Tuesday, October 8, 2024

လားရှိုးမြို့နယ်တွင် ကျပ်သိန်း ၅၅၀ကျော် ဘိန်းဖြူဖမ်းရ၊ ယာဉ်မောင်းလွှတ်မြောက်

Must read

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် တွင် ကျပ်သိန်း ၅၅၀ ကျော် တန်ဖိုး ရှိ ဘိန်းဖြူများ ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

Photo by မူးယစ်ရဲတပ်ဖွဲ့

ယမန်နေ့( ဒီဇင်ဘာ ၁၄ရက် ) ညနေ ၄နာရီ တွင် လားရှိုးမြို့နယ် ပုန်းထွန် ကျေးရွာ အနီး လားရှိုး-မန္တလေး သွားကားလမ်း ပေါ်တွင် ကွတ်ခိုင်မြို့နေ တန်ဂွမ်း မောင်းလာသည့် ကားကို စစ်ဆေးရာ ဘိန်းဖြူ အလေးချိန် ၂.၈၉ ၃ ကီလို ( ကာလပေါက်ဈေး သိန်း ၅၇၈.၆ ) တို့ကို သိမ်းဆည်း ရမိကြောင်း မူးယစ်ရဲတပ်ဖွဲ့ထုတ်ပြန်ချက် မှ သိရသည်။

ထိုပြင် ဘိန်းဖြူ သယ်ဆောင်လာသည့် ယာဉ်မောင်း တန်ဂွမ်းမှာ ထွက်ပြေးလွှတ်မြောက်သွားပြီး အဆိုပါ ယာဉ်ဖြင့်လိုက်ပါလာသည့် အသက် ၃၇နှစ် အရွယ် လွမ်းခေါင်၊ အသက် ၂၁ နှစ် အရွယ် ဂျီဂျာအိန်၊ အသက် ၂၃ နှစ် အရွယ် ဘောက်ဆိုင်းမိုင် နှင့် အသက် ၂၈ နှစ် အရွယ် ထိန်လင်းအောင် တို့ကို လည်း ဖမ်းဆီးထားကြောင်း သိရသည်။

လက်ရှိမှာ ထွက်ပြေး သွားသည် ယာဉ်မောင်းကို စုံးစမ်းနေပြီး၊ ဖမ်းဆီးခံရသည့် ယာဉ်နောက်လိုက် ၄ဦးကို နောင်မွန်နယ်မြေ ရဲစခန်းတွင် မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးနေကြောင်းလည်း မူးယစ်ရဲတပ်ဖွဲ့က ပြောသည်။

Leave a Comments

- Advertisement -spot_img

Latest article