မူဆယ်တွင် လက်နက်များသိမ်းဆည်းရမိ

သျှမ်းပြည် မြောက်ပိုင်း တရုတ်- မြန်မာနယ်စပ် မူဆယ်မြို့တွင် လက်နက်များ သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

Photo by တပ်မတော် ကာကွယယ်ရေး ဦးစီးချုပ်၊ မူဆယ်တွင် သိမ်းဆည်းရမိသည့် လက်နက်များ

ယမန်နေ့(ဇန်နဝါရီ ၂၀)တွင် မူဆယ်မြို့ တော်ရွက်ရပ်ကွက်ရှိ တော်ရွက်လှေဆိပ် သွားရာလမ်းရှိ ရေပြွန်ခေါင်း အတွင်း လက်နက်များ သိမ်းဆည်းရမိကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး သတင်း ဝက်ဆိုဒ် ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ သိမ်းဆည်းရမိသည့် လက်နက်များမှာ ပါရိအမျိုးစားသေနတ် ၁၀လက်၊ ကျည်အိမ် ၉ ခု၊ လွယ်ကြိုး ၉ ချောင်း၊ အမ် ၂၂ သေနတ် တလက် တို့ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

Photo by တပ်မတော် ကာကွယယ်ရေး ဦးစီးချုပ်၊ မူဆယ်တွင် သိမ်းဆည်းရမိသည့် လက်နက်များ

“ မနေ့ က ကျနော်တို့ သိမ်းဆည်းရမိတာပါ။ ဘယ်အဖွဲ့ဟာလဲ။ ဘယ်သူဟာလဲဆိုတာ စုံစမ်းနေဆဲပါ” ဟု မူဆယ်မြို့ မ ရဲစခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။

အဆိုပါ သိမ်းဆည်းရမိသည့် လက်နက်များနှင့် ပတ်သက်ပြီး လုပ်ထုံးလုပ်နည်း အရ ဆောင်ရွက်သွားမည်ဟု သိရသည်။

မူဆယ်သည် တရုတ်နယ်စပ် ဒေသတခုဖြစ်ပြီး လက်နက်ကိုင် တပ်ဖွဲ့၊ ပြည်သူ့စစ်ပေါင်းစုံ လှုပ်ရှားသည့်နေရာတခုဖြစ်သည်။

ထိုဒေသတွင် လက်နက် ရောင်းဝယ်မှု အလွယ်တကူ ရရှိသည့်ဒေသဖြစ်ပြီး၊ မကြာခဏ ပစ်ခတ်မှု ဖြစ်ပွားသည့်နေရာတခုလည်း ဖြစ်သည်။

Photo by တပ်မတော် ကာကွယယ်ရေး ဦးစီးချုပ်၊ မူဆယ်တွင် သိမ်းဆည်းရမိသည့် လက်နက်များ

“ကျနော်တို့မြို့မှာက သေနတ် အလွယ်တကူ ရတယ်။ အခု သိမ်းရတဲ့ သေနတ်က နည်းသေးတယ်။ ပြည်သူ့စစ်တွေတောင် သေနတ်တွေကိုင်ပြီး မြို့ထဲသွားနေတာပဲ” ဟု တော်ရွက်ရပ်ကွက်နေ စိုင်းညွန့် က ပြောသည်။

ဇန်နဝါရီ ၁၈ ရက်နေ့ တွင် မြန်မာ့တပ်မတော် မှ မူဆယ်မြို့အတွင်း ဖွင့်လှစ်ထားသည့် လောင်းကစားရုံများ ပိတ်ရန် ညွန်ကြားထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ငါးပစ်ဂိမ်းဆိုင်တွင် ပစ်ခတ်မှုဖြစ်၊ အမျိုးသားတဦး သေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုနားနယ်မြေအတွင်းရှိ ငါးပစ်ဂိမ်းဆိုင်တခုတွင်  ယနေ့ (ဇူလိုင် ၃၀)ရက် မနက် ၁၁နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖြစ်စဉ်သည် ယနေ့ (ဇူလိုင်လ ၃၀ ရက်) မနက် ၁၁ နာရီဝန်းကျင် မူဆယ်မြို့ ဟိုနားနယ်မြေ ကောင်းမူတုံရပ်ကွက်ရှိ ငါးပစ်ဂိမ်းဆိုင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...