Tuesday, January 27, 2026

သျှမ်းပြည် ရဲ့ မဟာ ငရဲနှစ်များ “ ဖြတ် ၄ ဖြတ်”

“ မြန်မာ စစ်တပ် က ကျနော်တို့ သျှမ်းလူမျိုးကို အပြတ်ရှင်းတဲ့သဘောပါ” ဟု မှတ်တမ်း ဒါရိုက်တာ စိုင်းခွမ်ခိုင်း က ပြောပါတယ်။

 

Photo by SHAN

စိုင်းခွမ်ခိုင်း ဟာ “ The Four cuts ” “ ဖြတ် ၄ ဖြတ်” ဆိုတဲ့ မှတ်တမ်းရုပ်ရှင် ကို ရိုက်ကူးတဲ့ ဒါရိုက်တာ ဖြစ်ပါတယ်။

“ ဖြတ် ၄ ဖြတ်” မှတ်တမ်း ရုပ်ရှင် ကို ယမန်နေ့( ဇန်နဝါရီ ၂၁ ) ရက် တွင် ထိုင်းနိုင်ငံ ချင်းမိုင်တွင် ပြသခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၉၉၆ မှ ၁၉၉၈ ခုနစ် သျှမ်းပြည် “ ဖြတ် ၄ ဖြတ်” ကာလ အတွင်း မြန်မာ့ တပ်မတော် က သျှမ်းလူမျိုးတွေ အပေါ် ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေးချိုးဖောက်မှှု ကို ပြန်လည် မှတ်တမ်းတင် ရိုက်ကူးခြင်း ဖြစ်ပါတယ်။

ထိုကာလ ကို သျှမ်းပြည် လူထု က မဟာငရဲနှစ်လို့ ခေါ်ဆိုကြပါတယ်။

ထို ဖြတ် ၄ ဖြတ် ကာလတွင် ကြုံတွေ့ခဲ့ရတဲ့ သျှမ်းလူမျိုးတွေကို သွားရောက် မေးမြန်းပြီး ရိုက်ကူးထားကြောင်း သိရပါတယ်။

“ ဒီ မှတ်တမ်း ရုပ်ရှပ်ကနေ ကျနော်တို့လူမျိုးတွေ သိဖို့ မြင်ဖို့ နဲ့ ပြန်လည် ပြီး နှိုးထ လာဖို့၊ မျက်စိဖွင့်လာစေချင်တဲ့ သဘောပါ” လို့ စိုင်းခွမ်ခိုင်း က ဆိုပါတယ်။

မှတ်တမ်းရုပ်ရှင် သွားရောက်သည့် အချိန်တွင် အခက်အခဲများစွာ ကြုံတွေ့ရကြောင်း၊ ဖြတ် ၄ ဖြတ် ကာလ အတွင်း ကြုံတွေ့ရတဲ့ သူတွေထဲ က ၁၀ ရာခိုင်နှုန်းခန့်တာ မေးမြန်း နိုင်ခဲ့ကြောင်း လည်း စိုင်းခွမ်ခိုင်း က ပြောပါတယ်။

“ မှတ်တမ်း ရုပ်ရှင်ကနေ ပြီးတော့ ကျနော်တို့ လူမျိုး တွေ အနည်းနဲ့ အများတော့ ကျနော်တို့ နိုင်ငံရေး အကြောင်းကို သဘောပေါက်လာလိမ့်မယ်” လို့လည်း သူ က မှတ်ချက်ပြုလိုက်ပါတယ်။

ထို မှတ်တမ်း ရုပ်ရှင် ရိုက် ရန် သတင်းအချက် ကောက်ယူ တဲ့အပေါ် နဲ့ ပတ်သက်ပြီး စိုင်းခွမ်ခိုင်း က “ စိတ်ကျေနပ်မှု အပြည့်အဝတော့ မရပေမယ့် ဘာမှ မလုပ်တာ ထက်စာရင်တော့ ကောင်းပါတယ်” လို့လည်း ပြောဆိုလိုက်ပါတယ်။

Photo by SHAN

“ ဖြတ် ၄ ဖြတ်” မှတ်တမ်းသည် မြန်မာ့ တပ်မတော် ၏ နယ်မြေ ရှင်းလင်းရေး စီမံချက် အဖြစ် သျှမ်းပြည် တောင်ပိုင်း ၊ အရှေ့ပိုင်း မြို့နယ် အချု့ိ အပါအဝင် မြို့နယ် ၁၅ခု၊ ရွာပေါင်း ၁၈၀၀ ကျော် လူဦးရေ ၄သိန်း ထိခိုက်နစ်နာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက် လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့် ပတ်သက်ပြီး International Court of Justice (ICJ) တွင် နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က “ လူမျိုး သုဉ်းသတ်ဖြတ် တာ မဟုတ်။ အကြမ်းဖက် သမားတွေ သို့မဟုတ် သောင်းကျန်းသူ လက်နက်ကိုင် အဖွဲ့တွေကို တပ်မတော် က ရှင်းလင်းခြင်းဖြစ်ပါတယ်” လို့ ပြောဆိုထားပါတယ်။

ဒါ့ကြောင့် ထို မှတ်တမ်း ရုပ်ရှင် ကို ယမန်နေ့ (ဇန်နဝါရီ ၂၁) ရက် ပြသရတဲ့ အကြောင်းရင်း က မကြာခင်( ဇန်နဝါရီ ၂၃) ICJ က မြန်မာ အစိုးရကို ကြားဖြတ်အမိန့်တရပ် ချမှတ်တော့မှာ ဖြစ်တဲ့အတွက် ပြသရခြင်းဖြစ်ပါတယ်။

“ ကျမတို့ သျှမ်းပြည်မှာလည်း ဒီလို လူမျိုးသုဉ်း သတ်ဖြတ်ခံခဲ့ရတာ ကမ္ဘာ က မမေ့အောင် အတွက်ပါ။ နောက်တခုက ကမ္ဘာ တရားစီရင်ရေး အတွက် သက်သေ တခု အတွက် အထောက်အကူပြုဖို့ပါ။ ICJ တခုတည်း အတွက် မဟုတ်ပါဘူး။” လို့ သျှမ်းလူ့အခွင့်အရေး မဏ္ဍိုင် မှ ပြောရေးဆိုခွင့်ရှိသူ နန်းချမ်တောင်းက ပြောပါတယ်။

၁၉၉၆ ခုနှစ် မှ ၁၉၉၈ ခုနှစ် ကာလအတွင်း သျှမ်းပြည် လူထု ၁၀၀၀ ကျော် ညှင်းပမ်း နှိပ်စက် သတ်ဖြတ် ခံရပြီး စစ်တမ်းကောက်ယူရာတွင် အမျိုးသမီး ၆၂၅ ဦးက မြန်မာ့ တပ်မတော်မှ တပ်သားတွေရဲ့ မုဒိမ်းကျင့် သတ်ဖြတ်ခံရပါတယ်။

ထို့ပြင် မြန်မာ့တပ်မတော် က သျှမ်းပြည် လူထုကို နေရပ် မှ မောင်းထုတ်ကာ ထိုင်းနယ်စပ် ဘက် သျှမ်းလူထု ၁သိန်း ကျော်ထွက်ပြေးရသည်မှာ ယနေ့တိုင် ရွှေ့ပြောင်း အလုပ်သမားဘဝ ဖြင့် ဝမ်းရေး အတွက် ရုန်းကန် နေရပါတယ်။

“ မြန်မာ စစ်အင်အား သျှမ်းပြည် ကို ၁၉ ၅၀ ခုနစ်ကတည်းက တက်လာပြီးမပြန်တော့ဘူး။ ခုချိန်ထိပါပဲ။ သူတို့ကို သျှမ်းပြည် တက်လာဖို့ လည်း သျှမ်းတွေက မဖိတ်ခေါ်ရဘူး” လို့ အဆိုပါ မှတ်တမ်းရုပ်ရှင် မှာ ပြည်ထောင်စု အင်စတီကျူ့ ဒါရိုက်တာလည်းဖြစ်တဲ့ ဦးခွန်းစိုင် က ပြောထားပါတယ်။

သျှမ်းပြည် မှာ အခု ထောက်ပို့တပ်တွေ တိုက်ခိုက်ရေး တပ်တွေ ပါရင် တပ်ရင်း ၂၀၀ ထက် မနည်းတော့ဘူး လို့ လည်း ဦးခွန်စိုင်း က ဆိုပါတယ်။

မြန်မာ့တပ်မတော် က သျှမ်းပြည် ကို ၁၉၅၂ ခုနှစ်တွင် တက်လာပြီး လူ့အခွင့်အရေး ချိုးဖောက်မှု တွေ အမျိုးမျိုး ကျူးလွန်လာခဲ့တာ ယနေ့တိုင်ပါပဲ။

ဆက်လက်ပြီး ဒါရိုက်တာ စိုင်းခွမ်ခိုင်း က “ သျှမ်းပြည်မှာ မြန်မာစစ်တပ်ရဲ့ ရက်စက်မှုတွေကို ကမ္ဘာကသိဖို့၊ သျှမ်းလူထု အနေနဲ့ ဗမာတပ်ရဲ့ ကျူးလွန်မှု တွေကို အမြဲအောက်မေ့စေချင်ပါတယ်” လို့ဆိုပါတယ်။

“ လက်နက်ကိုင်တွေ ၊ပါတီတွေ ၊ အဖွဲ့အစည်းတွေအနေနဲ့ ရှေ့ဆက်ပြီးတော့ ဘာတွေပဲလုပ်လုပ် မြန်မာ့စစ်တပ် တွေ အရင်က လုပ်ရပ်ကို ပြန်လည်ကြည့်ဖို့ လိုအပ်တယ်” လို့ စိုင်းခွမ်ခိုင်းက တောင်းဆိုလိုက်ပါတယ်။

ဒါ့ကြောင့် ဒီ“ ဖြတ် ၄ ဖြတ်” မှတ်တမ်း ရုပ်ရှင် ဟာ ပြစ်မှုကျူးလွန်တဲ့ မြန်မာ့တပ်မတော် တာဝန်ရှိ ပုဂ္ဂိုလ် တွေ ကို ကမ္ဘာက ထိုက်တန်တဲ့ အရေးယူမှုတွေ ပြုလုပ်နိုင်အောင် နဲ့ ရှေ့ဆက်ပြီးတပ်အနေနဲ့ အမှား ထပ်မလုပ်မိအောင် မီးမောင်းထိုးပြလိုက်တာဖြစ်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Shan State Map_Update_1

ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်မှ ရွေးကောက်ပွဲမကျင်းပနိုင်သည့် နယ်မြေစာရင်း UEC ထပ်မံထုတ်ပြန်

0
စစ်အုပ်စု ကျင်းပမည့် ရွေးကောက်ပွဲ တတိယပိုင်းတွင် ပါဝင်နေသည့် ကျောက်မဲ၊ သီပေါ၊ မက်မန်းနှင့် ဖယ်ခုံမြို့နယ်များရှိ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် နယ်မြေစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC မှ ထပ်မံထုတ်ပြန်လိုက်သည်။ ယမန်နေ့ (ဒီဇင်ဘာလ ၂၇ ရက်) ညပိုင်းတွင် ရွေးကောက်ပွဲ တတိယပိုင်းထဲ ပါဝင်နေသည့် သျှမ်းပြည်မှ...

တိတ်ဆိတ်ငြိမ်သက်နေသည့် စစ်တပ် ရွေးကောက်ပွဲ

0
“ထူးထူးခြားခြား မရှိပါဘူး။ ဧည့်သည်တွေနဲ့ ရှုပ်နေတာပဲ၊ မအားဘူး” ဟု တောင်ကြီးမြို့ခံ ဈေးဆိုင် ပိုင်ရှင် တဦးက သျှမ်းသံတော်ဆင့်ကို ယနေ့ (ဒီဇင်ဘာလ ၂၇)ရက်၊ နေ့လယ်ပိုင်းတွင် ပြောသည်။ စစ်တပ် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း (၁) တွင် သျှမ်းပြည်နယ်တွင်း တောင်ကြီးမြို့နယ် အပါအဝင်...

သျှမ်းပြည် ၉ မြို့နယ်နှင့် ဗန်းမော်မြို့နယ် ပါဝင်သည့် ရွေးကောက်ပွဲ အပိုင်း (၃) စစ်တပ်ကော်မရှင် ထုတ်ပြန်

0
သျှမ်းပြည်နယ် အတွင်းရှိ မြို့နယ် ၉ ခု အပါအဝင် မြို့နယ် ၆၃ ခုတွင် စစ်တပ် ရွေးကောက်ပွဲ အပိုင်း (၃) ကို လာမည့် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း စစ်တပ် ရွေးကောက်ပွဲ ကော်မရှင်က ယနေ့ ဒီဇင်ဘာလ...

“ဒီရွေးကောက်ပွဲကတော့ ပိုရှုပ်ထွေးအောင် လုပ်ထားတယ်လို့တော့ ထင်ပါတယ်”

0
ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖော်ဆောင်ခဲ့သည့် “၁၀၂၇ စစ်ဆင်ရေး” အတွင်း သျှမ်းပြည်မြောက်ပိုင်းရှိ မြို့အများအပြားကို စစ်အုပ်စုထံက သိမ်းပိုက်နိုင်ခဲ့သည်။ သို့သော်လည်း တရုတ်၏ ကြားဝင်စေ့စပ်မှုအရ သိမ်းပိုက်ထားသည့် မြို့အချို့အား ပြန်လည်လက်လွှတ်ခဲ့ရသည်။ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ကောင်စီတို့သည်...

“သျှမ်းပြည် စစ်ရေး၊ နိုင်ငံရေး အခင်းအကျင်းပေါ်မှာ ကြီးကြီးမားမား ရိုက်ခတ်မှု ရှိနိုင်ပါတယ်”

0
ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်သူ့ဆန္ဒမငဲ့ဘဲ တစ်နိုင်ငံလုံး ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို မဖြစ်မနေ ရအောင် ကျင်းပသွားပါမယ်ဆိုပြီး ဩဂုတ်လလယ်ပိုင်းမှာ ရွေးကောက်ပွဲ မဲဆန္ဒနယ်၊ ကျင်းပမည့်ရက်၊ ကျင်းပမယ့်ပုံစံ တွေကို စစ်ကောင်စီအသွင်ပြောင်း စစ်ကော်မရှင်လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်တိုက် ကြေညာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလ ၂၈ ရက်မှာ စတင်ကျင်းပမှာဖြစ်ပြီး...