တောင်ကြီးမြို့တွင် ကိုးတန်းကျောင်းသူလေးအား ဓါးခုတ်ခဲ့သည့် တရားခံများ ဖမ်းမိ 

တောင်ကြီးမြို့တွင်နဝမတန်းကျောင်းသူတစ်ဦးအား အုပ်စုဖွဲ့ကာ ဓါးဖြင့်ခုတ်ခဲ့သည့်  ပြစ်မှုကျူး လွန်သူများမှာ အသက် ၁၈ နှစ်အောက်ကျောင်းသားလေးများဖြစ်နေကြောင်း သိရသည် ။

တောင်ကြီးမြို့တွင်နဝမတန်းကျောင်းသူတစ်ဦးအား အုပ်စုဖွဲ့ကာ ဓါးဖြင့်ခုတ်ခဲ့သည့် အသက် ၁၈ နှစ်အောက်ကျောင်းသားလေးများ

အဆိုပါဓါးခုတ်တရားခံကျောင်းသားလေးများအား မတ်လ ၅ ရက် က တောင်ကြီးမြို့နယ်မြေခံရဲများက ဖမ်းဆီးမိခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။

တောင်ကြီးမြို့၊ မင်္ဂလာဦးရပ်ကွက် ၊ စန္ဒာလမ်းရှိ Twin Kid အနီးတွင် နဝမတန်းကျောင်းသူ တစ်ဦးအား   ဓါးဖြင့် ခုတ် ၊ သံ တုတ်ဖြင့်ရိုက်ခဲ့သည့် ပြစ်မှုကျူးလွန်သူ များမှာ အသက် ၁၂ နှစ်မှ ၁၆ နှစ်အထိသာ ရှိသေး သည့် အထက်တန်းကျောင်းသားလေးများဖြစ်ပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား တဦးပါဝင်ကြောင်း တောင်ကြီးမြို့ ၊ နယ်မြေရဲစခန်းမှ သိရသည် ။

ပြစ်မှုကျူးလွန်သူများမှာ အသက်မပြည့်သေးသူများဖြစ်နေရာ  ရဲစ ခန်းတွင်ချုပ်ပိုင်ခွင့်မရှိသောကြောင့် တရားရုံးတွင်ထိန်းသိမ်းခွင့်တောင်း ထားကြောင်း၊ မြို့နယ်ဥပဒေရုံးတွင်အကြံပြုချက်တောင်းခံကာ ဥပဒေ အကြံ ပြုချက်အတိုင်းအဆိုပါပြစ်မှု ကျူးလွန်သူများကို ဆက်လက်တရား စွဲဆို သွားပြီဖြစ်ကြောင်း နယ်မြေရဲစခန်း မှ စခန်းမှူး စိုးမိုးအောင်ကပြောသည် ။

” ဒီလိုအမှုဟာသာမာန် အရက်သောက်ပြီးမူးလို့ဖြစ်တဲ့အမှုမဟုတ်ဘဲနဲ့ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ ခုလိုမျိုးမင်းမဲ့စရိုက်ဆန်ဆန်ဖြစ်နေတာ၊ ဒီဓါးတွေဆိုင် ကယ်ထဲပါလာတာကိုက ကောင်းကိုမကောင်း တော့ဘူး။ ဒီကလေး(၆) ယောက်မှာခုတ်တာတစ်ယောက် ၊ ရိုက်တာတစ်ယောက် ကျန်တဲ့လေး ယောက်ကတော့သူတို့ကိုယ်တိုင်လိုက်ပါနေတာဖြစ်တဲ့အတွက် ပြစ်မှုကျူး လွန်သူကို အားပေးကူညီမှု ပေါ့ ” ၄င်းကပြောသည် ။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ညနေ ၆ နာရီခန့်က တောင်ကြီးမြို့ အထက ၃ မှ ဆိုင်ကယ်မောင်းနှင်သည့် ကိုးတန်းကျောင်းသူတဦး အား အဆိုပါကျောင်းသားလေးများက ဓါးဖြင့်ထိုးကာ သံတုတ်ဖြင့်ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း နယ်မြေရဲစခန်းက ပြောဆိုပါသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သျှမ်းတောင်တွင် ဝက်နာကျ သေဆုံးမှုဖြစ်ပြီးနောက် ဝက်သားစျေးကျ

0
သျှမ်းပြည်တောင်ပိုင်းတွင် ဝက်နာရောဂါဖြစ်ပွားပြီး ဆက်တိုက်သေဆုံးမှုများလာပြီးနောက် ဝက်သားစျေးနှုန်း ကျဆင်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစပြီး သျှမ်းပြည်တောင်ပိုင်း ညောင်ရွှေမြို့နယ်တွင် ဝက်နာရောဂါ စတင်ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးမှု များရှိခဲ့ပြီးနောက် ဝက်သားဈေးနှုန်းများ ကျဆင်းလာပြီး ဝက်ဝယ်သူများလည်း နည်းပါးလာကြောင်း သိရသည်။ “ဝက်ကလည်း ရောင်းချင်နေပြီ ဝယ်သမားကလည်း မရှိဘူး၊ အရင်က သိန်း (၃၀)...

တောင်ကြီးတွင် ခွေးများကို ပစ်မှတ်ထား အစာအဆိပ်ခတ်ခံနေရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး အစာအဆိပ်ခတ် နေသည့် အုပ်စုများရှိနေကြောင်း စုံစမ်းသိရသည်။ တောင်ကြီးမြို့တွင် အိမ်မွေးခွေးနှင့် လမ်းဘေးခွေးများကို ပစ်မှတ်ထားပြီး ထမင်းကဲ့သို့သော အစားအစာများဖြင့် အဆိပ်ခတ်သည့် ဖြစ်စဉ်သည် နေ့စဉ်နှင့်အမျှ ဖြစ်လာကြောင်း၊ ထိုအဆိပ်ခတ်နေသည့် ပုံစံသည် တူညီမှုများရှိနေသဖြင့် ခွေးများကို ဉီးတည်ပြီး သတ်နေသည့်...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...

တောင်ကြီး လိုင်စင်မဲ့ယာဉ် ရှောင်တခင်ဖမ်းဆီးမှုကြမ်းနေ

0
သျှမ်းပြည် တောင်ပိုင်း တောင်ကြီးမြို့တွင် ယခုရက်ပိုင်း လိုင်စင်မဲ့ယာဉ်များကို ရှောင်တခင် ဖမ်းဆီးစစ်ဆေးမှုများ ပိုလုပ်လာကြောင်း သတင်းရရှိသည်။ ထို လိုင်စင်မဲ့ယာဉ်များကို ဖမ်းဆီးမှုကြောင့် မြို့နှင့်အနီးတဝိုက်ရှိ ကျေးရွာဒေသခံများအနေဖြင့် မြို့ပေါ်သို့ အခါကြီးရက်ကြီးများ နှင့် ဈေးနေ့များတွင် မြို့ပေါ်သို့ သွားလာခြင်း၊ အခြေခံစားသောက်ကုန်၊လူသုံးကုန်ပစ္စည်းများ ဝယ်ယူရာသူ အခက်အခဲများရှိနေကြောင်း ဟိုပုံးမြို့နယ် အမျိုးသားတစ်ဦးက...

တောင်ကြီးတွင် အချင်းချင်း စကားများရန် ဖြစ်ရာမှ ဓားဖြင့် ထိုးသတ် အမျိုးသားတစ်ဦး သေဆုံး

0
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦး အချင်းချင်းစကားများ ရန်ဖြစ်ရာမှ ဓားဖြင့်ထိုးသတ်မှုဖြစ်ပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၉)ရက်နေ့တွင် စိန်ပန်းရပ်ကွက် နှင်းဆီလမ်းထိပ် အရက်ဆိုင်တွင် သက်လတ်ပိုင်းအရွယ် ကိုထွန်းထွန်းနိုင်နှင့် ကိုထက်ပိုင်မှူး တို့ စကားများရန်ဖြစ်ကြပြီး ဓားဖြင့်ထိုးမှုကြောင့် ကိုထက်ပိုင်မှူး...