ကျေးသီး- မိုင်းနောင် ကားလမ်း ပိတ်ထားဆဲ

သျှမ်းပြည်တောင်ပိုင်း ကျေးသီး- မိုင်းနောင် ကားလမ်းကို ယနေ့ (မတ် ၂) ရက် နေ့လည် ၁နာရီ ခန့်တွင် တပ်မတော် က ပိတ်လိုက်ကြောင်း သတင်းရရှိသည်။

 

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ် အတွင်း ဖေဖော်ဝါရီ ၂၇ ရက် မှစတင်ကာ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA)နှင့် အစိုးရ တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ထိုဖြစ်ပွားသည့် တိုက်ပွဲကြောင့် မိုင်းကိုင်မြို့နယ် အရှေ့ဘက် ကျေးသီးမြို့နယ် အထိ ဖြစ်ပွားသည်။

“ ဒီနေ့ နေ့လည် ၁နာရီ ကနေ စပြီး ကျေးသီး-မိုင်းနောင် ကားလမ်း ပိတ်လိုက်တာပါ။ ပိတ်တာက ခြေလျင်တပ်ရင်း (၁၃၁) ရှေ့ နဲ့ မိုင်းနောင် က ခြေလျင်တပ်ရင်း (၉ ) ဂိတ်ကို ပိတ်လိုက်တာ” ဟု ကျေးသီးမြို့နယ် ပြည်နယ် အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် စိုင်းစံမိဏ်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ကျေးသီးမြို့နယ် အတွင်းရှိ ခြေလျင်တပ်ရင်း (ခလရ ၁၃၁) ကို ညနေ ၅နာရီတွင် ပြန်လည် ဖွင့်ပေးသော်လည်း မိုင်းနောင်မြို့နယ်ရှိ ( ခလရ ၉ ) ရှေ့ ရှိဂိတ်ကို ပိတ်ထားဆဲ ဟု စိုင်းစံမိဏ်း က ပြောသည်။

“ ယနေ့ မနက်တုန်း က ကျေးသီး- မိုင်းနောင် မြို့နယ် ကြားရှိ မိုင်းတောင်နဲ့ နောင်စွမ်း ကြားမှာ တိုက်ပွဲ အသံ တချက်ထွက်တယ်” ဟု စိုင်းစံမိဏ်းက ဆိုသည်။

တပ်မတော် အနေဖြင့် နယ်မြေရှင်းလင်းရေး လုပ်မည် ဖြစ်ပြီး၊ တိုက်ပွဲဖြစ်လာပါက ဒေသခံပြည်သူများကို မထိခိုက်အောင် အသွားအလာ ပိတ်လိုက်ခြင်း ဖြစ်သည် ဟု သိရသည်။

RCSS/SSA နှင့် အစိုးရ တပ်မတော်သည့် မိုင်းကိုင်မြို့နယ် ဟမ်းငိုင်းကျေးရွာ အုပ်စု လွိုင်တွမ်းတောင်ကြော တလျောက် တိုက်ပွဲ ၃ရက်ကြာ ဖြစ်ပြီးနောက် မိုင်းကိုင်မြို့နယ် အရှေ့ဘက် ကျေးသီးမြို့နယ် သို့ စစ်ရှောင် ၂၆၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

7 EAO Alliance ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သွားပြီး NSPNC နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေး

0
NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့မှ နေပြည်တော်သို့ သွားရောက်ကာ အသွင်ပြောင်းစစ်အစိုးရ အသစ်ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) နှင့် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇွန်လ ၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး...

ဗိုလ်ချုပ်ကြီးယွက်စစ်ကို စစ်တပ်ဘက်မှ တိုက်လေယာဉ်ဖြင့် အနီးကပ်ပျံသန်း ခြိမ်းခြောက်ခဲ့ကြောင်း RCSS ပြော

0
သျှမ်းပြည် နမ့်စန်မြို့နယ် ခိုလမ်မြို့အနီးသို့ ရောက်ရှိနေသော RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်နှင့် အဖွဲ့အား စစ်တပ်ဘက်မှ တိုက်လေယာဉ်တစ်စင်းဖြင့် အနီးကပ် ခြိမ်းခြောက်ပျံသန်းခဲ့ကြောင်း RCSS ဘက်မှ ထုတ်ပြန်လိုက်သည်။ ယမန်နေ့ (မေလ ၂၇ ရက်) နံနက် ၁၀ နာရီကျော်တွင် နမ့်စန်မြို့နယ် ခိုလမ်မြို့၊...

“၆၈ နှစ်” သျှမ်းတော်လှန်ရေး ခရီးရှည်ကို ပြန်သုံးသပ်ရန် RCSS ဥက္ကဋ္ဌ တိုက်တွန်း

0
သျှမ်းတော်လှန်ရေး “၆၈”နှစ်အထိ ခရီးရှည်ရခြင်းနှင့် ပတ်သက်ပြီး အားနည်းချက်များကို သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ကိုယ်တိုင် သုံးသပ်ထားသည့် သဝဏ်လွှာကို ယနေ့ (မေလ ၂၁ ရက်)တွင် ထုတ်ပြန်လာသည်။ သျှမ်းတော်လှန်ရေးသည် ၁၉၅၈ ခုနှစ် မေ ၂၁ ရက်တွင် သျှမ်းလူငယ်ခေါင်းဆောင် စဝ်ဆောယန္တ...

“အတိတ်က အမှားကို သင်ခန်းစာယူပြီး အနာဂတ် အတွက် ပြင်ဆင်ရန်” RCSS ဥက္ကဌ ပြော

0
ခေတ်သစ်ဗမာ့ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များအနေဖြင့် အတိတ်က အမှားတွေကို သင်ခန်းစာယူပြီး အနာဂတ်အတွက် ပြင်ဆင်ဆောင်ရွက်ရန် RCSS ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က က အကြံပြုပြောဆိုလိုက်သည်။ အဆိုပါပြောဆိုချက်သည် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ/ သျှမ်းပြည် တပ်မတော် ( RCSS/SSA) ၏ ဌာနချုပ် လွိုင်တိုင်းလျန်းတွင် ကျင်းပသည့်...

ပြည်ထောင်စု ပြဿနာ နိဂုံးချုပ်သင့်ပြီ။

0
ဆောင်းရောက်လေပြီ။ အေးမြသည့် ဆောင်းရာသီနှင့်အတူ သျှမ်းပြည်မြောက်ပိုင်း၌ သေနတ်သံများ တိတ်ဆိတ်နေပြီ ဖြစ်သည်။ မရေရာမှုများစွာ ဖြစ်ပေါ်နေဆဲ ဆိုပေမယ့် ငြိမ်းချမ်းတော့မည်လော၊ သို့တည်းမဟုတ် နိုင်ငံရေးအရ ပိုမိုရှုပ်ထွေးပြီး ပို၍ ပြင်းထန်သည့် အနာဂတ် တိုက်ပွဲများအတွက် ပြင်ဆင်နေကြပြီလော။ ဒုတိယ ကမ္ဘာစစ် မဖြစ်ပွားမီ စစ်ကြိုကာလက အစပြုခဲ့သည့် ခေတ်သစ်...