CSSU အလှည့်ကျဥက္ကဌသစ်အား ကြိုဆိုပွဲ ကျောက်မဲတွင်ကျင်းပ

သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ၏ အလှည့်ကျဥက္ကဌသစ်အား ကြိုဆိုသောအားဖြင့် ကျားဖြူပါတီ ဦးဆောင်ကာ သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်ပြည်သူလုထုမှ ညစာစားပွဲကျင်းပခဲ့ကြောင်းသိရသည်။

သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ၏ အလှည့်ကျဥက္ကဌသစ်အား ကြိုဆိုသည့်အခမ်းအနား

မတ်လ ၁၈ ရက်နေ့က ကျောက်မဲမြို့နယ် ကောလီဟိုတယ်တွင်ကျင်းပခဲ့ခြင်းဖြစ်ပြီး သျှမ်းပြည်မြောက်ပိုင်း ရှိ ကျားဖြူပါတီဝင်များ တက်ရောက်ခဲ့ကြောင်းသိရသည်။

“CSSU ဆိုတာက သျှမ်းလူမျိုးတမျိုးတည်းသာမကဘူး။ သျှမ်းပြည်လူထုတဝှမ်းလုံးကပါ၀င်ရမယ်။ ငြိမ်းချမ်း ကိုအဓိကလုပ်ဆောင်မယ်။ ငြိမ်းချမ်းမှ စီးပွါးရေး စိုက်ပျိုးရေး ပညာရေး အဖက်ဖက်မှာဖွံ့ဖြိုး အောင် လုပ် နိုင်မယ်လေ။ ဖက်ဒရယ်ဒီမိုကရေစီဖြစ်ဖို့လိုအပ်တယ်။ ဖက် ဒရယ်ဖြစ်မှ မျှတမယ်လေ။ အဲတာတွေကျနော် ပြောဖြစ်ခဲ့ပါတယ်။” – ဟု CSSU ဥက္ကဌသစ် ၊ သျှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်းက သျှမ်းသံတော်ဆင့်အားပြောပြသည်။

သျှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ၏ အလှည့်ကျဥက္ကဌသစ်အား ကြိုဆိုသည့်အခမ်းအနား

ညစာစားပွဲ ပျော်ပွဲရွှင်ပွဲကျင်းပရာ ကျားဖြူပါတီဝင်များနှင့် မြို့နယ်အကြီးအကဲများ တက်ရောက်ကြကြောင်း သိရသည်။

CSSU ဥက္ကဌသစ်အနေဖြင့် ငြိမ်းချမ်းရေးအတွက် သျှမ်းအမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲကျင်းပနိုင်ရေး ကနဦးကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဆိုပါသည်။

“လူထုတွေ့ဆုံပွဲ၊ အကြိုဆွေးနွေးပွဲတွေကို တောင်ကြီးမှာလုပ်ခွင့်ပေးတယ်လေ။ ပြီးရင်လင်းခေးမှာ သွားပြီး အမျိုးသားအဆင့်လုပ်မယ်။ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ အကြီးအကဲတွေကိုလည်း တင်ပြပေးမယ်။ လူထုတွေ့ဆုံပွဲမှာ အရမ်းတင်းကျပ်ရင် ငြိမ်းချမ်းရေးလုပ်နိုင်မှာမဟုတ်ဘူးလေ ”- ဟု စိုင်းအိုက်ပေါင်းက ပြောသည်။

ယခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့က လွယ်တိုင်းလျန်းတွင်ကျင်းပသော နှစ်ပတ်လည်းအစည်းအဝေးတွင် လက်ရှိဥက္ကဌတာဝန်ယူထားသည့် RCSS/SSA ခေါင်းဆောင် ဗိုလ်ချုပ်ကြီးယွက်စစ်က ဥက္ကဌအလှည့်ကျ တာဝန်ကျ ကျားဖြူပါတီအား လွှဲပြောင်းပေးရာတွင် ကျားဖြူပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်းကိုယ်စား အစည်း အဝေးတက်ရောက်လာသည့် ကျားဖြူပါတီ အတွင်းရေးမှူး စိုင်းဘိုးအောင်က လက်ခံတာဝန်ယူ ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

သီပေါ ကျားဖြူပါတီကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်

0
သျှမ်းပြည် သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းသည် ရွေးကောက်ပွဲမှ နုတ်ထွက်ရန် ဆုံးဖြတ်လိုက်ကြောင်း ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာတွင်ရေးသားထားသည်။ ယနေ့ (ဇန်နဝါရီလ ၁၀ ရက်) တွင် သီပေါမြို့နယ် မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်နေသည့် ရှမ်းနှင့်...