Wednesday, January 28, 2026

သိန္နီမြို့နယ် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

သျှမ်းပြည် မြောက်ပိုင်း သိန္နီမြို့နယ် တွင် လက်နက်ခဲယမ်းများ မြန်မာ့ တပ်မတော် က သိမ်းဆည်းရမိကြောင်း သတင်းရရှိသည်။

Photo by တပ်မတော် သတင်းမှန် ပြန်ကြားရေ

ဇန်နီဝါရီ ၁၅ရက် ညနေ ၅နာရီ ၄၅ မိနစ် တွင် သိန္နီမြို့နယ် နမ့်ခိုက်ကျေးရွာ အနီးရှိ ကျောက်လိုဏ်ဂူ အတွင်း၌ ၁၀၇ မမ ဒုံးသီး၊ လက်နက်ခဲယမ်း များကို သိမ်းဆည်းရမိကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေး ထုတ်ပြန်ချက် တွင် ရေးသားထားသည်။

သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းများမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ တချို့ မှ လျှို့ဝှက် သိမ်းဆည်ထားသည့် ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ လက်နက်ခဲယမ်းများမှာ ၁၀၇ မမ အောက်ခံ သုံးချောင်းထောက် ပစ်စင် တခု၊ ၁၀၇ မမ ဒုံးသီး ၆လုံး၊ ၁၀၇ မမ ဒုံးသီးယမ်းတောင့် ၁၂ တောင့်၊ ၁၀၇ မမ အဝေးထိန်း ရီမု တခု၊ ၁၀၇ မမ ဒုံးသီး ထပ်ဖူး ၂၂လုံးတို့ ဖြစ်ကြောင်းသိရသည်။

ဆက်လက်ပြီး RPG ဒုံးသီး ၁၀၈ လုံး၊ RPG ဒုံးသီးယမ်းတောင့် ၁၀၈ တောင့်၊ ၄၀ မမ ဗုံးသီး ၂၉၉ လုံး၊ ၆၀ မမ ဗုံးသီး ၁၂လုံး နှင့် ၆၀ မမ ဗုံးသီး ယမ်းထုပ် ၆၀ ထုပ် တို့ကိုလည်း သိမ်းဆည်းရမိကြောင်း လည်း သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သိန္နီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အမတ် စိုင်းဦးခမ်း က “ လက်နက်ခဲယမ်းတွေ ဖမ်းမိတာတော့ ဟုတ်ပါတယ်။ အခု အချိန်ထိတော့ ဘယ်အဖွဲ့ ရဲ့ လက်နက်တွေလည်းဆိုတာ မသိရသေးဘူး” ဟု သျှမ်းသံတော်ဆင့် သို့ ပြောသည်။

ထို လက်နက်ခဲယမ်းများ သိမ်းဆည်းရမိသည့်နေရာ သည် တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်သည့် ကချင် လွတ်မြောက်ရေး တပ်မတော်(KIA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် ကိုးကန့် တပ်မတော် ( MNDAA) တို့ လှုပ်ရှားသည့်နေရာ ဟု လည်း စိုင်းဦးခမ်း က ဆိုသည်။

“ နမ့်ခိုက် ကျေးရွာ ဘက်က ကချင်တွေ အများစုနေတဲ့နေရာပါ။ နောက် အဲ့ဘက်ကို ကိုးကန့်တွေ အမြဲတမ်း ဈေးလာဝယ်ကြတယ်။ ဒါပေမယ့် ဘယ်သူ့ လက်နက်ဆိုတာ ပြောရခက်တယ်” ဟု စိုင်းဦးခမ်း က ပြောသည်။

သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်း များထဲက ၁၀၇ မမ ၃ချောင်းထောက်သည် KIA တပ်ဖွဲ့ မှ ထုတ်လုပ်ထားကြောင်း၊ ထိုနယ်မြေသည် KIA နှင့် TNLA လှုပ်ရှားသည့်နေရာ ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေး မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောသည်။

ယမန်နှစ် နိုဝင်ဘာ တွင်လည်း သျှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ် ဟိုမိန်း ကျေးရွာ တွင် TNLA ၏ လေယာဉ်ပစ် ဒုံး လက်နက် အပါအဝင် လက်နက်ခဲယမ်များကို မြန်မာ့တပ်မတော် နယ်မြေ ရှင်းလင်းစဉ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် MNDAA မှ ဈေးဆိုင်ဗွီနိုင်းဆိုင်းဘုတ်များတွင် သျှမ်းစာကို ကန့်သတ်တားမြစ်ပြီး တရုတ်စာ ဦးစားပေးအသုံးပြုခိုင်း

0
သျှမ်းပြည် သိန္နီမြို့နယ် ဈေးဆိုင်များရှိ အသစ်ပြုလုပ်မည့် ဗွီနိုင်းဆိုင်းဘုတ်များတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ သျှမ်းစာနှင့် အင်္ဂလိပ်စာ အသုံးပြုခွင့် ကန့်သတ်တားမြစ်ပြီး တရုတ်စာကို ဦးစားပေးအသုံးပြုခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဧပြီလဆန်းပိုင်းမှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ပေါ်ရှိ ဈေးဆိုင်များတွင် အသစ်ပြုလုပ်မည့် ဗွီနိုင်းဆိုင်းဘုတ်များကို သျှမ်းစာနှင့်...

သိန္နီမြို့နယ်တွင် အမျိုးသားတစ်ဦး ခြံသန့်ရှင်းရေးလုပ်ရာ မြေမြုပ်မိုင်းနင်းမိ ခြေထောက်နှစ်ဖက်ဆုံးရှုံး 

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်နင်းမိ၍ ခြေထောက်နှစ်ဖက်ဆုံးရှုံး ခဲ့ရကြောင်း သိရသည်။  ယမန်နေ့ ( ဧပြီလ ၈ ရက် ) မနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် သိန္နီမြို့နယ် ပန်စုံကျေးရွာနေ အမျိုးသားတစ်ဦးသည် အိမ်ခြံဝန်းအတွင်း သန့်ရှင်းရေးလုပ်ရာမှ မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်နှစ်ဖက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ‌သျှမ်းသံတော်ဆင့်ကို...

ခေတ်အဆက်ဆက် ဉပက္ခာပြုခံနေရတဲ့ တောင်ပေါ်ဒေသ ကျန်းမာရေး

0
“မိမိကျန်းမာရေး၊ မိမိအခွင့်အရေး” ၊ “ကျန်းမာခြင်းသည် အားလုံးအတွက်” ဆိုတဲ့ ကျန်းမာရေး ဆောင်ပုဒ်တွေဟာ တောင်ပေါ်ဒေသအတွက်တော့ ယနေ့ထိတိုင် အသုံးမဝင်သေးပါဘူး။ “လူတိုင်း လုံလောက်သော လူနေမှုအဆင့်အတန်းနှင့် ဆေးကုသခွင့်ရှိသည်”ဆိုတဲ့ လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အချက်လည်း တောင်ပေါ်ဒေသတိုင်းရင်းသားတွေ အတွက်က ဘယ်အစိုးရ၊ ဘယ်အာဏာပိုင်တက်တက် ဆုံးရှုံးရတဲ့ အခွင့်အရေး တရပ်ပါပဲ။ မိုးရာသီအချိန်မှာ...

သိန္နီမြို့နယ် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် လူငယ်တစ်ဦး အမည်မသိ လက်နက်ကိုင် သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် သိန္နီမြို့နယ် မောက်စလီကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် မြေးဖြစ်သူ လူငယ်တစ်ဦးတို့ အမည်မသိ လက်နက်ကိုင်အဖွဲ့၏ သေနတ်ပစ်သတ်ခြင်း ခံရပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၃ ရက်) ညပိုင်းတွင် သိန္နီမြို့နယ် မောက်စလီ ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးနှင့် မြေးဖြစ်သူ လူငယ်တို့ နှစ်ဦးသည် လားရှိုး-သိန္နီ...

သိန္နီမြို့ သုံးလအကြာ စစ်ကောင်စီတပ် လေကြောင်းထပ်မံဗုံးကြဲ၊ အရပ်သား (၁) ဦး ဒဏ်ရာရ

0
သျှမ်းပြည် သိန္နီမြို့အနီးသို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား (၄) ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်(၃) လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၀ ရက်) နံနက် ၂ နာရီခွဲကျော်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့မှ ကွမ်းလုံ-ဟိုပန်...