Wednesday, January 28, 2026

ရက်ဆက် မိုင်းနင်းမိသူများလာ

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း အရပ်သားများ ရက်ဆက်တိုက် မိုင်းနင်းမိနေကြောင်း သတင်းရရှိသည်။

 

Photo by အိုမ်တမာဝ် လူမှုကူညီရေးအသင်း

ယမန်နေ့ ညနေ ၄ နာရီ ဝန်းကျင်တွင် ကျောက်မဲမြို့နယ် အာပြောင်ကျေးရွာ ဒေသခံ အမျိုးသား ၃ဦးသည် ထင်ခုတ်ပြီး နေအိမ်ကို ဆိုင်ကယ်ဖြင့် အပြန် မိုင်းနင်းမိကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း အိုမ်တမာဝ် လူမှုကူညီရေးအသင်း မွ မိုင်းအဘမ်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ မိုင်းထိတာ ၃ဦးပါ။ တယောက်က ခြေတလုံး၊ ပါး၊ လက်ချောင်းတွေထိတယ်။ နောက် တယောက်က ပေါင်၊ ခြေတလုံးတွေထိတယ်။ နောက်တယောက်က ဗိုက်ထိတယ်” ဟု မိုင်းအဘမ်း ကဆိုသည်။

အဆိုပါ မိုင်းထိမှန်သည့် အမျိုးသား ၃ဦးသည် အသက် ၂၅ နှစ် အထက် အရွယ်များဖြစ်ကြပြီး၊ ထိုသူ ၃ဦးသည် လက်ရှိ မှာ ကျောက်မဲမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသခံနေရကြောင်း သိရသည်။

ကျောက်မဲမြို့နယ်တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA )၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်( RCSS/SSA) နှင့် မြန်မာ့တပ်မတော်တို့ လှုပ်ရှားသည့်ဒေသဖြစ်သည်။

Photo by အိုမ်တမာဝ် လူမှုကူညီရေးအသင်း

ထိုနေရာ တဝှိက်တွင် တိုင်းရင်းသား လက်နက်ကိုင်နှင့် မြန်မာ့တပ်မတော်တို့ မကြာခဏ တိုက်ပွဲဖြစ်ပွားကာ မြေမြုပ်မိုင်းများစွာ ထောင်ထားသည့်နေရာလည်း ဖြစ်သည် ဟု ကျောက်မဲမြို့ နယ် ဒေသခံများက ပြောဆိုကြသည်။

“ မိုင်းက နေ့တိုင်း နင်းမိနေတယ်။ ရက်ဆက်တိုက်ပဲ။ ၂၀၁၉ ခုနှစ်ကတော့အများဆုံး လို့ ကျနော်ထင်တယ်” ဟု မိုင်းအဘမ်း က ပြောသည်။

သျှမ်းပြည် မြောက်ပိုင်း သီပေါ၊ ကျောက်မဲ၊ နမ့်ဆန်၊ မန်တုံ ဒေသများတွင် ယခင်တွင် မြေမြုပ်မိုင်း နင်းမိသည့် အရပ်သား သည် မရှိသလောက်နည်းပါး ခဲ့သော်လည်း ၂၀၁၉ ခုနှစ် မှ စတင်ကာ မြေမြုပ်မိုင်း နင်းမိမှုသည် နေ့စဉ်နဲ့ အမျှ စတင်ကြုံတွေ့လာရသည်။

“ တိုက်ပွဲတွေ မိုင်းတွေ ကို ပြည်သူတွေနဲ့ လွှတ်ကင်းတဲ့နေရာမှာ ထောင်စေချင်တယ်။ အခုက ပြည်သူတွေ သွားတဲ့လမ်းမှာထောင်ကြတယ်။ ဒီမိုင်းတွေ က ထောင်တဲ့သူတွေ သိမှာပါ”ဟု ကျောက်မဲမြို့နယ် စိုင်းရွှေ က ပြောသည်။

မိုင်းနင်းမိသည့် ပြည်သူများသည် ထိခိုက်ဒဏ်ရာရရှိကာ စားဝတ်နေရေး ရှာဖွေရန် ခက်ခဲနေကြကြောင်း၊ ထို့ပြင် မိုင်းနင်းမိမည်ကို စိုးရိမ်မှုကြောင့် တောင်ယာထဲမဆင်းရဲကြကြောင်း စိုင်းရွှေက ထပ်လောင်းပြောသည်။

မြန်မာ့တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင် များအနေဖြင့် မိမိတို့ ထောင်ထားသည့် မိုင်းများကို ပြန်လည်ရှင်းပေးစေချင်ကြောင်းလည်း သျှမ်းမြောက် ပြည်သူများက တောင်းဆိုလိုက်သည်။

“ မြေမြုပ်မိုင်းတွေကို ဖြစ်နိုင်ရင် မသုံးစေချင်ဘူး။ မိုင်း ပညာပေးအနေနဲ့လည်း များများလုပ်ပးဈေင်တယ်။ တပ်မတော် နဲ့ လက်နက်ကိုင် အနေနဲ့ မိုင်းရှင်းလင်းမှုကို အရင်ဆုံးပြုလုပ်စေချင်ပါတယ်” ဟု မိုင်းအဘမ်း က တောင်းဆိုလိုက်သည်။

သျှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့ နယ် နှင့် ကျောက်မဲမြို့နယ် ယခုနှစ် လဆန်းပိုင်းတွင် မြေမြုပ်မိုင်းကြောင့် ၁ဦးသေဆုံးပြီး ၇ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ကျောက်မဲစစ်ရှောင်နှစ်ဦး စပါးပြန်ယူစဉ် မိုင်းနင်းမိ၊ မိန်းကလေး ပွဲချင်းပြီးသေဆုံး တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်နှစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး မိန်းကလေးတစ်ဦး ပွဲချင်းပြီ သေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ ၂၅ ရက် နေ့လယ် ၁ နာရီကျော်တွင် ကျောက်မဲ-မိုင်းငေါ့ လမ်းမကြီးဘေးရှိ နမ့်မန်းရွာတွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်...

ကျောက်မဲမြို့နယ်ထဲ စစ်တပ် လေကြောင်းဗုံးထပ်ကြဲ၊ SSPP တပ်စခန်းအနီး ကျရောက်ပေါက်ကွဲ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ SSPP တပ်စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ကျေးရွာသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်...

ကျောက်မဲ အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ် နောင်ပြစ်ကျေးရွာတွင် အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်တစ်ဖက် ပြတ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၀ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် ကျောက်မဲမြို့နယ်အတွင်းရှိ နောင်ပြစ်ကျေးရွာတွင် အသက် (၄၀) နှစ်အရွယ်ရှိ နန်းဟွမ်သည် မုံညင်းစိုက်ပျိုးရန် နေအိမ်ခြံဝင်းထဲ...

ကျောက်မဲ၊ သီပေါတွင် စစ်ကော်မရှင်တပ် စရဖ နှင့် သတင်းပေး (၁၀) ဦးကျော်ကို TNLA ဖမ်းမိ

0
သျှမ်းပြည် ကျောက်မဲမြို့နှင့် သီပေါမြို့တွင် သတင်းထောက်လှမ်းယူခဲ့သော စစ်ကော်မရှင်တပ်၏ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် သတင်းပေးသူ (၁၀) ဦးကျော်ကို ဖမ်းဆီးရမိကြောင်း TNLA က ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။ စစ်ကော်မရှင် လက်အောက်ခံ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် သတင်းပေးသူများသည် TNLA...