Thursday, January 29, 2026

ရိုးရာစာပေယဉ်ကျေးမှုထိမ်းသိန်းရေးနှင့် လူငယ်များတာဝန်ယူမှု စာပေဟောပြောပွဲ ပင်လုံမြို့တွင်ပထမဆုံးအကြိမ် ကျင်းပ  

သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် ပင်လုံမြို့ သျှမ်းစာပေယဉ်ကျေးမှုခန်းမတွင် ပထမအကြိမ် သျှမး်စာပေဟောပြောပွဲ ပြုလုပ်ကျင်းပရာ လူငယ်နှင့် စာပေ ၊ တာဝန်ယူမှု တာဝန်ခံမှု နှင့်ပတ်သက်ပြီး သျှမ်းစာပေကျွမ်းကျင်းပညာရှင် ၂ ဦးက ဟောပြောသွားခဲ့ကြောင်း သိရသည်။

စာရေးဆရာဟင်းကာယန်း

ပင်လုံမြို့ရှိ သျှမ်းစာပေယဉ်ကျေးမှု အသင်းက ဦးဆောင်ကာ မတ်လ ၂၀ ရက်နေ့ က အဆိုပါစာပေဟောပြောပွဲကျင်းပခဲ့ခြင်းဖြစ်ပြီး စာရေးဆရာ၊ ကဗျာဆရာ၊ ဆဲန်ပိုင်းဂျာနယ်အယ်ဒီတာ၊ သျှမ်းစာပေမြတ်နိုးသူ ဆရာ ဟင်းကာယန်း နှင့် သျှမ်းပေစာ ကျွမ်းကျင်ပညာရှင် စာရေး ကော်မိန်း တို့ ကဟောပြောသွားခဲ့ခြင်းဖြစ်ပါသည်။

ဟင်း ကာယန်းက “အနာဂတ်လူငယ်တွေမှာ တာဝန်ရှိတယ် မရှိဘူးဆိုတာ၊ သိတယ်မသိဘူးဆိုတာ မူတည်တယ်။ ဒါကြောင့်မလို့ တာဝန်သိမှုဆိုတာ ဘာလဲ တာဝန်ကို သိလာတာနဲ့ တစ်ပြိုင်တည်းမှာ တာဝန်ကို ဘယ်လို ရယူပြီး တာဝန်ကျေအောင် ဘယ်လိုထမ်းဆောင်မလဲ ဆိုတဲ့ အကြောင်းကို လူငယ်တွေ ပိုပြီးတော့မှ သိထားပြီးသားရှိရင်တောင်မှ ဒီထက်မက ကျယ်ကျယ်ပြန့်ပြန့် သိနိုင်ဖို့အတွက် လာရောက်ဟောပြောခြင်း ဖြစ်ပါတယ်” ဟု သျှမ်းသံတော်ဆင့် ကိုပြောသည်။

ပင်လုံမြို့ သျှမ်းစာပေယဉ်ကျေးမှုခန်းမတွင် ပထမအကြိမ် သျှမး်စာပေဟောပြောပွဲ ပြုလုပ်ကျင်းပ

လူငယ်များသည် အနာဂတ်ခေါင်းဆောင်များဖြစ်ကာ တိုင်းပြည်ကို အုပ်ချုပ်၍ ဦးဆောင်သွားမည့် သူများဖြစ်သည့်အတွက် ပညာတတ်မြောက်ရန် အမြင်ကျယ်ရန် လိုအပ်ကြောင်း၊ တွေးတာဆင်ခြင်တတ်ရန် ဖန်တီးနိုင်စွမ်းရှိသည့် လူငယ်များဖြစ်ရန် လိုအပ်ကြောင်း၊ စာပေတွင် ရင်းနှီးကျွမ်းဝင်ရန် လိုအပ်သည့်အပြင် အသိပညာ ဗဟုသုတပိုင်းတွင် ပိုမိုမွေ့လျော်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် လူငယ်များကို ဦးစားပေးကာ ဟောပြောရခြင်း ဖြစ်ကြောင်း ဆရာ ဟင်း ကာယန်း ကပြောသည်။

“စာပေယဉ်ကျေးမှု ထွန်းကားလာအောင် နောက်တစ်ခုက မျိုးဆက်သစ်လူငယ်တွေ စာပေယဉ်ကျေးမှုကို ချစ်မြတ်နိုးလာအောင် ထိန်းသိမ်းစောင့်ရှောက်လာအောင် ဗဟုသုတ တိုးပွားေတွေလာအောင်ဆိုပြီး ရည်ရွယ်ချက် တွေနဲ့ ဒီစာပေဟောပြောပွဲ လုပ်ရခြင်း ဖြစ်ပါတယ်” ဟု ပင်လုံသျှမ်းစာပေယဉ်ကျေးမှု ဥက္ကဌ လုံးစိုင်းဆွန်ယု ကပြောသည်။

ဆရာစိုင်းကော်မိန်းကလည်း ရိုးရာယဉ်ကျေးမှု မပပျောက်အောင်၊ စာပေယဉ်ကျေးမှု မပပျောက်အောင်ထိန်းသိမ်းရန် လူငယ်မောင်မယ်များတွင်တာဝန်ရှိကြောင်း ဟောပြောသွားပါသည်။

ပင်လုံမြို့၌ ကျင်းပသည့် သျှမ်းစာပေဟောပြောပွဲသည် လွိုင်လင်မြို့မှ သျှမ်းစာပေသင်ကြားသည့် ဆရာ/မ များ ပင်လုံမြို့မှ သျှမ်းစာပေ သင်ကြားသည့် ဆရာ/မ များ မြို့မိ မြို့ဖ များ လူမှုအဖွဲ့အစည်းများ စုစုပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လုံမြို့တွင် စစ်ခေါင်းဆောင်မိသားစု ကျောင်းဆောင်ရေစက်ချပွဲ ပြုလုပ်၊ ဒေါ်ကြူကြူလှနှင့် သားသမီးများ တက်ရောက်ခဲ့

0
သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် မိသားစုမှ လှူဒါန်းသည့် ကျောင်းဆောင်သစ် ရေစက်ချပွဲ ပြုလုပ်ခဲ့ပြီး စစ်ခေါင်းဆောင်ဇနီးဖြစ်သူ ဒေါ်ကြူကြူလှနှင့် သားသမီးများ တက်ရောက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁၀ ရက်) နေ့လယ်ပိုင်းတွင် ပင်လုံမြို့ မေတ္တာအေးရိပ် ပရဟိတကျောင်း (ဝမ်လုံ) တွင်...

ပင်လုံမြို့ သင်္ကန်းပရိက္ခရာဆိုင် မီးလောင်ကျွမ်းမှုကြောင့် အမျိုးသမီး (၃) ဦး အပါအဝင် (၄) ဦး သေဆုံး

0
သျှမ်းပြည် လွိုင်လင်မြို့နယ် ပင်လုံမြို့တွင် သင်္ကန်းပရိက္ခရာဆိုင် မီးလောင်ခြင်းကြောင့် အမျိုးသမီး (၃) ဦး အပါအဝင် ဆိုင်ရှင်မိသားစု (၄) ဦး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဧပြီလ ၁ ရက်) နံနက် ၁ နာရီခွဲကျော်တွင် ပင်လုံမြို့ ရပ်ကွက် (၁) ဈေးအရှေ့ဘက်ရှိ...

“တမြို့တည်းနေပေမယ့် မီးပေးမှုက တရားမျှတမှုမရှိ “

0
သျှမ်းပြည် လွိုင်လင်ခရိုင် ပင်လုံမြို့မှာ လျှပ်စစ်မီးပေးဝေမှုနဲ့ ပတ်သက်ပြီး မျှတမှုမရှိကြောင်း ရင်ဖွင့်ချင်လို့ ဒီစာကိုရေးလိုက်ခြင်း ဖြစ်ပါတယ်။ ကျနော်တို့ ပင်လုံမြို့ ရပ်ကွက် ၃ မှာ ညဘက်ဆို မီးပျက်နေတာကြာပါပြီ။ နေ့ပိုင်းဆိုရင်လည်း ၅ မိနစ်လောက် မီးလာပြီး ပြန်ပျက်လိုက်နဲ့ တောက်လျှောက်ကို ဖြစ်နေတာပါ။ မီးပျက်တဲ့အကြောင်းအရင်းကို မေးကြည့်တော့ မီးအားမနိုင်လို့...

ထွက်ပြေးသည့် လားရှိုး အဆင့်မြင့် ဆက်သွယ်ရေးတပ်မှူး ဒုဗိုလ်မှူးကြီး ညီညီထွန်း ပင်လုံမြို့တွင် ဖမ်းဆီးခံရ

0
သျှမ်းမြောက်၊ လားရှိုးမြို့တွင် အခြေစိုက်ခဲ့သည့် အဆင့်မြင့် ဆက်သွယ်ရေးတပ် (အမှတ် ၇) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးညီညီထွန်း ပင်လုံမြို့တွင် ဖမ်းဆီးခံခဲ့ရကြောင်း စစ်ရေးသတင်းရင်းမြစ်က ယနေ့ (စက်တင်ဘာလ ၂၇ ရက်) တွင် အတည်ပြု ပြောသည်။ သျှမ်းတောင်၊ ပင်လုံမြို့၊ စိန်နန်းတော် မိုတယ်တွင် တည်းခိုနေသည့် ဒုတိယ...

ပင်လုံမြို့နယ် ပြောင်းတွဲကား လက်နက်ကိုင်တပ်ဖွဲ့ က ငွေ တိုးကောက်

0
သျှမ်းပြည် ပင်လုံမြို့နယ်တွင် ပြောင်းဖူးများဈေးကျနေချိန် ရှမ်းပြည် တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP ၏ဂိတ်များတွင် ပြောင်းတင် တွဲကားများကို ပိုက်ဆံ တိုးကောက်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည် ပင်လုံမြို့နယ် နောင်လိုင်ကျေးရွာတွင် ယခု မတ်လ ပထမပတ်မှစ၍ SSPP ဂိတ်မှလည်း ပြောင်းဖူးတင်သည့် တွဲကားများကို ငွေတိုးကောက်လာမှုကြောင့် ပြောင်းပိုင်ရှင်များ...