Wednesday, January 28, 2026

လွိုင်လင် တွင် ကျပ်သိန်း ၃၄၀၀ မူးယစ်ဆေး ဖမ်းဆီးရမိ၊ တရားခံ လွှတ်မြောက်

သျှမ်းပြည် တောင်ပိုင်း လွိုင်လင်မြို့ နယ်အတွင်း ကျပ်သိန်း ၃၄၀၀ တန်ဖိုးရှိ မူးယစ်ဆေးဝါး ကို သိမ်းဆည်းရပြီး တရားခံ လွှတ်မြောက်သွားကြောင်း သတင်းရရှိသည်။

Photo by မူးယစ်ရဲတပ်ဖွဲ့

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃ရက် ည ၉ နာရီတွင် လွိုင်လင်မြို့ ဟိုတင့်ကျေးရွာ အနီး လွိုင်လင်-တောင်ကြီး ကားလမ်းပေါ် တွင် မော်တော်ယာဉ်များ ကို စစ်ဆေးနေစဉ် ကားတစီးသည် နောက်ပြန်လှည့်မောင်ထွက်ပြေးခဲ့သည်။

ထို နောက်ပြန်လှည့်ထွက်ပြေးသည့် မော်တော်ယာဉ် ကို မသင်္ကာသဖြင့် လိုက်လံစစ်ဆေးကာ ယာဉ်မောင်းသည် မော်တော်ယာဉ်ကို လမ်းဘေးတွင် ချပြီး ထွက်ပြေးသွားခဲ့ကြောင်း မူးယစ်ရဲတပ်ဖွဲ့ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

လမ်းဘေးတွင် ချထားသည့် မော်တော်ယာဉ်ကို သက်ဆိုင်ရာ မှ စစ်ဆေးသည့်အခါ စိတ်ကြွဆေးပြား ၃၄၀၀၀၀(ကာလပေါက်ဈေး ၃၄၀၀သိန်း) သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက် အရသိရသည်။

အဆိုပါ သိမ်းဆည်းရမိသည့် မူးယစ်ဆေးပြားများကို သယ်ဆောင်လာသည့် တရားခံ ဖမ်းဆီးရမိရေး အတွက် လွိုင်လင်မြို့မရဲစခန်း မှ စုံစမ်းစစ်ဆေးလျက်ရှိကြောင်းသိရသည်။

ထို့ပြင် မူးယစ်ဆေးသယ်ဆောင်လာသည့် တရားခံကို လည်း လွိုင်လင်မြို့မ ရဲစခန်းမှ မူးယစ်ေးဝါး နှင့် စိတ်ကိုပြောင်းလဲ စေသော ဆေးဝါး များ ဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း မူးယစ်ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

တန့်ယန်းမြို့ရှိ KTV နှင့် အနှိပ်ခန်းများတွင် မူးယစ်ဆေးပါ ရောင်းချမှုရှိနေဟုဆို

0
စစ်အာဏာသိမ်းပြီး (၅)နှစ်တာ ကာလအတွင်း သျှမ်းပြည် တန့်ယန်းမြို့နယ်အတွင်း ကေတီဗွီ (KTV) ဆိုင်နှင့် အနှိပ်ခန်းများ ယခင်ကထက် ပိုများလာပြီး၊ ၎င်းထဲတွင် မူးယစ်ဆေးဝါးများပါ ရောင်းချနေကြောင်း စုံစမ်းသိရသည်။ တန့်ယန်းမြို့နယ်အတွင်း စစ်အာဏာသိမ်းပြီးနောက်ပိုင်း KTV နှင့် အနှိပ်ခန်း (၅၀) နေရာ ထက်မနည်း တိုးချဲ့ဖွင့်လှစ်လာခဲ့ပြီး အချို့သော...

သတိပြုရမည့် မူးယစ်မှောင်ခိုလမ်းကြောင်း (သို့မဟုတ်) တားမြစ်နေရာများ အမဲလိုက်ခြင်း

0
ပွင့်လင်းရာသီ ရောက်လာပြီ ဖြစ်သည့်အတွက် ထိုင်း-မြန်မာနယ်စပ် သျှမ်းပြည်အရှေ့ပိုင်း မုဆိုးများသည် တောကျို တောင်ကြားထဲ အမဲလိုက်ရန် ပြင်ဆင်နေကြပြီ ဖြစ်သည်။ ယခုရာသီသည် တောတောင်ထဲတွင် တောဝက်များ၊ တောကြက်များ အစာရှာထွက်သည့်အတွက် အများစုက အမဲလိုက်ရန် သွားကြကြောင်း မိုင်းတုံမြို့နယ် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “အဓိက တောဝက်၊ တောကြက်ရဖို့...

လွိုင်လင်၊ ပင်လုံနှင့် မိုင်းပွန်တွင် ရွေးကောက်ပွဲ ဆန္ဒမဲပေးသူနည်းပါး၊ လူထုစိတ်မဝင်စား

0
သျှမ်းပြည် လွိုင်လင်မြို့နယ်ရှိ လွိုင်လင်၊ ပင်လုံနှင့် မိုင်းပွန်မြို့များတွင် စစ်ကော်မရှင် ကျင်းပပြုလုပ်သည့် ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးသူ နည်းပါးကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် စစ်ကော်မရှင် စတင်ကျင်းပသည့် ရွေးကောက်ပွဲ ပထမပိုင်းတွင် လွိုင်လင်မြို့နယ်လည်း ပါဝင်ပြီး လွိုင်လင်မြို့၊ ပင်လုံမြို့၊ မိုင်းပွန်မြို့နှင့်...

စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း အင်းလေး မူးယစ်ဆေးသုံးစွဲမှုပိုများလာ

0
စစ်အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် မူးယစ်ဆေးဝါး သုံးစွဲသူ သိသိသာသာများလာကြောင်း ဒေသခံများပြောပြချက်အရသိရသည်။​ အင်းလေးဒေသအတွင်း မူးယစ်ဆေးဝါးကို ပေါ်ပေါ်ထင်ထင် ရောင်းချနေကြပြီး၊ သုံးစွဲသူများတွင် အသက်မပြည့်သေးသည့်သူများနှင့်အမျိုးသမီးများလည်း ပါဝင်နေကြောင်း ကိုယ်တိုင်မြင်တွေ့ရသည့် အင်းလေးဒေသခံ အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။​ ထိုမူးယစ်ဆေးသုံးစွဲ ရောင်းချသူများကိုလည်း သက်ဆိုင်ရာ အာဏာပိုင်များက ဟန်ပြဖမ်းဆီးမှုသာပြုလုပ်နေသည်။​ " မူးယစ်ဆေးတွေက...

ထိုင်းနိုင်ငံ ချင်းမိုင်ဈေးထဲတွင် ဝှိက်ထားသည့် မက်သာဖက်သမင်း ၄၆၉ ကီလို ဖမ်းမိ

0
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မြောက်ဘက်ရှိ Pathum Thani ခရိုင်မှ Talaad Thai ဈေးသို့ တင်ပို့မည့် မက်သာဖက်သမင်း ၄၆၉ ကီလိုဂရမ်ကို ချင်းမိုင်မြို့ရှိ ကတ်မိန်းမိုင်ဈေး (Muang Mai Market) တွင် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနတွင် ဖော်ပြသည်။ ယနေ့ (နိုဝင်ဘာလ ၁၁) ရက်တွင်...