မိုင်းကိုင်ရှိ စစ်ရှောင်နေအိမ် ရွာလုံးကျွတ် ဖောက်ထွင်းခံထားရ

RCSS/SSA နှင့် အစိုးရတပ်မတော် တိုက်ပွဲကြောင့် စစ်ရှောင်ခဲ့ရသည့် မိုင်းကိုင်မြို့နယ် ကုန်းညောင်ဖာဆား ရွာလုံးကျွတ် ဖောက်ထွင်းခံခဲ့ရကြောင်း သတင်းရရှိသည်။

 

Photo by Khun Zaw Oo VJ/ facebook

ဖေဖော်ဝါရီ ၂၇ ရက်မှ စတင်သည့် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် အစိုးရ တပ်မတော်တို့ကြားတိုက်ပွဲကြောင့် မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စုမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ထိုအနက် ဟမ်းငိုင်းအုပ်စုဝင် ကုန်းညောင်ဖာဆား ကျေးရွာသည် တိုက်ပွဲဒဏ်အထိ များသောရွာတရွာဖြစ်သည်။

မတ်လ ၁ ရက်က RCSS/SSA နှင့် အစိုးရ တပ်မတော် မှ ခေါင်းဆောင်များ ဆွေးနွေးမှုကြောင့် တိုက်ပွဲ ငြိမ်သက်ကာ စစ်ရှောင်များ မိမိနေရပ်သို့ပြန်ခဲ့ကြသည်။

“ စစ်ရှောင်တွေတော့ မရှိတော့ဘူး။ အားလုံး အိမ်ပြန်ပြီ။ အထိများတဲ့ ကုန်းညောင်ဖာဆား ကျေးရွာက အိမ်ခြေ ၄၀ ကျော်တယ်။ အိမ်တိုင်းနီးပါး ဖောက်ထွင်းခံရတယ်။ ဆုံးရှုံးမှု များတယ်။ ” ဟု မိုင်းကိုင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စိုင်းပန် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

လက်ရှိ အချိန်ထိ ဆုံးရှုံးမှု တန်ဖိုးငွေ အတိအကျ မတွက်ချက်ရသေးကြောင်း၊ ဆုံးရှုံးမှု သိန်း ၁၀၀ အထက် ရှိနိုင်ကြောင်း စိုင်းပန် က ပြောသည်။

“ အိမ်ထဲမှာ ရှိတဲ့ ဓားတွေ၊ အဝတ်အစားကောင်းတွေပါ မကျန်ယူသွားတယ်။ ဆိုလာပြားလည်းယူတယ်” ဟု စိုင်းပန် က ပြောပြသည်။

ထို့ပြင် စားသောက်ကုန်များဖြစ်သည့် ဆန်၊ဆီ၊ ဆားအပြင် ခြံမွေး ကြက်ဝက်များကိုလည်း သတ်စား ကြောင်း သိရသည်။

“ ကြက်တွေသတ်စားထားပိုများတယ်။ နောက် ကုန်စုံဆိုင်ထဲက ဘီယာတွေ၊ အအေးတွေ ကြက်ဥတွေကတော့ မပြောပြနိုင်အောင်ပါပဲ” ဟု စိုင်းပန် က ထပ်လောင်းပြောသည်။

ကုန်းညောင်ဖာဆားရွာမှ အသက် ၄၀ ကျော် ဒေသခံတဦး က “ ကျနော်တို့အိမ်တွေ အားလုံး စစ်သားတွေ လာဖောက်တယ်။ အိမ်းတိုင်းလိုလို ဝင်မွှေထားတယ်။ မိန်းမ အဝတ်အစားတောင်မချန်ဘူး။ ယူသွားတယ်။ အစားအသောက်တွေလည်းယူသွားတယ်” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။

ယနေ့အချိန်ထိ အစိုးရ တပ်မတော် မှ စစ်သားများသည် ကျေးရွာအတွင်း လှုပ်ရှားမှု ရှိနေသေးသဖြင့် ကျေးရွာ ပြည်သူများ စိုးရိမ်ထိတ်လှန့်နေသေးကြောင်း၊ စစ်ကြောင်းများ ကျေးရွာအနီး သွားလာ လှုပ်ရှားမှု မပြုလုပ်ရန်လည်း တောင်းဆိုချင်ကြောင်း ၎င်း က ပြောသည်။

တိုက်ပွဲဖြစ်ပွါးချိန်အတွင်း အစိုးရ တပ်မတော် စစ်ကြောင်းများသည် ကျေးရွာများအတွင်း ဝင်ရောက်တပ်စခန်း ချ နေထိုင်ပြီး ကျေးရွာ နေအိမ်များကို ဝင်ရောက်မွှေနှောက် ရှာဖွေ စားသောက်မှုကြောင့် ဆုံးရှုံးမှု စာရင်းကို ပြုစု ကာ သျှမ်းပြည်နယ် အစိုးရ နှင့် သက်ဆိုင်ရာ လူမှုကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး တို့ကို တင်ပြသွားမည် ဟုလည်း မိုင်းကိုင် အမှတ်(၁) ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် က ပြောဆိုလိုက်သည်။

တိုက်ပွဲအတွင်း ဟမ်းငိုင်းကျေးရွာ အုပ်စု ရှိ ဟိုဖိုင်ကျေးရွာ ရှိနေအိမ်များလည်း ကျည်ထိမှန်ထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

7 EAO Alliance ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားပြီး NSPNC နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေး

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့မှ နေပြည်တော်သို့ သွားရောက်ကာ အသွင်ပြောင်းစစ်အစိုးရ အသစ်ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး...

ဗိုလ်ချုပ်ကြီးယွက်စစ်ကို စစ်တပ်ဘက်မှ တိုက်လေယာဉ်ဖြင့် အနီးကပ်ပျံသန်း ခြိမ်းခြောက်ခဲ့ကြောင်း RCSS ပြော

0
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် အဖွဲ့အား စစ်တပ်ဘက်မှ တိုက်လေယာဉ်တစ်စင်းဖြင့် အနီးကပ် ခြိမ်းခြောက်ပျံသန်းခဲ့ကြောင်း RCSS ဘက်မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (မေလ ၂၇ ရက်) နံနက် ၁၀ နာရီကျော်တွင် နမ့်စန်မြို့နယ် ခိုလမ်မြို့၊...

“၆၈ နှစ်” သျှမ်းတော်လှန်ရေး ခရီးရှည်ကို ပြန်သုံးသပ်ရန် RCSS ဥက္ကဋ္ဌ တိုက်တွန်း

0
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ကိုယ်တိုင် သုံးသပ်ထားသည့် သဝဏ်လွှာကို ယနေ့ (မေလ ၂၁ ရက်)တွင် ထုတ်ပြန်လာသည်။ သျှမ်းတော်လှန်ရေးသည် ၁၉၅၈ ခုနှစ် မေ ၂၁ ရက်တွင် သျှမ်းလူငယ်ခေါင်းဆောင် စဝ်ဆောယန္တ...

မိုင်းကိုင်- နမ့်လန်ကြား SSPP စစ်ဆေးရေးဂိတ်များ စစ်ကော်မရှင်တပ် ထပ်မံဆုတ်ခိုင်း

0
သျှမ်းပြည် တောင်ပိုင်း မိုင်းကိုင်မြို့ မှ သျှမ်းပြည် မြောက်ပိုင်း နမ့်လန်မြို့ကို သွားတဲ့ လမ်းမပေါ်ရှိသည့် SSPP/SSA စစ်ဆေးရေးဂိတ်များ ထပ်မံ ဖြုတ်သိမ်းဆုတ်ခွာရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မိုင်းကိုင် - နမ့်လန် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် SSPP/SSA စစ်ဆေးရေးဂိတ်ကို စစ်ကော်မရှင်တပ်...

“အတိတ်က အမှားကို သင်ခန်းစာယူပြီး အနာဂတ် အတွက် ပြင်ဆင်ရန်” RCSS ဥက္ကဌ ပြော

0
ခေတ်သစ်ဗမာ့ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် အတိတ်က အမှားတွေကို သင်ခန်းစာယူပြီး အနာဂတ်အတွက် ပြင်ဆင်ဆောင်ရွက်ရန် RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က က အကြံပြုပြောဆိုလိုက်သည်။ အဆိုပါပြောဆိုချက်သည် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ သျှမ်းပြည် တပ်မတော် ( RCSS/SSA) ၏ ဌာနချုပ် လွိုင်တိုင်းလျန်းတွင် ကျင်းပသည့်...