Friday, May 17, 2024

COVID-19 အတည်ပြုလူနာ ၂ ဦး ထပ်တိုး

Must read

မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ အမျိုးသား ၂ဦး ထပ်မံ တိုးလာကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ယနေ့ (မတ် ၂၉ ) ည ၁၀နာရီခွဲတွင် ထုတ်ပြန်ကြေညာလိုက်သည်။

လက်ရှိ မြန်မာနိုင်ငံတွင် COVID-19 အတည်ပြု လူနာ စုစုပေါင်း ၁၀ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ကြေညာချက် အရသိရသည်။

ယနေ့ ထပ်မံတိုးလာသည့် အမျိုးသား၂ ဦးသည် တဦးမှာ ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာဒုံ မြို့နယ် ပုလဲမြို့သစ်တွင် နေထိုင်သည့် အသက် ၄၄ နှစ် အရွယ် အမျိုးသားဖြစ်ပြီး၊ နောက်တဦးမှာ ရန်ကုန်တိုင်း မင်္ဂလာတောင်ညွန်တွင် နေထိုင်သည့် အသက် ၄၅နှစ် အရွယ် အမျိုးသားဖြစ်သည်။

အသက် ၄၄နှစ်အရွယ် အမျိုးသားသည် မတ် ၂၃ တွင် ထိုင်းနိုင်ငံ မြန်မာနိုင်ငံ မြဝတီမြို့မှ တဆင့် ဝင်ရောက်လာ သူဖြစ်ကြောင်း ၊ အသက် ၄၅နှစ် အရွယ် အမျိုးသားမှာမူ မည်သည့်ခရီးမှ သွားခြင်းမရှိသကဲ့သို့ ့ ဓာတ်ခွဲ အတည်ပြုလူနာနှင့်လည်း ထိတွေ့မှု မရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် စောင့်ကြည် သံသယ လူနာ ၄၇၅ ဦးရှိပြီး၊ ယနေ့ဓာတ်ခွဲ စစ်ဆေးသူဦးရေ ၈၂ ဦးရှိကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article