တောင်ကြီးတွင် နိုင်ငံတကာ လူ့အခွင့်အရေး နေ့ ကျင်းပ

“ လူသား အားလုံး အခွင့်အရေး လူငယ်များ က ရပ်တည်ပေး” ဆိုသည့် ခေါင်းစဉ်ဖြင့် ယမန်နေ့ (ဒီဇင်ဘာ ၁၀) ရက်တွင် တောင်ကြီးမြို့တွင် ကျင်းပပြုလုပ်သည်။

Photo by SHAN

ဒီဇင်ဘာ ၁၀ ရက်သည့် နိုင်ငံတကာ လူ့အခွင့်အေရေး နေ့ဖြစ်ပြီး၊ ထိုနေ့ရောက်တိုင်း နိုင်ငံတကာ သာမက မြန်မာပြည် တဝှမ်းတွင်လည်း လူ့အခွင့်အရေး နေ့ အထိမ်းအမှတ် အနေဖြင့် ကျင်းပကြသည်။

ယခုနှစ် ထူးခြားသည်မှာ “ လူသားအားလုံး အခွင့်အရေး လူငယ်များ က ရပ်တည်ပေး” ဆိုသည့် ခေါင်းစဉ် အတိုင်း လူငယ်များက ဦးဆောင်သည့် ပွဲဖြစ်ပြီး၊ လူငယ်များစွာ လာရောက် ပူးပေါင်းသည် ဟု လူ့အခွင့်အရေး ပညာပေး ပြုလုပ်သည့် ဒေါ်နှင်းနန္ဒာအောင် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

Photo by SHAN

“ ဒီနှစ်က လူငယ်တွေပူးပေါင်းပါဝင်မှုအားက များတယ်။လူငယ်တွေက ဦးဆောင်တဲ့ပွဲဖြစ်ပါတယ်။ လူငယ်တွေ ပူးပေါင်းပါဝင်မှုကိုပြတာပါ။ တက်ရောက်တဲ့ အဖွဲ့အစည်းကတော့ စုံတယ်” ဟု ဒေါ်နှင်းနန္ဒာအောင် က ဆိုသည်။

ထိုအခမ်းအနားကို တက်ရောက်လာသည့် အဖွဲ့များမှာ LGBTအဖွဲ့ဝင်များ၊ မသန်စွမ်း အဖွဲ့ဝင်များ နှင့် အမျိုးသမီး အဖွဲ့များဖြစ်ကြောင်း သိရသည်။

“ ကျမတို့ အားလုံးက လူသားတွေပါပဲ။ ကြားမှာခံထားတဲ့ လူမျိုးရေး၊ လိင်ပိုင်းဆိုင်ရာတွေ ခန္ဓာကိုယ်ဖြစ်တည်မှုတွေ အပေါ်မကြည့်ဘဲ လူသားလို့ ကြည့်ရင် အဆင်ပြေပါတယ်။ လူသားအားလုံး က တန်းတူ အခွင့်အရေး ရှိပါတယ်” ဟု ဒေါ်နှင်းနန္ဒာအောင် က ထပ်လောင်းပြောသည်။

သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ၂၀၁၆ ခုနစ်မှ စတင်ကာ နိုင်ငံတကာ လူ့အခွင့်အရေးနေ့ကို ကျင်းပလာသည်မှာ ယနေ့တိုင်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ပြီး နိုင်ငံတကာ လူ့အခွင့်အရေး နေ့ပွဲကို တက်ရောက်လာသည့် တောင်ကြီး LGBT ဥက္ကဌ ကိုမိုး က “ ကျနော်တို့ဒီလို လာပူးပေါင်းရတဲ့အတွက် ဝမ်းသာပါတယ်။ ကျနော်တို့ LGBT တွေမှာ လူ့အခွင့်အရေး ဆုံးရှုံးနေပါတယ်။ လူသားတိုင်းရတဲ့ အခွင့်အရေး LGBT တွေကိုလည်း ရစေချင်ပါတယ်” ဟု သျှမ်းသံတော်ဆင့် ကို ပြောသည်။

တောင်ကြီးမြို့ တွင် ကျင်းပသည့် နိုင်ငံတကာ လူ့အခွင့်အရေး နေ့တွင် လာရောက် ပူးပေါင်းသည့် အဖွဲ့ဝင်များ မှ အကများ၊ သီချင်းများ ဖြေဖျော်ပြီး၊ လူ့အခွင့်အရေး နှင့် ပတ်သက်ပြီး မေးခွန်းများ ပညာပေးများ ပြုလုပ်ကြောင်းသိရသည်။

လွန်ခဲ့သည့် ၂၀၁၈ ခုနစ်တွင် သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်ပန်းခြံတွင် နိုင်ငံတကာ လူ့အခွင့်အရေး “ Mobile” စနစ်ဖြင့် ကျင်းပသွားမည်ကို သက်ဆိုင်ရာက ခွင့်ပြုမိန့် ပိတ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်း တွင် လက်မှတ်ရေးထိုးထားသည့် နိုင်ငံ တနိုင်ငံဖြစ်ပြီး၊ လက်ရှိ အချိန်ထိ တိုင်းရင်းသားနယ်မြေများ နှင့် မြန်မာနိုင်ငံ နေရာ အနှံ့ လူ့အခွင့်အရေးချိုးဖောက်မှု ခံနေရသေးကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...

တောင်ကြီးတွင် အချင်းချင်း စကားများရန် ဖြစ်ရာမှ ဓားဖြင့် ထိုးသတ် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၉)ရက်နေ့တွင် စိန်ပန်းရပ်ကွက် နှင်းဆီလမ်းထိပ် အရက်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထက်ပိုင်မှူး တို့ စကားများရန်ဖြစ်ကြပြီး ဓားဖြင့်ထိုးမှုကြောင့် ကိုထက်ပိုင်မှူး...

တောင်ကြီးတွင် Kpay ပြေစာအတုပြပြီး ငွေလိမ်လည်ထုတ်ယူမှုရှိနေ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် Kpay ပြေစာအတုပြပြီး ‌ငွေလိမ်လည်ထုတ်ယူသူ များလာသဖြင့် ဈေးဆိုင်အချို့ အခက်တွေ့နေရကြောင်း သိရသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၇ရက်တွင် တောင်ကြီးမြို့ ဘုရားဖြူရပ်ကွက်မှ ဈေးဆိုင်တွင် လူရှုပ်နေချိန်ကို အခွင့်ကောင်းယူကာ ငွေသွင်းပြေစာအတုများကို ဆိုင်ရှင်အားပြ၍ ငွေကျပ် သိန်း(၃၀) ထုတ်ယူသွားခဲ့ကြောင်းကိုယ်တိုင်ကြုံတွေ့ရသည့် ကုန်စုံဆိုင်ပိုင်ရှင်တစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ ထိုသို့...

တောင်ကြီးတွင် အီးစီးကရက် မှောင်ခိုရောင်းဝယ်မှု ကြီးထွားနေဆဲ ၊ ဈေးနှုန်းနှစ်ဆမြင့်တက်

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် အီးစီးကရက် (E- cigarette) နှင့် ပတ်သက်ပြီး အာဏာပိုင်များက ဖမ်းဆီးအရေးယူမှုများ ဆက်တိုက်ပြုလုပ်နေသော်လည်း မှောင်ခိုရောင်းဝယ်မှုများ ဆက်လက်ရှိနေပြီး ဈေးနှုန်းများလည်း ယခင်ထက် နှစ်ဆနီးပါး မြင့်တက်လာကြောင်း ဒေသခံများထံမှ သိရသည်။ တောင်ကြီးမြို့တွင် အီးစီးကရက် ရောင်းချသူများနှင့် သုံးစွဲသူများကိုပါ ဖမ်းဆီးအရေးယူမှုများ ရှိနေခြင်းကြောင့်...

မိန်းကလေးငယ်ကို ကျပ်တစ်သိန်းဖြင့် လူကုန်ကူးခဲ့သည့် ပွဲစားများ

0
“အဓိက အလုပ်ရှာရင်းနဲ့ ရောင်းစားခံရတာပေါ့ကွာ။ သူတို့ကို အလုပ်ရှာပေးမယ်၊ လစာကောင်းကောင်းပေးမယ် ပြောပြီး ရောင်းစားလိုက်တာ”ဟု တောင်ကြီးမြို့ အုပ်ချုပ်ရေးမှူးတစ်ဉီးက ပြောသည်။ ပြီးခဲ့သည့် ဇွန် ၁၃ရက် တွင် တောင်ကြီးမြို့နေ အသက် (၁၆)နှစ် အရွယ်နှင့် အသက် (၁၇)နှစ်အရွယ် မိန်းကလေး နှစ်ဉီးသည် အလုပ်ရှာဖွေရန် ရွှေညောင်မြို့သို့...