Tuesday, January 27, 2026

RCSS နှင့် TNLA ကြား စစ်ရေးပဋိပက္ခကြောင့် နမ္မတူကျေးလက် စစ်ဘေးရှောင် ၄၀၀ ကျော်နေရပ်မပြန်နိုင်သေး

သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွါးမှုကြောင့် ဘုန်းကြီးကျောင်းသို့ ထွက်ပြေး တိမ်းရှောင် လာသည့်ကျေးလက်ဒေသခံ ၄၀၀ ကျော်ရှိပြီဖြစ်ပြီး ၂ ဘက်စစ်ရေးတင်းမာမှု ကြောင့်နေရပ် မပြန်နိုင်သေးကြကြောင်းသိရသည်။

RCSS နှင့် TNLA ကြား စစ်ရေးပဋိပက္ခကြောင့် နမ္မတူကျေးလက် စစ်ဘေးရှောင် များ

နမ္မတူမြို့နယ် အနောက်ဘက်ရှိ ၀မ့်ဆော့အုပ်စုအနီး TNLA တပ် နှင့် RCSS တပ်တို့တိုက်ပွဲများဖြစ်ပွါးမှုကြောင့် ၀မ့်ဆော့အုပ်စုအတွင်း ၀မ့်ကွတ်၊ နားတီး၊ ပန်လော့၊ ၀မ့်ဝိုင် ရွာများမှ ရွာလူထုသည် ၀မ့်ဆော့အုပ်စုနှင့် ၃ မိုင်ခန့်အကွာရှိ မန့်စံဘုန်းကြီးကျောင်းသို့ မတ်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့တို့တွင် စစ်ဘေးရှောင် ခိုလှုံနေကြခြင်းဖြစ်သည်။

စစ်ဘေးရှောင်များကူညီစောင့်ရှောက်ရေးကော်မတီမှ စိုင်းဘဉာဏ်က- မန်စံကျောင်းမှာစစ်ဘေးရှောင် တွေခိုလှုံနေကြတယ်။ မတ်လ ၁၇ ရက်နေ့ကျရင်ဒီမှာက ရှင်ပြုပွဲရှိမယ်ဆိုတော့ နမ္မတူ ဗုပ္ပါရုံကျောင်း ကို ခွဲပြီးပို့ရလိမ့်မယ်။ – ဟု ပြောဆိုသည်။

ပန်ဆော့ရွာသား ၃၀ ကျော်အား မန်စံကျောင်းတွင်ထားရှိပြီး ကျန် သုံးရွာမှ ရွာသား ၃၀၀ ကျော်အား နမ္မတူတို့ ပို့ဆောင်ထားရှိမည်ဖြစ်ကြောင်း ပြောဆိုသည်။

မတ်လ ၁၃ ရက်နေ့အထိ ၂ ဘက်တပ်များ မဆုတ်ကြသေးဘဲ တင်းမာနေသည့်အနေအထားရှိနေသေးသဖြင့် ကျေးလက်ရွာသားများနေရပ်မပြန်ရဲသေးကြကြောင်းဆိုပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ပင်လောင်းတွင် စစ်ဘေးရှောင်များ နေရပ်ပြန်မဲမထည့်ပါက ရွာထဲနေခွင့်မပြုဟု ရွာသူကြီးများက ဖိအားပေးနေ

0
သျှမ်းပြည် ပင်လောင်းမြို့နယ်တွင် စစ်ဘေးရှောင်များအား ရောက်ရာအရပ်မှ ပြန်လာခိုင်းပြီး မဲထည့်ခိုင်းကာ မဲမထည့်ပါက နောင်တွင် ရွာထဲ၌နေခွင့်မပြုဟုဆိုကာ ရွာသူကြီးများက ဖိအားပေးနေကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဇန်နဝါရီလ ၂၅ ရက် နံနက်ပိုင်းမှစတင်၍ ပင်လောင်းမြို့ပေါ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု အသီးသီးရှိ မဲရုံများတွင် ရွေးကောက်ပွဲ အပိုင်း...

မဲပုံးထက် အိမ်ပြန်လမ်းကိုသာ တမ်းတခြင်း

0
မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကြောင့် မြှင့်တက်လျက် ရှိသည်။ သို့သော် ဤနိုင်ငံရေး လှုပ်ရှားမှုများနှင့် အလှမ်းဝေးကွာစွာ ရှင်သန်ရေးအတွက် နေ့စဉ် ရုန်းကန်နေရသူများ ရှိနေသည်။ ၎င်းတို့မှာ “၁၀၂၇ စစ်ဆင်ရေး”အတွင်း...

ရွာငံ စစ်ဘေးရှောင် တစ်ထောင် ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ဒေသခံ တစ်ထောင်ကျော် ထွက်ပြေးခဲ့ရပြီး စားနပ်ရိက္ခာအတွက် အရေးပေါ်လိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ခုနှစ် ဒီဇင်ဘာလ တွင် ရွာငံမြို့နယ် မင်းပလောင်ကျေးရွာကို စစ်ကော်မရှင်က စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သောကြောင့် စစ်ရှောင် ၅၀၀...

ဖယ်ခုံ – ပင်လောင်းနယ်စပ်ရှိ စစ်ဘေးရှောင် ၆၀၀ ခန့် သောက်သုံးရေ ခက်ခဲ

0
သျှမ်းပြည် ဖယ်ခုံ - ပင်လောင်းနယ်စပ်တကြောတွင် ၃ လကျော်ကြာ ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ဘေးရှောင်များသည် အနွေးထည်နှင့် သောက်သုံးရေ အခက်အခဲများ ကြုံတွေ့နေကြောင်း သိရသည်။ စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့ ပူးပေါင်း ထိုးစစ်ဆင်မှုကြောင့် ဖယ်ခုံ - ပင်လောင်းနယ်စပ် တကြောတွင် ပြီးခဲ့သည့် အောက်တိုဘာလ...

ဖယ်ခုံ – ပင်လောင်းနယ်စပ်ရှိ စစ်ရှောင် ၅၀၀ ကျော်အတွက် ဆေးဝါး နှင့် အနွေးထည်များလိုအပ်

0
သျှမ်းပြည် ဖယ်ခုံ - ပင်လောင်းနယ်စပ်တကြောသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင် ၅၀၀ ကျော် အတွက် ဆေးဝါး နှင့် အနွေးထည်များ အကူအညီလိုအပ်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယပတ်တွင် ဖယ်ခုံမြို့နယ် အနောက်ဘက်ခြမ်း ဘောရန်ကျေးရွာ နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ်...