တာချီလိတ်တွင် တရုတ်နိုင်ငံသား ၅၃၀ ကျော် သောင်တင်နေ

မြန်မာ-ထိုင်း နယ်စပ် တာချီလိတ်တွင် တရုတ်နိုင်ငံသား ၅၃၀ ကျော် သောင်တင်နေကြောင်း သတင်းရရှိသည်။

Photo by SHAN/ထိုင်း- မြန်မာ နယ်စပ် ဂိတ်

အဆိုပါ သောင်တင်နေသည့် တရုတ်နိုင်ငံသားများသည် ထိုင်းနိုင်ငံဘက်မှ EP ( Entry Permit) ပြည်ဝင်ခွင့် လက်မှတ်ဖြင့် တာချီလိတ်မြို့သို့ ဝင်လာ သူများဖြစ်ကြောင်း၊ ထိုင်းနိုင်ငံဘက်မှ တရုတ်နိုင်ငံသားများကို ပြန်လည် ဝင်ခွင့်မပေးတော့သည့်အတွက် တာချီလိတ်မြို့တွင် သောင်တင်နေကြခြင်းဖြစ်ကြောင်း တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စော က သျှမ်းသံတော်ဆင့်သို့ပြောသည်။

“ တရုတ်နိုင်ငံ သား ၅၃၇ ဦးပါ။ အခု နိုင်ငံခြားသားတွေ အတွက် သတ်မှတ်ထားတဲ့ဟိုတယ်တွေမှာ နေနေကြပါတယ်။ ၁၄ ရက် ကျော်ရင်တော့ ဒဏ်ငွေဆောင်ပြီး ထပ်နေလို့ ရပါတယ်” ဟု ဦးချမ်းမြေ့စော က ဆိုသည်။

သောင်တင်နေသည့် တရုတ်နိုင်ငံသားများ တရုတ်နိုင်ငံသို့ ပြန်လည် ထွက်ခွာလိုပါက မြန်မာနိုင်ငံ တရုတ်သံရုံးကို ချိတ်ဆက်ပြီး ထွက်နိုင်ကြောင်းလည်း ဦးချမ်းမြေ့စော ကထပ်လောင်းပြောကြားသည်။

မြန်မာ-ထိုင်း နယ်စပ် တံတားဖြတ်သန်းခွင့် နှင့် ပတ်သက်ပြီး ဦးချမ်းမြေ့စော က “ တံတားကတော့ ပုံမှန်ပဲ ဖြတ်သန်းနေကြတာ။ အဓိက တရုတ်နိုင်ငံသားတွေကို ပြန်ပေးမဝင်တာ။ တံတားဖြတ်သန်းခွင့် က မပိတ်ပါဘူး” ဟု လည်း ပြောသည်။

ယမန်နေ့ ကလည်းတာချီလိတ် ခရိုင် ပြည်သူ့ဆေးရုံတွင် COVID-19 အဆုတ်ရောင် ကူးစက်မြန်ရောဂါ စောင့်ကြည့်ခံရသည့် တရုတ်နိုင်ငံသား ၂ ဦး ရှိ နေပါသည်။

လက်ရှိမှာ ထိုင်းနိုင်ငံတွင်လည်း COVID-19 ကြောင့် သေဆုံးသူ တဦး ၊ ကူးစက်ခံရသူ ၁၄၇ ဦး ၊ စောင့်ကြည့်ခံရသူ ၆၅၄၅ ဦးရှိကြောင်း ထိုင်းနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက မတ် ၁၆ ရက် ညနေပိုင်း ထုတ်ပြန်ချက်အရသိရသည်။

ထိုင်းနိုင်ငံ Buri Ram ( ဘူရီရမ်) ခရိုင် ကို လည်း ယမန်နေ့က ဝင်၊ထွက် သွားလာခွင့်ပိတ်ခြင်း (Lockdown) ပြုလုပ်ထားသည်ဟု ထိုင်းအာဏာပိုင်များက ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင် အိမ်ယာတစ်ခုအတွင်း တရုတ်ငွေလိမ်ဂိုဏ်း တစ်ခုဖမ်းမိ

0
ချင်းမိုင်၊ ဆာရဖီ (Saraphi) မြို့နယ် အတွင်းရှိ အိမ်ယာ တစ်ခုအတွင်း အခြေစိုက်၍ ထိုင်းနိုင်ငံအတွင်း၌ တရားမဝင် အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်ကျားဖြန်းဂိုဏ်းခွဲတစ်ခုကို အာဏာပိုင်များက အရေးပေါ် ဝင်ရောက်စီးနင်း နှိမ်နင်းခဲ့ကြောင်း ချင်းမိုင်သတင်းတွင်ဖော်ပြသည်။ ချင်းမိုင်ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်များအရ ယနေ့ (ဇွန်လ ၈) ရက်တွင် အာဏာပိုင်များသည်...

မက်မန်းမြို့နယ်တွင် ကျားဖြန့် လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၉၀ ကို ဖမ်းမိ

0
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်း လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၉၀ ဦးကို လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိကြောင်း စစ်ကော်မရှင်က ထုတ်ပြန်သည်။ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ဟိုပန်မြို့ကို UWSA က ထိန်းချုပ်လိုက်ခြင်းကြောင့် "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း၏ ရုံးစိုက်ရာမြို့ကို စစ်ကော်မရှင်ထိန်းချုပ်မှုအောက်ရှိ မက်မန်းခရိုင်...

မိုင်းပန်မြို့တွင် တရုတ်နိုင်ငံသား ကျားဖြန့် သမား (၃)ဉီးထပ်မံဖမ်းဆီးရမိ

0
သျှမ်းပြည်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်း တရားမဝင်အွန်လိုင်းလိမ်လည်သူ (ကျားဖြန့်) တရုတ်နိုင်ငံသား သုံးဉီး ထပ်မံဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။ မိုင်းပန်မြို့နယ်အတွင်း မေ ၆ရက်နှင့် ၇ရက်အတွင်း အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်)လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၃)ဉီးကို စစ်ကော်မရှင် လက်အောက်ခံ ရဲတပ်ဖွဲ့များက ဖမ်းဆီးရမိကြောင်း ယနေ့ (မေ ၈)ရက် တွင် ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် မေ...

တာချီလိတ်မြို့ ရောင်နီဦးဝန်းအတွင်း တရုတ်နိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံရ

0
မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ ရောင်နီဦးဝန်းအတွင်း အွန်လိုင်းကျားဖြန့် လုပ်ကိုင်သည့် တရုတ်နိုင်ငံသား ၁၀၀ကျော် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၄ ရက်) နံနက်ပိုင်းတွင် တာချီလိတ်မြို့ ဆေးခန်းရပ်ကွက်ရှိ ရောင်နီဦးဝန်း အတွင်း စစ်ကော်မရှင်တပ်နှင့် ၎င်းလက်အောက်ခံ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့များက ဝင်ရောက်...

မိုင်းရယ်မြို့နယ်ထဲ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား (၃၃၀) ထပ်ဖမ်းမိ

0
သျှမ်းပြည်မြောက်ပိုင်း မိုင်းရယ်မြို့နယ်တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၃၃၀) ဦးကို ဆက်စပ်ပစ္စည်းများနှင့် ထပ်မံဖမ်းဆီးခဲ့ကြောင်း စစ်ကော်မရှင်ဘက်က သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဖေဖော်ဝါရီလ ၃ ရက်) နံနက်ပိုင်းတွင် မိုင်းရယ်မြို့ အရှေ့တောင်ဘက် ဟိုက်ပုကျေးရွာအနီးရှိ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် မိုးကာတဲများတွင် တရုတ်နိုင်ငံသား...