နယ်စပ် ကုန်သွယ်ရေး ယနေ့တိုင် အေးနေသေး

မြန်မာ- တရုတ် နယ်စပ် မူဆယ် ကုန်သွယ်ရေးသည် ယနေ့ထိ အေးနေသေးကြောင်း သတင်းရရှိသည်။

 

Photo by Sai Khin Maung/ Facebook

တရုတ်နိုင်ငံ ဝူဟန်မြို့ မှ စတင်ဖြစ်ပွားသည့် Novel Corona Virus (နိုဗယ် ခိုရိုနာ ဗိုင်းရပ်စ်) ကူးစက်မြန် အဆုတ်ရောဂါ ဖြစ်ပွားမှု ကြောင့် ယနေ့ထိ ကုန်သွယ်ရေး အဆင်မပြေသေးကြောင်း၊ အရောင်းအဝယ်ခက်လာကြောင်း သစ်သီးဝလံ ရောင်းဝယ်ရေး ကုန်စည်ဒိုင် မှ ဥက္ကဌ စိုင်းခမ်းမောင် က ပြောသည်။

“ အခု ထိ အရောင်းအဝယ်အရမ်းခက်တယ်။ ပိုဆိုးလာတယ်။ ဖေဖော်ဝါရီ ၁၀ရက်နောက်ပိုင်းကောင်းမယ်လို့ ထင်တာ မကောင်းလာဘူး” ဟု စိုင်းခင်မောင်က ဆိုသည်။

တရုတ်နိုင်ငံသားများသည် မူဆယ်မြို့ သို့ လာရောက်ပြီး အရည်အသွေးကောင်းမွန်သည့် အသီးကို ဝယ်ယူသော်လည်း ဈေးမပေးကြကြောင်း စိုင်းခင်မောင်က ပြောသည်။

“ အရည်အသွေးကောင်းတာ ရွေးသွားတယ်။ အကောင်းတော့လိုချင်တယ်။ ဈေးနှုန်းကျတော့ နှိမ်ထားတယ် ။ ကျနော်တို့ အသီးသမားတွ အရမ်းရှုံးတယ်” ဟု စိုင်းခင်မောင်က ဆက်လက်ပြောသည်။

တရုတ်ပြည်တွင် ယနေ့တိုင် စက်ရုံများ၊ ဈေးများ မရှိသေးသော်လည်း မြန်မာပြည်မှ ရွှေ့ပြောင်းအလုပ်သမားများသည် တရုတ်ပြည်သို့ နေ့စဉ် ဝင်ရောက်ပြီး အလုပ်အကိုင် သွားရောက်ရှာဖွေနေကြကြောင်း၊ တရုတ်တွင် ပြန့်ပွားနေသည့် ခိုရိုနာ ဗိုင်းရပ်စ်ကိုကြောက်စိတ်မရှိဘဲ သွားရောက်အလုပ်လုပ်နေကြကြောင်းလည်း မူဆယ် ဒေသခံများ က ပြောသည်။

“တရုတ်ပြည်ကို လူတွေကတော့ နေ့တိုင်းဝင်၊ထွက် နေကြတာပဲ။ တရက်ကို လူ၈ထောင်ကနေ ၁သောင်းထိရှိတယ်” ဟု မူဆယ်မြို့ ပြည်နယ် လွှတ်တော် အမှတ်(၁) စိုင်းကျော်သိန်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

တရုတ်ပြည်ဘက် စက်ရုံများသည် ဖေဖော်ဝါရီ (၉ ) ရက်တွင် ပြန်လည်ဖွင့်လှစ်မည် ဟုပြောဆိုထားသော်လည်း လက်ရှိအချိန်ထိ မဖွင့်သေးကြောင်း စိုင်းကျော်သိန်း က ပြောသည်။

“ ကျနော်တို့ပြည်သူတွေက ကြောက်စိတ်ထက် ဗိုက် က ပိုအရေးကြီးနေတယ်။ သတင်းတွေ နားမထောင်ဘဲ ဝင်ကြတယ်။ ဟိုဘက်မှာ အလုပ်မရှိတော့ မောင်းထုတ်ခံရပြီး ပြန်လာတဲ့သူတွေလည်းရှိတယ်” ဟု စိုင်းခင်မောင် က ထပ်လောင်းဖြည့်စွတ်ပြောသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့ မှ စတင်ဖြစ်ပွားသည့် ခိုရိုနာ ဗိုင်းရပ်စ် ကူးစက်မြန် အဆုတ်ရောဂါသည် ကမ္ဘာ့ နိုင်ငံပေါင်း ၂၈ နိုင်ငံ ကူးစက်ခံရသူ ၄၅၁၇၂ဦး ရှိပြီး၊ သေဆုံးသူ ၁၁၁၅ဦး ရှိလာကာ ပြန်လည်နေကောင်းလာသူ ၄၇၇၄ ဦးရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...