Saturday, May 4, 2024

မူဆယ် ညဈေး ယာယီ ပိတ်

Must read

သျှမ်းပြည် မြောက်ပိုင်း မူဆယ်မြို့ တွင် ညဈေးတန်းများ ဧပြီလ ကုန်ထိ ပိတ်ရန် မူဆယ်မြို့စည်ပင် သာယာရေး မှ ထုတ်ပြန်လိုက်သည်။

 

Photo by ထုန့်ဟွေ့လီ၊ မူဆယ် ညဈေးပုံ

လက်ရှိမှာ ကူးစက်မြန် ခိုရိုနာ ဗိုင်းရပ်စ်ကြောင့် လူစု လူဝေးများ မလုပ်ရန် အတွက် ညဈေးတန်းကို ပိတ်လိုက်ခြင်းဖြစ်ကြောင်း၊ ထို့ပြင် မူဆယ်မြို့နယ် ဒေသ ဓလေ့ ဖြစ်သည့် ၅ ရက် တကြိမ် ရှိသည့် ဈေးနေ့ကိုလည်း ဈေးရုံထဲတွင်သာ ဖွင့်လှစ်ကြရန် မူဆယ်မြို့ စည်ပင်သာယာရေး မှ တာဝန်ရှိသူက ပြောသည်။

“ ညဈေးကတော့ ပိတ်တယ်။ အမှတ်(၁)အမှတ်(၂) ၅ ရက်တကြိမ် ဈေးနေ့ ရှိတယ်။ ဈေးနေ့လို စည်စည်ကားကားရောင်းတဲ့ ဟာကို ကျနော်တို့က ကန့်သတ်လိုက်တာ” ဟု စည်ပင်သာယာမှ တာဝန်ခံ တဦးက ပြောသည်။

အဆိုပါ ည ဈေး သည် ဧပြီ ၃၀ ထိပိတ်သွားမည်ဖြစ်ပြီး၊ မေ ၁ရက် မှ စတင်ရောင်းချရမည်ဟု သိရသည်။

မူဆယ်မြို့ ၅ရက် တကြိမ်ရှိသည့် ဈေးနေ့တွင် အနယ်နယ်အရပ်ရပ် မှလာသည့် ဈေးသည်များက စည်ကားသိုက်မြိုက်စွာ ဈေးရောင်း၊ဈေးဝယ်ကြသည်။

ထို့ကြောင့် မူဆယ်ဈေးနေ့ တွင် ဈေးရုံ၏ အပြင်ဘက်တွင် ဈေးရောင်းခြင်းကို မပြုတော့ဘဲ ဈေးရုံထဲတွင်သာ ရောင်းချရန် ကန့်သတ်လိုက်ကြောင်း၊ စည်ပင် လက်အောက်ရှိ ဈေးရုံ အထဲတွင် ဖွင့်လှစ်သည့် ဈေး(၁)၊ ဈေး (၂) သည် ပုံမှန်ရောင်းချသွားမည် ဟု သိရသည်။

လက်ရှိ သျှမ်းပြည်နယ် အတွင်း ခိုရိုနာ ဗိုင်းရပ်စ် စောင့်ကြည့်လူနာ ၆၄ဦးရှိသည်။

Leave a Comments

- Advertisement -spot_img

Latest article