ကျောက်မဲက ရပ်ကျေးစာရေးတစ်ဦးကို ဆိုင်ကယ်သမား လိုက်လံပစ်ခတ်

သျှမ်းပြည်မြောက်ပိုင်းကျောက်မဲမြို့နယ် မိုင်းတင်းကျေးရွာအုပ်စု၏ ရပ်ကျေးစာရေးတဦး အနီးကပ်သေနတ်ပစ်ခတ်ခြင်းခံရသဖြင့် ထိခိုက်ဒဏ်ရာရရှိကာ ကျောက်မဲဆေးရုံသို့ပို့ဆောင်ထားရ ကြောင်းသိရသည်။

Photo Credit to – thaungpaw tharlay ; ပစ်ခတ်ခံရ မိုင်းတင်းအုပ်စု ကျေးလက်စာရေးကို လူမှုကူညီရေးအဖွဲ့များက ဆေးရုံသို့ပို့ဆောင်ပေးစဉ်

ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေပိုင်းက မိုင်းတင်းအုပ်စု၏ ရပ်ကျေးစာရေး ဦးစိုင်းမြင့်ဦးကြွယ် မိုင်းတင်းသို့ ကိုယ်ဝန်ဆောင်၊ မိခင်နှင့်ကလေးများစာရင်းကောက်ပြီးအပြန် မိုင်းတင်းနှင့်နမ့်ဆော့ရွာကြားအရောက် ကျောက်မဲဘက်မှမောင်းနှင်လာသည့်ဆိုင်ကယ်သမား က အနီးကပ်သေနတ်ပစ်ခတ်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်မဲဒေသခံ စိုင်းနွမ်က သျှမ်းသံတော်ဆင့်အားပြောသည်။

သူ့ကို ၆ ချက် သေနတ်ပစ်တာ သေနတ်သမားတွေက။ ဒါမယ့် ၂ ချက်ဘဲထိတယ်။ ယာဘက်နားတချက်နဲ့ ၀မ်းဗိုက်မှာတချက်။ သူ့ကိုလူမှုကူညီရေးအဖွဲ့က လာသယ်ပြီးဆေးရုံပို့ပေးတယ်။ ဘယ်သူပစ်လဲမသိဘူး။ အဲလိုချောင်းမြောင်းပစ်ခတ်ခံရမှုကတော့ နေ့တိုင်းလိုလိုဖြစ်လာနေပြီ ။ လူထုလုံခြုံရေးမရှိတော့ပါဘူး”- ဟု စိုင်းနွမ်က ပြောသည်။

Photo Credit to – thaungpaw tharlay ; ပစ်ခတ်ခံရ မိုင်းတင်းအုပ်စု ကျေးလက်စာရေးကို လူမှုကူညီရေးအဖွဲ့များက ဆေးရုံသို့ပို့ဆောင်ပေးစဉ်

ထိုသို့ ပစ်ခတ်ခံရမှုနှင့်ပတ်သက်ပြီး ကျောက်မဲမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော် ကိုယ်စား လှယ် စိုင်းထွန်းဝင်းက နိုင်ငံရေးမတည်ငြိမ်မှုကြောင့် တရားဥပဒေစိုးမိုးမှုအားနည်းကာ ချောင်းမြောင်း ပစ်ခတ်မှုများကြောင့် ဒေသခံလူထု လုံခြုံရေးအတွက် အထူးစိုးရိမ်ရကြောင်း သျှမ်းသံတော်ဆင့်အားပြောသည်။

ပစ်ခတ်မှုလက်သည်ကိုတော့ ခုထိ မသိရပါဘူး။ အခုလို ဒေသခံလူထု မကြာခဏ ချောင်းမြောင်းပစ်ခတ်ခံနေရတာဟာ တရားဥပဒေစိုးမိုးမှုမရှိလို့ဘဲ။ နိုင်ငံရေးပြသနာကိုဖြေရှင်းရမယ်။ တိုင်းရင်းသားအားလုံး စုပေါင်းပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ပြင်ဆင်ရေးဆွဲရမယ်။ ပြောမယ်ဆိုရင် ရပိုင်ခွင့်တွေ တန်းတူညီမျှမှုမရှိလို့ နိုင်ငံရေးမတည်ငြိမ်တာ။ ဒီလိုဖြစ်လာရင်ဘယ်သူမှ တာဝန်မယူဘူး။ အချင်းချင်း ပြစ်တင်လက်ညှိုးထိုးပြီးတော့ ဒီတိုင်းဘဲပြီးသွားတာဘဲတွေ့ရတယ်။ ”- ဟု စိုင်းထွန်းဝင်းက သျှမ်းသံတော်ဆင့်အားပြောသည်။

ကျောက်မဲမြို့နယ်အတွင်း အစိုးရတပ်မတော်၊ ရဲတပ်ဖွဲ့ ၊ တအာင်းတပ်ဖွဲ့တို့၏ ညီနောင်မဟာမိတ်တပ်ဖွဲ့ ၊ သျှမ်းတပ်ဖွဲ့များ လှုပ်ရှားကြသဖြင့် တိုက်ပွဲလည်းမကြာခဏဖြစ်ပွါခဲ့သည်။

ထိုကဲ့သို့ အနီးကပ်လုပ်ကြံသတ်ဖြတ်မှုမျိုး ယမန်နှစ် နို၀င်ဘာလ ၃ ရက်နေ့ကလည်း ဖြစ်ပွါးခဲ့သည်။ ထိုစဉ်ကလည်း မိုင်းတင်းအုပ်စုအုပ်ချုပ်ရေးမှူး (အုပ်စုဥက္ကဌ) စိုင်းထွန်းရင် ၊ နားမွန်းရွာသူကြီး(ရွာအုပ်ချုပ်ရေးမှူး) စိုင်းအောင်သိန်း၊ လွယ်အွယ်ရွာ သူကြီးဟောင်း လုံးဆုဇေယျ တို့အား မြို့တွင်းစားသောက်ဆိုင်တခုအတွင်း သေနတ်သမား ကဝင်ရောက်ပစ်ခတ် ခဲ့သဖြင့် ၂ ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး ကျန်တဦးမှာ ဆေးရုံအရောက်သေဆုံးခဲ့ရသည်။

ကျောက်မဲမြို့နယ်အတွင်း ပစ်ခတ်သတ်ဖြတ်မှု အမှုအခင်းများတွင် ပစ်ခတ်မှုလက်သည်အား ဖမ်းမိခြင်းမရှိခဲ့ပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

မိုင်းတုံမြို့နယ် UWSA နှင့် လားဟူပြည်သူ့စစ်အကြား ပစ်ခတ်မှုဖြစ်၊ စစ်ရေးတင်းမာမှု ဆက်ဖြစ်

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်တွင် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) နှင့် စစ်ကောင်စီလက်အောက်ခံ လားဟူပြည်သူ့စစ်တို့အကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ဒေသတွင်း စစ်ရေးတင်းမာမှုများ ဆက်လက်မြင့်တက်နေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် (ဖေဖော်ဝါရီလ ၁၄ ရက်) နံနက်ပိုင်းက မိုင်းတုံမြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခုတွင် UWSA တပ်ဖွဲ့ဝင်များက လားဟူပြည်သူ့စစ်အဖွဲ့၏ ယာဉ်တစ်စီးကို တားဆီးစစ်ဆေးရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ကျောက်မဲမြို့နယ်ထဲ စစ်တပ် လေကြောင်းဗုံးထပ်ကြဲ၊ SSPP တပ်စခန်းအနီး ကျရောက်ပေါက်ကွဲ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်ထဲသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ SSPP တပ်စခန်းအနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၁၁ ရက်) နေ့လယ် ၁ နာရီခွဲကျော်တွင် ကျောက်မဲမြို့နယ်အတွင်းရှိ တော့ဆန်ကျေးရွာသို့ စစ်ကော်မရှင်တပ်က လေကြောင်းဖြင့် ဗုံး(၂)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော်...

ကျောက်မဲ၊ သီပေါတွင် စစ်ကော်မရှင်တပ် စရဖ နှင့် သတင်းပေး (၁၀) ဦးကျော်ကို TNLA ဖမ်းမိ

0
သျှမ်းပြည် ကျောက်မဲမြို့နှင့် သီပေါမြို့တွင် သတင်းထောက်လှမ်းယူခဲ့သော စစ်ကော်မရှင်တပ်၏ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် သတင်းပေးသူ (၁၀) ဦးကျော်ကို ဖမ်းဆီးရမိကြောင်း TNLA က ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။ စစ်ကော်မရှင် လက်အောက်ခံ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) နှင့် သတင်းပေးသူများသည် TNLA...