သီပေါမြို့နယ် မိုးသည်းထန်ရွာသွန်းမှုကြောင့် အိမ်ခြေ ၁၆၀ ကျော် ပျက်စီး

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် အတွင်း မိုးသည်းထန် ရွာသွန်းမှု ကြောင့် အိမ်ခြေ ၁၆၀ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သီပေါမြို့ဒေသခံများ ပြောပြချက် အရ သိရသည်။

Photo by Nang San San Aye/ facebook

ဇန်နဝါရီ ၁ရက်နေ့ ည ၉ နာရီကျော်တွ မိုးသည်းထန်ရွာသွန်းကာ မိုးသီးကျသဖြင့် သီပေါမြို့နယ် ဟိုနောင်ကျေးရွာ၊ ကုန်းပြင်ကျေးရွာ နှင့် ကုန်းဆာကျေးရွာ ရှိ အိမ်ခြေ ၁၀၀ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကုန်းဆာကျေးရွာ ဒေသခံ လုံးစိုင်းဆိုင်ဟန် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

Photo by Nang San San Aye/ facebook

“အဲ့နေ့က လေတွေ အရမ်းတိုက်တယ်။မိုးသီးကလည်းကျတော့ နေအိမ်တချို့ဆိုဘာမှ မရအောင် ပျက်စီးတယ်။ တချိ့အိမ်တွေ ခေါင်းမိုးတွေ ပျဉ်တောင်တွေ လွှင့်တယ်” ဟု လုံးစိုင်းဆိုင်ဟန် က ဆိုသည်။

အဆိုပါ နေအိမ်များ ပျက်စီးမှု နှင့် ပတ်သက်ပြီး လူမှုဝန်ထမ်း၊ကယ်ဆယ်ရေး နှင့် ပြန်လည် နေရာချထားရေး မှ ထေက်ပံ့ငွေ ကျပ်သိန်း ၁၀၀ ကျော် လာရောက်လှူဒါန်းကြောင်းလည်း လုံးစိုင်းဆိုင်ဟန် က ပြောသည်။

Photo by Nang San San Aye/ facebook

“ ပျက်စီးသွားတဲ့နေအိမ်တွေ က ပြင်နေတုန်းပါ။ ဆွေမျိုးတွေ အိမ်မှာ ပဲ သွားအိပ်ရတယ်” ဟု လည်း လုံးစိုင်းဆိုင်ဟန် က ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စာဖတ်ခြင်းအလေ့အထ

0
ယခုရက်ပိုင်းအတွင်း ကျနော် စာအုပ်မဖတ်ဖြစ်သည်မှာ ကြာလှပြီ ဖြစ်သည်။ ယခင်က တလလျှင် အနည်းဆုံး စာအုပ်တအုပ် ဖတ်မည်ဟု ကိုယ့်ကိုယ်ကိုယ် ကြုံးဝါးခဲ့ဖူးသည်ကို မှတ်မိနေသေး၏။ သို့သော်လည်း လက်တွေ့တွင်မူ ဖုန်းစကရင်ပေါ်မှ ဗီဒီယိုနှင့် ဇာတ်လမ်းတိုများကို ကြည့်ကာ အချိန်များ ကုန်ဆုံးနေခဲ့သည်။ တကယ်တော့ စာဖတ်ခြင်းဆိုသည်မှာ ပညာဗဟုသုတ တိုးပွားရန်နှင့် အတွေးအခေါ်...

ဘဏ်အကောင့်ဖွင့်ပေးမည်ဆိုပြီး မှတ်ပုံတင်များကို ပုံရိုက်ယူကာ ကျားဖြန့်ထံရောင်းစားသူများရှိ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့နယ်အတွင်းတွင် ကားရပ်နားရာ နေရာများနှင့် အခြားသော လူသွားလူလာ များပြားသည့် နေရာများတွင် လူတစုမှ ဧရာဝတီဘဏ်အကောင့်နှင့် ကမ္ဘောဇဘဏ် အကောင့် ဖွင့်ပေးမည်ဆို၍ မှတ်ပုံတင်နှင့် မျက်နှာကို ပုံရယူကာ ကျားဖြန့်များထံ ရောင်းစားမှုရှိနေကြောင်း စုံစမ်းသိရသည်။ သျှမ်းတောင်၊ တောင်ကြီးမြို့နယ် အောင်ပန်းမြို့ ဘက်တွင် သက်လတ်ပိုင်းလူတစုက...

မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်းပြုလုပ်ရန် မြို့ခံများပင် သိန်းချီကုန်ကျနေ

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် အိမ်ထောင်စုစာရင်း ပြုလုပ်ခြင်းနှင့် ပြောင်းရွှေ့ခြင်းအတွက် ငွေကြေးကုန်ကျမှုများပြားလာပြီး မြို့ခံကိုယ်တိုင် အိမ်ထောင်စုစာရင်း ပြုလုပ်ရာတွင် ကျပ်သိန်းနှင့်ချီ ကုန်ကျနေကြောင်း စုံစမ်းသိရသည်။ မူဆယ်မြို့နယ်သို့ အခြားမြို့နယ်မှ ပြောင်းရွှေ့လာသည့် ပြည်သူများ၊ တရုတ်နိုင်ငံသားများလည်း ပြောင်းရွှေ့လာကာ အိမ်ထောင်စုစာရင်းသွင်းခြင်း၊ ဝယ်ယူခြင်းများကြောင်း မူဆယ်မြို့နယ် ဒေသခံများအတွက်လည်း အခက်ကြုံနေရကြောင်း မူဆယ်မြို့ ဒေသခံအမျိုးသားတဦးက...

ဒီဂျစ်တယ်ထောင်ချောက်နှင့် နယ်စပ်ဖြတ်ကျော် ငွေလိမ်ဂိုဏ်းများ

0
မိမိ၏ ဘဏ်အကောင့်ထဲသို့ အမည်မသိဘဲ ဝင်လာသည့် ငွေလွဲတခုသည် ဘဝတစ်သက်တာ စုဆောင်းငွေများကို မိနစ်ပိုင်းအတွင်း ပျောက်ကွယ်သွားစေနိုင်ရုံသာမက အပြစ်မဲ့ပြည်သူတဉီးဘဝကနေ တရားခံတဉီးအဖြစ်သို့ ဥပဒေကြောင်းအရ အရေးယူခံရစေနိုင်သည့် ဒီဂျစ်တယ်ထောက်ချောက်တခု ဖြစ်လာနေသည်။ လက်ရှိတွင် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားများနှင့် သျှမ်းပြည်တွင်းရှိ အသေးစားစီးပွားရေး လုပ်ငန်းရှင်များသည် အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များ၏ နည်းပညာသုံး...

တာချီလိတ်-မိုင်းရှူး ကုန်တင်ကားများ လမ်းကြေး ၂၄ သိန်းအထက် ပေးနေရ

0
သျှမ်းပြည် အရှေ့ပိုင်း တာချီလိတ် - မိုင်းရှူး လမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေး ဂိတ်များတွင် ကုန်တင်သွားလာ နေသည့် ကားသမားများထံ ငွေကြေးအဆမတန် တောင်းနေကြောင်း စုံစမ်းသိရသည်။ တာချီလိတ်မှ မိုင်းရှူးသို့ ပြန်သည့် ကားအသေးတစ်စီးအတွက် ခရီးစဉ်တစ်ကြိမ်လျှင် လမ်းကြေး ကျပ် ၂၄ သိန်းကျော် ကုန်ကျခဲ့ကြောင်း...