ပစ္စည်းတွေ အားလုံး စုစုပေါင်း ကျပ်သိန်း တစ်ထောင်သုံးရာသုံးဆယ် (၁၃၃၀) လောက် ကျနော်တို့ ထောက်ပံ့ပေးထားတယ်” ဟု ဒေါက်တာ မျိုးထွန်း က ပြောသည်။

Photo by ထုန့်ဟွေ့လီ

စောင့်ကြည့်ခံရသူများ နေမကောင်းဖြစ်လာပါက သံသယ လူနာ အဖြစ် သတ်မှတ်ခံရမည် ဟု ဒေါက်တာ မျိုးထွန်းက ပြောသည်။

“ကျနော်တို့ စောင့်ကြည့်ထဲက သံသယ ဖြစ်လာတယ်ဆိုရင် ဓာတ်ခွဲမှုတွေ လုပ်မယ်။ အာခေါင်တို့ပတ်တွေ ယူပြီးတော့ အမျိုးသားဓာတ်ခွဲကို ပို့မယ်။ positive ဖြစ်လာလို့ ခုနပြောတဲ့ လက်ခံကုသတဲ့ ဆေးရုံ ၈ ခုကို ကျနော်တို့ ပို့မှာ ဖြစ်ပါတယ်”ဟု သျှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ရှင်းပြသည်။

လက်ရှိမှာ သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့ မှ ထိုင်းနိုင်ငံမှ ပြန်လာသည့် အမျိုးသားတဦး COVID-19 အတည်ပြု လူနာ ဖြစ်သည့် အတွက် ကျောက်မဲဆေးရုံ မှ လားရှိုးပြည်သူ့ဆေးရုံသို့ လွှဲပြောင်း ကုသထားကြောင်း သိရသည်။

သျှမ်းပြည်တွင်း ဧပြီ ၁ ရက်နေ့ အထိ Covid-19 စောင့်ကြည့်လူနာ ၈၉ ဦးရှိပြီး သံသယ လူနာ ၁ ဦး ၊ ပိုးမတွေ့ လူနာ ၇၇ ဦး ၊ ပိုးတွေ့လူနာ ၁ ဦး နှင့် အဖြေစောင့်သည့် လူနာ ၁၂ ဦး ရှိထားကြောင်း ဒေါက်တာမျိုးထွန်းက ကပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Shan State Map_Update_1

ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်မှ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်း UEC ထပ်မံထုတ်ပြန်

0
စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် ပါဝင်နေသည့် ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်များရှိ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ ထပ်မံထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၇ ရက်) ညပိုင်းတွင် ရွေးကောက်ပွဲ တတိယပိုင်းထဲ ပါဝင်နေသည့် သျှမ်းပြည်မှ...

တိတ်ဆိတ်ငြိမ်သက်နေသည့် စစ်တပ် ရွေးကောက်ပွဲ

0
“ထူးထူးခြားခြား မရှိပါဘူး။ ဧည့်သည်တွေနဲ့ ရှုပ်နေတာပဲ၊ မအားဘူး” ဟု တောင်ကြီးမြို့ခံ ဈေးဆိုင် ပိုင်ရှင် တဦးက သျှမ်းသံတော်ဆင့်ကို ယနေ့ (ဒီဇင်ဘာလ ၂၇)ရက်၊ နေ့လယ်ပိုင်းတွင် ပြောသည်။ စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် သျှမ်းပြည်နယ်တွင်း တောင်ကြီးမြို့နယ် အပါအဝင်...

သျှမ်းပြည် ၉ မြို့နယ်နှင့် ဗန်းမော်မြို့နယ် ပါဝင်သည့် ရွေးကောက်ပွဲ အပိုင်း (၃) စစ်တပ်ကော်မရှင် ထုတ်ပြန်

0
သျှမ်းပြည်နယ် အတွင်းရှိ မြို့နယ် ၉ ခု အပါအဝင် မြို့နယ် ၆၃ ခုတွင် စစ်တပ် ရွေးကောက်ပွဲ အပိုင်း (၃) ကို လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း စစ်တပ် ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ဒီဇင်ဘာလ...

“ဒီရွေးကောက်ပွဲကတော့ ပိုရှုပ်ထွေးအောင် လုပ်ထားတယ်လို့တော့ ထင်ပါတယ်”

0
ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ မြို့အများအပြားကို စစ်အုပ်စုထံက သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်လည်း တရုတ်၏ ကြားဝင်စေ့စပ်မှုအရ သိမ်းပိုက်ထားသည့် မြို့အချို့အား ပြန်လည်လက်လွှတ်ခဲ့ရသည်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့သည်...

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...