ချင်းမိုင် ရွှေ့ပြောင်းအလုပ်သမား သက်တမ်းတိုး ခိုရိုနာကြောင့် ယာယီရပ်ဆိုင်း

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်တွင် ပြုလုပ်ပေးနေသည့် အလုပ်သမား သက်တမ်းတိုးကဒ် (One Stop Service) လုပ်ငန်းကို ယာယီ ရပ်ဆိုင်း လိုက်ကြောင်း သတင်းရရှိသည်။

Photo ချင်းမိုင် တွင် အလုပ်သမား သက်တမ်းတိုး ကဒ် ( One Stop Service) ပြုလုပ်ပေးနေသည့် ပုံ

လက်ရှိ ထိုင်းနိုင်ငံ တွင် Covid-19 အဆုတ်ရောင် ကူးစက်မြန် ရောဂါ ဖြစ်ပွားမှု မြင့်တက်လာသည့် အတွက် မတ် ၁၉ ရက်နေ့မှစတင်ကာ အလုပ်သမား ကဒ် သက်တမ်းတိုး (One Stop Service) လုပ်ငန်းရပ်ဆိုင်းထားမည် ဟု ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင် အလုပ်သမားရုံးမှ ယနေ့ မတ်လ ၁၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်ကြောင်း သိရသည်။

အလုပ်သမား သက်တမ်းတိုးကဒ် (One Stop Service) လုပ်ငန်းကို ပိတ်လိုက်သော်လည်း အလုပ် သမားများ၏ နာမည် စာရင်းကို အလုပ်ရှင်များက အွန်လိုင်း တွင် စာရင်းပေးသွင်းနိုင်ကြောင်း ထည့်သွင်းရေးသားထားသည်။

“ မနက်ဖြန်ကစပြီး One Stop Service တနေရာထဲ မလုပ်ပေးတော့ဘူး။ လူအရမ်းများတယ်။ ခိုရိုနာကြောင့်ရပ်နားထားတာပါ။ ဘန်ကောက်မှာ စ ရပ်တာ။ ဒီနေ့က ချင်းမိုင်မှာကြေညာလိုက်တယ်။ မနက်ဖြန် ကနေ စပြီးရပ်မယ် ” ဟု ရွှေ့ပြောင်းအလုပ်သမားများ နေထိုင်အလုပ်လုပ်ရန်သက်တမ်းတိုး ရာတွင် ကူညီဆောင်ရွက်ပေးနေသည့် စိုင်းနောင့် က ပြောသည်။

One Stop Service ယာယီရပ်ဆိုင်းလိုက်သည့် အပေါ် အလုပ်သမားများ ထိခိုက်မှု မရှိကြောင်း၊ ပြဿနာလည်းမရှိကြောင်း စိုင်းနောင့် က ဆိုသည်။

ယခုအသုတ် One Stop Service ဖြင့်သက်တမ်းတိုးနေသည့် ရွှေ့ပြောင်းအလုပ်သမားများသည် တနေ့လျှင် အယောက် ၃၀၀ အထက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်းနိုင်ငံ မယ်အိုင်းမြို့နယ်တွင် စိတ်ကြွဆေးပြား၂.၅ သန်းကျော် ဖမ်းဆီးရမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ်အိုင်းမြို့နယ်တွင် ထိုင်းတပ်မတော် ဒေသ ၃ လက်အောက်ခံ တပ်ဖွဲ့များက စိတ်ကြွးဆေးပြား ခန့်မှန်းအားဖြင့် ၂.၅ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီလ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ အာဏာပိုင်များ၏ ပြောကြားချက်အရ ဖေဖော်ဝါရီ ၁၅ ရက် နံနက် ၃...

ရွေးကောက်ပွဲတွင် အနိုင်ရလျှင် ထိုင်းနိုင်ငံအတွင်း မြန်မာ NGO များကို ဖြိုခွင်းမည်ဟု Thai Pakdee ပါတီ ပြော

0
ထိုင်းနိုင်ငံအတွင်း ရွေးကောက်ပွဲအနိုင်ရပါက မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးလုပ်ဆောင်ပေးနေသော မြန်မာ NGO များကို နှိမ်နှင်းပြီး အလုပ်သမားသမဂ္ဂများဖွဲ့စည်းရန်ကူညီပေးမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံရေးပါတီတစ်ခုဖြစ်သည့် Thai Pakdee ပါတီ မှ မဲဆွယ်နေကြောင်း ထိုင်းသတင်းဌာန Khaosod တွင်ဖော်ပြထားသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၇) ရက် ညပိုင်းက Thai Pakdee ပါတီ...

အဖမ်းအဆီးကြမ်းနေသည့် ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းလုပ်သားများ သတိထားရန်လို

0
ထိုင်းနိုင်ငံအတွင်း တရားမဝင် အလုပ်လုပ်ကိုင်နေသော နိုင်ငံခြားသားများကို ဖမ်းဆီးနှိမ်နှင်းရေး အရှိန်တိုးမြှင့် လုပ်ဆောင်မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ပြီးနောက် ယခုရက်ပိုင်းအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဆက်တိုက်ဖမ်းဆီးခံနေရကြောင်း သိရသည်။ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ အလုပ်လုပ်ကိုင်နေသူများနှင့် ထိုင်းနိုင်ငံသားများသာ လုပ်ပိုင်ခွင့်ရှိပြီး နိုင်ငံခြားသားများကို တားမြစ်ထားသော လုပ်ငန်းအမျိုးအစားများတွင် လုပ်ကိုင်နေသူများအား တစ်နိုင်ငံလုံးအနေဖြင့် ရှာဖွေဖမ်းဆီးရန် ထိုင်းအလုပ်သမားဝန်ကြီးဌာနက...

ထိုင်းရောက် မြန်မာများ ဥပဒေနှင့် စည်းမျဉ်း၊ စည်းကမ်းများ လိုက်နာရန် NUG အသိပေး

0
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အုပ်စုဖွဲ့ခိုက်ရန်ဖြစ်ပွားမှုများ ဆက်တိုက်ဖြစ်ပေါ်လာပြီးနောက် ထိုင်းနိုင်ငံ၏ ဥပဒေနှင့် စည်းမျဉ်းများ၊ စည်းကမ်းများအပါအဝင် မြန်မာနိုင်ငံသားများ လိုက်နာနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အချက် ၄ ချက်ကို ဇန်နဝါရီလ ၁၄ ရက်တွင် ထုတ်ပြန်အသိပေး လိုက်သည်။ အဆိုပါထုတ်ပြန်ချက်ထဲတွင် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံ၏...

ဘတ်ရိုက်ခြင်း (သို့မဟုတ်) ရေကြည်ရာ မြက်နုရာ ရွှေ့ပြောင်းကြသူများ

0
ထိုင်းနိုင်ငံအတွင်း ရောက်ရှိနေသည့် အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဒီဇင်ဘာလ ၁၂ ရက်မှစ၍ အလုပ်လုပ်ခွင့်လက်မှတ် Work Permit (ဝေါ့ခ်ပါမစ်) အသစ်ပြုလုပ်ပေးရန် အမည်စာရင်း တင်သွင်းနိုင်ပြီဖြစ်ကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဒီဇင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။ ယခုအခါ အလုပ်လုပ်ခွင့်လက်မှတ် (ဝေါ့ခ်ပါမစ်) ပြုလုပ်ရန်...