မိုင်းပန်မြို့နယ် တာဆန်းတံတားပေါ် ကျပ်သိန်း တသောင်းကျော် မူးယစ်ဆေးဖမ်းရမိ

သျှမ်းပြည် တောင်ပိုင်း မိုင်းပန်မြို့ နယ် သံလွင်မြစ်ကူး တာဆန်းတံတားပေါ်တွင် ကျပ်သိန်း ၁သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆးဝါး ဖမ်းဆီးရမိကြောင်း သတင်းရရှိသည်။

Photo by မူးယစ်ရဲတပ်ဖွဲ့

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၈ ရက်နေ့ ညနေ ၃နာရီတွင် မိုင်းပန်မြို့ ဘက်မှ တာဆန်းတံတားဘက်သို့ အသက် ၂၃နှစ် အရွယ် စိုင်းစွမ်ဟိန်း နှင့် အသက် ၂၀ စိုင်းနော်ခမ်းတို့ မောင်းလာသည့် ကားကို တာဆန်းတံတားပူးပေါင်း စစ်ဆေးရေး စခန်းတွင် စစ်ဆေးရာ စိတ်ကြွဆေးပြား ၁၁၅၀၀၀၀ပြား (ကာလပေါက်ဈေး ၁၁၅၀၀)သိန်း တို့ ဖမ်းဆီးရမိကြောင်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ထားသည်။

အဆိုပါ မူးယစ်ဆေးဝါးကို သယ်ဆောင်လာသည့် အမျိုးသား ၂ဦးကို မိုင်းပန်မြို့မ ရဲစခန်း တွင် မူးယစ်ဆေးဝါး နှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ထားပြီး ကွင်းဆက်များဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ချင်းမိုင်တွင် မြေအောက်ဘန်ကာတစ်ခုအတွင်းမှ စိတ်ကြွဆေး ၇ သန်းကျော်ထပ်မံဖမ်းမိ

0
ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်အတွင်း တရားမဝင် မူးယစ်ဆေးဝါးမှောင်ခိုကွန်ရက်တစ်ခုကို ဖမ်းဆီးရမိပြီး စိတ်ကြွဆေးပြား (ယာဘ) ၇.၃ သန်းကျော်နှင့် စိတ်ကြွဆေးခဲ (အိုက်စ်) ၂၅၀ ကီလိုဂရမ်တို့ကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိသူ ၃ ဦးကိုလည်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း ချင်းမိုင်သတင်းတွင် ဖော်ပြသည်။ ယမန်နေ့ (ဇွန်လ ၂၃ ရက်) မွန်းလွဲပိုင်းတွင်...

တရားဥပဒေစိုးမိုးရေး ပျက်ပြားမှုကြောင့် မြန်မာနိုင်ငံတွင် ရာဇဝတ်မှုစီးပွားရေးအသစ် အခြေစိုက်လာ

0
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများနှင့် တရားဥပဒေစိုးမိုးရေး ပျက်ပြားနေသည့် အခြေအနေကို အခွင့်ကောင်းယူ၍ မူးယစ်ဆေးဝါးထုတ်လုပ်မှုနှင့် အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းများ ပေါင်းစည်းထားသည့် ရာဇဝတ်မှုစီးပွားရေးအသစ်တစ်ခု အခြေစိုက် အားကောင်းလာနေကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က သတိပေးလိုက်သည်။ ဇွန်လ ၁၂ ရက်က ထုတ်ပြန်သော...

ထိုင်းမြောက်ပိုင်းအတွင်း မူးယစ်ဆေးဝါး စီးဝင်မှု မြှင့်တက် ၊ ၂ ရက်အတွင်း စိတ်ကြွဆေး ၅ သန်းကျော် ဆက်တိုက် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်၊ ဖန်မြို့နယ်၊ ချင်းရိုင်မြို့လယ်ခေါင်နှင့် လန်ဖွန်မြို့နယ် တို့တွင် စိတ်ကြွဆေးပြား (ယာဘ) (၅ သန်းကျော်) ကို လမ်းဘေးစွန့်ပစ်ထားမှု၊ မီးပွိုင့်မိစဉ် စီးနင်းဖမ်းဆီးမှုနှင့် ကားဖြင့်တိုက်ပြေးမှု ဖြစ်စဉ်များမှ ဆက်တိုက် ဖမ်းဆီးရမိခဲ့ကြောင်း ချင်းမိုင်သတင်းများတွင် ဖော်ပြသည်။ ထိုင်းမြောက်ပိုင်း ကျေးရွာများမှတဆင့် နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးများ အဆက်မပြတ်...

မိုင်းပျဉ်းတွင် မူးယစ်ဆေး ကျပ်သိန်း ၃ထောင်နီးပါး ဖမ်းဆီးရမိ

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့တွင် ဇွန်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ငွေကျပ် သိန်း ၃ထောင်နီးပါး တန်ဖိုးရှိသည့် စိတ်ကြွရူးသွပ်ဆေးပြားများကို အမျိုးသား ၃ ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့သည် သတင်းအရ မိုင်းပျဉ်းမြို့ အောက်ဈေးတန်းရပ်ကွက်တွင် စိုင်းဦးဟောင် မောင်းနှင်ပြီး စိုင်းခမ်းလှနှင့် ဝီးဝါလတို့...

မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလောင်းကစားကြောင့် သျှမ်းပြည်တွင် ခိုးဆိုးလုယက်မှုများ မြင့်တက်

0
သျှမ်းပြည်အတွင်း အလုပ်အကိုင်မတည်ငြိမ်မှု၊ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် အွန်လိုင်း လောင်းကစား ဂိမ်းများ ပျံ့နှံ့လာခြင်းတို့ကြောင့် ခိုးဆိုးလုယက်မှုများ ဆက်တိုက်ဖြစ်ပွားလာကြောင်း ဒေသခံများက ပြောသည်။ သျှမ်းပြည်အတွင်း ခိုးဆိုးလုယက်မှု ကျူးလွန်သူအများစုသည် အသက် ၂၀ မှ ၃၅ နှစ်ကြား လူငယ်၊လူလတ်ပိုင်းများဖြစ်ပြီး မူးယစ်ဆေးဝါးနှင့် အွန်လိုင်းလောင်းကစားများကြောင့် ငွေကြေး လိုအပ်ရာမှ ပြစ်မှုကျူးလွန်မှု...