ကျောက်မဲမြို့နယ် အတွင်း အမျိုးသား ၂ဦး မိုင်းနင်းမိ၊ တဦး ဒဏ်ရာပြင်းထန်

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့ အနီး တွင် အမျိုးသား ၂ဦး မိုင်းနင်းမိကာ၊ တဦး ဒဏ်ရာ ပြင်းထန်ကြောင်း သတင်းရရှိသည်။

Photo by ချံင်ဆီချံင်ဆီ/facebook

ဖြစ်စဉ်မှာ ဇန်နဝါရီ ၆ ရက် ညနေ ၅နာရီ ဝန်းကျင်တွင် မိုင်းငေါ့မြို့ တွင် စက်ပစ္စည်း ဝယ်ပြီး အပြန်လမ်း ၌ မိုင်းနင်းမိခဲ့ပြီး၊ မိုင်းနင်းမိသူ၂ဦးကို ဇန်နဝါရီ ၇ရက်နေ့တွင်သွားရောက်ခေါ်ခဲ့ကြောင်း အိုမ်းတမောဝ် လူမှုကူညီရေးအသင်းမှ အဘမ်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

မိုင်းနင်းမိသူ ၂ဦး အနက် အသက် ၃၂ အရွယ် အမျိုးသား တဦး ဒဏ်ရာ ပြင်းထန်ကာ လားရှိုးဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး၊ အသက် ၃၁ နှစ် အရွယ် အမျိုးသား သည် ဒဏ်ရာ မပြင်းထန်သဖြင့် ကျောက်မဲ ဆေးရုံတွင် ဆေးကုသခံယူနေကြောင်း အဘမ်း က ပြောသည်။

Photo by ချံင်ဆီချံင်ဆီ/ facebook

“ ဒဏ်ရာပြင်းတဲ့တယောက်ကိုတော့ ကျနော်တို့ ကျောက်မဲဆေးရုံရောက်တော့ ဓာတ်မှန်ရိုက်ပြီး လားရှိုး ဆေးရုံ ချက်ချင်းပို့လိုက်တယ်။ တယောက်တော့ ကျောက်မဲဆေးရုံမှာပဲ ဆေးကုနေပါတယ်” ဟု အဘမ်း က ပြောသည်။

၂၀၁၉ ခုနစ် အတွင်း သျှမ်းပြည် မြောက်ပိုင်း တွင် မြေမြုပ်မိုင်း ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၆ဦး နှင့် ဒဏ်ရာရရှိသူ ၃၄ ဦး ရှိကြောင်း သတင်းရရှိသည်။

သျှမ်းပြည် မြောက်ပိုင်း မြေမြုပ်မိုင်း အများဆုံး နင်းမိသည့် နေရာသည် ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်။ နမ့်ဆန်မြို့နယ်၊ နမ္မတူမြို့နယ်၊ မန်တုံမြို့နယ် တို့ ဖြစ်ကြောင်း သိရသည်။

လက်ရှိ မြေမြုပ်မိုင်း ပေါက်ကွဲမှု အများဆုံးနေရာသည် မြန်မာ့တပ်မတော်၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည် တပ်မတော် (RCSS/SSA) တို့ လှုပ်ရှားသည့်နေရာ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

လယ်ကွင်းများထဲ ရွှေတူးဖော်နေသော ညီနောင်တပ်ဖွဲ့များ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ဘက်ဖိုး စက်ယန္တရားကြီးများဖြင့် ရွှေတူးဖော်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ မိုင်းငေါ့မြို့အတွင်းရှိ နမ့်စင်ချောင်းဘေးတစ်လျှောက်တွင် ယခင်က စိမ်းလန်းခဲ့သည့် လယ်ကွင်းများသည် လက်ရှိတွင် တောင်တန်းကဲ့သို့ မြင့်မားသည့် မြေစာပုံကြီးများအဖြစ် ပြောင်းလဲနေပြီး ဘက်ဖိုးစက်ယန္တရားများဖြင့် နေ့ညမပြတ် ရွှေတူးဖော်နေကြောင်း မိုင်းငေါ့ဒေသခံ နန်းခမ်း (အမည်လွဲ)...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ကျောက်မဲစစ်ရှောင်နှစ်ဦး စပါးပြန်ယူစဉ် မိုင်းနင်းမိ၊ မိန်းကလေး ပွဲချင်းပြီးသေဆုံး တစ်ဦးဒဏ်ရာရ

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်နှစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး မိန်းကလေးတစ်ဦး ပွဲချင်းပြီ သေဆုံးကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ အောက်တိုဘာလ ၂၅ ရက် နေ့လယ် ၁ နာရီကျော်တွင် ကျောက်မဲ-မိုင်းငေါ့ လမ်းမကြီးဘေးရှိ နမ့်မန်းရွာတွင် တောင်ယာတဲထဲ စပါးပြန်ယူသည့် စစ်ဘေးရှောင်...