လားရှိုး အီနိုင်းကျေးရွာရောက် စစ်ရှောင်များ အစားအသောက် လိုအပ်နေ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် အီနိုင်းကျေးရွာ တွင် စစ်ရှောင် ၅၄၀ ကျော် အတွက် အစားအသောက်များ လိုအပ်နေကြောင်း သတင်းရရှိသည်။

Photo by Nay Myo/အီနိုင်းဘုန်းကြီးကျောင်းရောက် စစ်ဘေးရှောင်များအား ကူညီရေးအဖွဲ့က ကူညီပေးနေစဉ်

ဒီဇင်ဘာ ၁၆ ရက် မနက် ၉ နာရီ က လက်နက်သံများကြားရသဖြင့် ပန်ဟုန်း၊ မန်ပြိန်း၊ လွယ်တောက်ကျေးရွာနှင့်     နမ္မတူမြို့နယ် နမ့်ကက် ကျေးရွာတို့မှ ဒေသခံ ၅၄၆ ဦး သည် အီနိုင်းကျေးရွာ ဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုံနေကြကြောင်း အီနိုင်းကျေးရွာ ဥက္ကဌ စိုင်းအောင်မြင့် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ တိုက်ပွဲဖြစ်မှာ စိုးရိမ်လို့ ထွက်ပြေးလာတာပါ။ စစ်ရှောင်တွေ အတွက်က စားသောက်ဖွယ်ရာလိုတယ်။ ရေလည်းလိုတယ်။တချို့ ကလေးတွေ အနွေးထည် မပါလာဘူး” ဟု စိုင်းအောင်မြင့် ကဆိုသည်။

အဆိုပါ စစ်ရှောင်များကို လူမှုကယ်ဆယ်ရေး အဖွဲ့များ က ယမန်နေ့လည်ပိုင်းတွင် သွားရောက်ခေါ်ဆိုခဲ့ကာ အီနိုင်းကျေးရွာ သို နေ့လည် ၃နာရီ ဝန်းကျင် ရောက်ရှိလာကြောင်းလည်း စိုင်းအောင်မြင့် က ပြောသည်။

“ မနေ့က နမ္မတူကနေ လှမ်းပစ်တဲ့လက်နက်သံကြားရလို့ပြောတာပဲ ၂ဖက် ပစ်ခတ်မှု မရှိဘူး။ အခု အဲ့ဘက် အခြေအနေ စောင့်ကြည့်နေဆဲပါ။ ပြန်လို့ရ၊ မရ ကြည့်နေတုန်းပါ” ဟု စိုင်းအောင်မြင့် က ထပ်လောင်းပြောသည်။

Photo by Nay Myo/အီနိုင်းဘုန်းကြီးကျောင်းရောက် စစ်ဘေးရှောင်များအား ကူညီရေးအဖွဲ့က ကူညီပေးနေစဉ်

ယမန်နေ့က ပန်ဟုန်းနှင့် လွယ်တောက်ကျေးရွာ အနီးတိုက်ပွဲဖြစ်ပွားမည်ကို ကျေးရွာဒေသခံများက စိုးရိမ်သဖြင့် ကာလာရောက်ဆောင်ပေးရန် ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း ၊ ထို့ကြောင့် သွားရောက် ကယ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ပေးသောလက် လူမှုကူညီရေး အသင်း မှ တာဝန်ရှိသူ တဦးက ပြောသည်။

“ကျနော်တို့ ကို ဖုန်းဆက်ခေါ်လို့သွားခေါ်တာ။ တိုက်ပွဲဖြစ်မှာစိုးလို့ လာခေါ်ပေးဆိုလို့သွားခေါ်တာပါ။ ကျေးရွာ ၄ရွာ က ပြည်သူတွေ ကို ကျနော်တို့ပရဟိတ ကားတွေ က သွားကယ်ထုတ်ပြီး အီနိုင်း ဘုန်းကြီးကျောင်းမှာ လာထားပါတယ်” ဟု ပေးသောလက် လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူ က ဆိုသည်။

အီနိုင်းကျေးရွာအုပ်စုအနီး လားရှိုးနှင့် နမ္မတူ နယ်စပ်ရှိ ကျေးရွာများတွင်လည်း ယခင်အပတ်ကတည်းက ခရီးသွား ရွာသားများအား တားဆီးစစ်ဆေးမေးမြန်းကာ မှတ်ပုံတင် များ လက်ကိုင်ဖုန်းများပါမကျန် တင်းကျပ်စစ်ဆေးကြောင်း စစ်ရှောင်ရွာသားများပြောပြချက်အရသိရသည်။

အဆိုပါ ကျေးရွာ ဒေသခံများသည် ယမန်နှစ်တွင်လည်း လက်နက်ကိုင် တပ်ဖွဲ့များ စစ်ရေး တင်းမာ မှုကြောင့် ထွက်ပြေးတိမ်ရှောင်ခဲ့ရသည့် သူများဖြစ်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ရေးပဋိပက္ခကြားနေထိုင်သူများ လွှတ်တော်ကို အယုံအကြည်မဲ့နေ

0
စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း စုံစမ်းသိရသည်။ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် ၃ လကျော်အကြာ မေလ ၂၃ ရက်နေ့မှာ မိုးဗြဲ PDF...

တောင်ကြီးရောက် စစ်ဘေးရှောင်များ တစ်ပတ်တစ်ကြိမ် ဧည့်စာရင်းတိုင်ခ ပေးနေရ

0
သျှမ်းပြည်မြို့တော် တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိလာသည့် စစ်ဘေးရှောင်များသည် တစ်ပတ်တစ်ခါ ဧည့်စာရင်း တိုင်ကြားနေရပြီး တစ်ကြိမ်လျှင် ကျပ်ငွေ သုံးထောင် (၃,၀၀၀) ပေးဆောင်နေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့သို့ တိမ်းရှောင်ရောက်ရှိနေသည့် စစ်ဘေးရှောင်များသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ လွိုင်ကော်မြို့တွင် ဖြစ်ပွားခဲ့သည့်...

ပင်းတယ ရောက် စစ်ရှောင်အချို့ ပြန်စရာ အိမ်မရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့သို့ လာရောက် စစ်ဘေးရှောင်နေသော သျှမ်းမြောက် စစ်ရှောင်အချို့ သည် ပြန်စရာအိမ်မရှိတော့သဖြင့် ယနေ့ထိတိုင် နေရပ်မပြန်နိုင်သေးကြောင်း သတင်းရရှိသည်? စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်တောင်းပိုင် ဖယ်ခုံ၊ မိုးဗြဲ၊ပင်လောင်းမြို့နယ်နှင့် သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲ၊ သီပေါ၊ လားရှိုးတို့တွင် စစ်ကော်မရှင်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့အပြင် စစ်ကော်မရှင်တပ်သည့် အရပ်သားနေအိမ်ကိုဉီးတည်ပြီး...

ကဒူးကြီးဒေသ စစ်ရေးတင်းမာနေဆဲ၊ စစ်ရှောင်များ ကျန်းမာရေး အတွက်ခက်ခဲနေ

0
သျှမ်းပြည်တောင်ပိုင်း မောက်မယ်မြို့နယ် ကဒူးကြီးဒေသမှာ စစ်ရေးတင်းမာနေပြီး စစ်ရှောင်များအတွက် ကျန်းမာရေးနှင့် စားနပ်ရိက္ခာအခက်ခဲများ ရင်ဆိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်တွင် ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ဒေသခံ တစ်ထောင်ကျော် စစ်ဘေးရှောင်နေရပြီး ဆေးပေးခန်းများနှင့် စားသောက်ကုန်ထောက်ပံ့မှုများလည်းမရှိကြောင်း စစ်ရှောင်များကို ကူညီပေးနေသည့် အမျိုးသမီးတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “သူတို့စစ်ရှောင်တဲ့ နေရာဆို အရမ်းခေါင်တာ၊...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...