Wednesday, January 28, 2026

အင်းလေး ဒေသခံ များ COVID-19 ကြောင့် စားဝတ်နေရေး ခက်ခဲနေ

ကမ္ဘာတဝှမ်း COVID-19 ကူးစက်မြန်ရောဂါ ဖြစ်ပွားမှုကြောင့် ခရီးသွားဧည့်သည် အဓိက အားကိုးရသည့် သျှမ်းတောင် အင်းလေး ဒေသခံများ စားဝတ်နေရေး ရုန်းကန်နေရကြောင်း သိရသည်။

 

Photo by SHAN

လက်ရှိမှာ သျှမ်းပြည် တောင်ပိုင်း ခရီးသွားဧည့်သည် အများစု ဝင်ရောက်လည်ပတ်သည့် တန်ခိုးကြီးဘုရားများ နှင့် သမိုင်းဝင် နေရာများ သည် COVID-19 ကြောင့် ယာယီပိတ်ထားရသည်။

ထို ယာယီပိတ်ဆိုင်းမှုကြောင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း နှင့် အသက်မွေးဝမ်းသည့် အင်းလေးကန် ဒေသခံများအတွက် စားဝတ်နေရေး ရုန်းကန်နေရပြီး အခက်အခဲဖြစ်နေကြောင်း အင်းလေး ဒေသခံများ က ပြောဆိုလိုက်သည်။

“ဘယ်မှ မသွားရတော့ဘူး။ အိမ်ထဲမှာပဲ နေနေရတာ၊ အဆင်ပြေသလို စားနေရတယ်။ ဝင်ငွေလည်း မရှိတော့ တစ်နေ့လုပ်တစ်နေ့စားအတွက် အရမ်းရုန်းကန်နေရပါတယ်” ဟု အင်းလေး ဒေသခံ မခင်လေး က ပြောသည်။

နှစ်စဉ်နှစ်တိုင်း ယခုရာသီ သည် ခရီးသွားဧည့်သည်များပြီး ဈေးရောင်းကောင်းသည့် အချိန်ဖြစ်ကြောင်း၊ မိုးရာသီရောက်ပါက ဧည့်သည်ရှား ကာ ဝင်ငွေ မရကြောင်း မခင်လေး က အင်းလေးဒေသ အကြောင်းကို ပြောပြသည်။

“ ဒီနှစ်က ရောဂါ လာဖြစ်နေတော့ ကျမ တို့ အတွက်တော့ အရမ်း ရုန်းကန်နေရတယ် စိတ်ဆင်းရဲတာပဲ သိတယ်။ မိသားစု နဲ့ ဝန်ထမ်းတွေ က ၇ ယောက်လောက်ရှိတယ် အခက်အရမ်းတွေ့နေပြီ။အစိုးရ ဘက်လည်း လာကူညီစေချင်တယ်” ဟု မခင်လေး က ဆိုသည်။

Photo by SHAN

လက်ရှိမှာ အင်းလေးကန်ကို အမှီပြုပြီး လုပ်ကိုင် စားသောက်နေသည့် စက်လှေသမားများ အတွက်လည်း စားဝတ်နေရေးအတွက် ရင်ဆိုင်နေရကြောင်း စက်လှေသမားများက ဆိုသည်။

COVID-19 ကြောင့် ခရီးသွားဧည့်သည်များ ဝင်ရောက်ခွင့် ပိတ်ဆိုင်းကြောင်း၊ ဟိုတယ်များလည်း အကန့်သတ် မရှိ ပိတ်ထားသဖြင့် အင်းလေး စက်လှေမောင်းသူအနေဖြင့် ဝင်ငွေများစွာကျဆင်းသည် ဟု စက်လှေသမား ဦးမောင် က ပြောသည်။

“ တိုးရစ်တွေလည်း မရှိ။ နောက်ပြီး ကူးစက်ရောဂါနဲ့ ပိတ်ပင်ထားတော့ စားဝတ်နေရေးတွေ ခက်ခက်ခဲခဲနဲ့ ရင်ဆိုင်နေတယ်။ လှေတင်ဖို့ တော်တော် စဉ်းစားနေရတယ်။ လေးလေးတို့က တစ်နှစ်တစ်ခါ လှေတစ်စီးကို ပြန်တင်ရင် သုံးသိန်းခွဲလောက်ကုန်တာ အဲ့ဒါတွေအတွက် တော်တော် စဉ်းစားနေရတယ်” ဟု ဦးမောင် က ဆိုသည်။

နှစ်စဉ်နှစ်တိုင်း ၁၀တန်း စာမေးပွဲ ပြီးပါက ပြည်တွင်း ဧည့်သည်များက အင်လေးကို ဘုရားဖူး လာကြကာ ဝင်ငွေများရကြောင်း စက်လှေသမား ဦးမောင် က ပြောပြသည်။

“အခုကျတော့ လေးလေးတို့ ဘာမှ မရကြဘူးလေ မသွားရ မလာရတော့ သွားလာနေတဲ့ ပုဂ္ဂိုလ်တွေလဲ မရှိတော့ ဒီတိုင်းပဲ ရပ်ထားရတာပေါ့ ခုက စားဝတ်နေရေးအတွက် အရမ်းထိခိုက်နေတယ် ရုန်းကန်နေရတယ်” ဟု ဦးမောင်က လက်ရှိ ရင်ဆိုင်နေရသည်ကို ပြောသည်။

COVID-19 ကြောင့် ဟိုတယ် နှင့် ခရီးသွားလုပ်ငန်း နယ်ပယ် တွင် လုပ်ကိုင်နေသည့် ဝန်ထမ်းတချို့ အလုပ်ရပ်နားရ ကာ ဝင်ငွေ မရှိတော့ကြောင်း သိရသည်။

“ ဟိုတယ် တချို့ ဝန်ထမ်းတွေကတော့ ၂လစာ ထုတ်ပေးတယ်။ တချို့ ဟိုတယ်ကတော့ လစာ မပေးတာ ရှိတယ်။ ဒီတိုင်း နားရတယ်။ ဘယ်တော့ ပြန်ဖွင့်မယ်ဆိုတာ မသိသေးဘူး” ဟု ညောင်ရွှေ ဟိုတယ် ဝန်ထမ်း တဦးက ပြောသည်။

ဆက်လက်ပြီး သျှမ်းတောင် ခရီးသွား လုပ်ငန်းရှင် အသင်း ဒုဥက္ကဌ (၂) စိုင်းကျော်ကျော်လှိုင် က “Covid-19 ရောဂါ နဲ့ ပတ်သက်ပြီးတော့ ခရီးသွားလုပ်ငန်းအပါအဝင် ဆက်စပ်နေတဲ့ ဟောတယ်တွေ စားသောက်ဆိုင် အားလုံးကတော့ 100% ထိခိုက်တယ်။ လုပ်ငန်း အကုန်လုံး ထိခိုက်ကြတယ်” ဟု သျှမ်းသံတော်ဆင့် သို့ပြောသည်။

အင်လေး ဒေသ အတွင်း COVID-19 အတည်ပြုလူနာ ဧည့်လမ်းညွန် မရောက်ခင် မတ် ၂၀ နောက်ပိုင်း က ခရီးသွား လုပ်ငန်း အားလုံး ရပ်တန့်လိုက်ရကြောင်း စိုင်းကျော်ကျော်လှိုင် က ပြောသည်။

မတ် ၂၆ ရက် တွင် COVID-19 အတည်ပြု လူနာ အသက် ၆၀နှစ် ဧည့်လမ်းညွှန် အမျိုးသမီး တဦး သျှမ်းပြည် တောင်ပိုင်း ညောင်ရွှေ၊ အင်းလေး၊ ကလော နှင့် ပင်းတယ စသည့်နေရာများတွင် လာရောက်ခဲ့သဖြင့် လက်ရှိမှာ သျှမ်းပြည် အစိုးရ မှ အဆိုပါ နေရာများကို ပိတ်ထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နေရပ်ပြန် ပြောင်းချိုးသည့် အင်းလေးဒေသက စစ်ရှောင်အမျိုးသားပျောက်ဆုံးနေ

0
သျှမ်းပြည်တောင်ပိုင်း အင်းလေးဒေသသို့ စစ်ဘေးရှောင်လာသည့် အမျိုးသားတစ်ဉီးသည် ၎င်း၏ နေရပ်ဖြစ်သည့် ဖယ်ခုံမြို့နယ်အတွင်းသို့ ပြောင်းချိုးရန် သွားစဉ် ပျောက်ဆုံးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ရက်တွင် အသက် ၂၄နှစ်အရွယ်ရှိ ကိုအောင်ကိုကို(ခ)ဖိုးနီသည် ဖယ်ခုံမြို့နယ် နောင်လိုင်ကျေးရွာသို့ ပြောင်းဖူးချိုးရန် နေရပ်ပြန်သွားခဲ့သည်။ ဒီဇင်ဘာ ၁၈ရက်တွင် အင်းလေးဒေသ စံကားကျေးရွာအုပ်စု...

ထိုင်းနယ်စပ်သွားမည့်ကားများ စစ်ဆေးမှုတင်းကြပ် ခရီးသည်နည်းပါးလာ

0
သျှမ်းပြည် တောင်ပိုင်း မှ ထိုင်းနယ်စပ် တာချီလိတ်သို့ သွားသည့် လမ်းပိုင်းတွင် လက်နက်ကိုင်တပ်ဖွဲ့များ စစ်ဆေးမှု တင်းကြပ်လာပြီး ခရီးသည်များ နည်းပါးလာကြောင်း ကားသမားများထံ စုံစမ်းသိရသည်။ စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အကောင်အထည်ဖော်မှု၊ တိုင်းရင်းသားလက်နက်ကိုင်များ၏ တပ်သားသစ် စုဆောင်းမှုများကြောင့် ထိုင်းနယ်စပ် တာချီလိတ်မြို့ လမ်းကြောတလျောက်တွင် စစ်ဆေးမှုတင်းကြပ်လာပြီး၊...

မျှော်ပေမယ့် ဖြစ်မလာတဲ့ တာချီလိတ်နယ်စပ်ဂိတ်

0
“နယ်စပ်ဂိတ် ပြန်ဖွင့်တော့မယ်” ဆိုတဲ့ သတင်းတွေဟာ နယ်စပ်ကို အမှီပြုပြီး ရောင်းဝယ်ရေး လုပ်နေကြတဲ့ ပြည်သူတွေအနေနဲ့ မျှော်လင့်စောင့်စားနေကြရတာ ဖြစ်သလို မကြာခဏလည်း ကြားရတတ်တဲ့ သတင်းတွေလည်း ဖြစ်နေပါတယ်။ ဒါပေမယ့် မကြာခဏ သတင်းကြားရတဲ့ အတိုင်း မကြာခဏလည်း မျှော်လင့်ချက်တွေ ရိုက်ချိုးခံရတဲ့ နယ်စပ်သတင်းတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလ...

မြန်မာ-တရုတ် မန့်ဝိန်း-ကျယ်ဂေါင်နယ်စပ်ဂိတ် အကန့်အသတ်ဖြင့် ဖွင့်

0
ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ၃နှစ်နီးပါး ပိတ်ထားသည့် မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း-ဂျယ်ဂေါင်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံဘက်မှ ပြန်လည်ဖွင့်လှစ်လိုက်ကြောင်း သတင်းရရှိသည်။ မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ မန့်ဝိန်း- ဂျယ်ဂေါင် နယ်စပ်ဂိတ်ကို ယနေ့ (ဇန်နဝါရီ ၁၄)ရက် နံနက် ၇ နာရီတွင်...

ရွှေလီမြစ်ဝှမ်း ကြံစိုက်သူများ အခက်ကြုံနေ

0
ထုန့်မောဝ် (ရွှေလီမြစ်ဝှမ်း) ကြံစိုက်ခင်းပိုင်ရှင်များသည် တရုတ်နိုင်ငံတွင်းသို့ ကြံတင်ပို့ရောင်းချပေးပြီးသော်လည်း လက်ရှိအချိန်ထိ ငွေပြန်မရရှိသေးသည့်အတွက်ကြောင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။ ဒီဇင်ဘာ ပထမပတ်ကစပြီး သျှမ်းပြည်မြောက်ပိုင်း ရွှေလီမြစ်ဝှမ်းဒေသဖြစ်သည့် မူဆယ်မြို့နယ် နှင့် နမ့်ခမ်းမြို့နယ်တွင်း ကြံစိုက်ခင်းပိုင်ရှင်များက တရုတ်နိုင်ငံတွင်း တင်ပို့ပေးပြီးငွေပြန်မရရှိသေးသည့်အတွက်ကြောင့် ထပ်မံစိုက်ပျိုးရန်အတွက် အခက်ခဲဖြစ်နေကြောင်း သိရသည်။ “ အရမ်းခက်ခဲတယ်။ ကျနော်တို့လည်းစိုက်ပျိုးဖို့ ငွေအင်အား၊...