Wednesday, January 28, 2026

သိန္နီဒေသခံလယ်သမားတဦးအား တံတားစောင့်လုံခြုံရေးတပ်က တားဆီးရိုက်နှက်  ဒဏ်ရာကြောင့် ဆေးရုံတွင်ဆေးကုသမှုခံယူနေ

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ်တွင် လယ်ယာလုပ်ငန်းခွင်မှပြန်လာသည့် ဒေသခံရွာသားတဦးအား တံတားစောင့် လုံခြုံရေးစစ်သားများက ရိုက်နှက်သဖြင့် လက်ရှိတွင် သိန္နီဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။

Photo Sen Wi Youth – တံတားစောင့်လုံခြုံရေးစစ်သားများ ရိုက်နှက်မှုကြောင့် မျက်နှာ ဂုတ် မျက်လုံး လက်တို့တွင်ဒဏ်ရာရရှိ သည့် စိုင်းရွှေအေးပုံ

သိန္နီမြို့နယ် ဝမ့်ဟိုတာ့ ရွာနေ စိုင်းရွှေအေး အသက် ၄၁ နှစ်သည် နိုဝင်ဘာလ ၁၈ ရက်နေ့က နမ္မတူတံတားတဖက်ကမ်းရှိ ပဲခြံတွင် ခြံအလုပ်သွားလုပ်ပြီးအပြန် ညနေ ၆ နာရီခန့်က တံတားစောင့် စစ်သားများ တားဆီးစစ်ဆေးကာ ရိုက်နှက်ကျောက်ကန်သဖြင့်  ညိုမဲဒဏ်ရာများအပြင် လက်သန်းရိုးများကွဲအက်သည်အထိဖြစ်ရကြောင်း မိသားစုဝင်များကပြောသည်။

“တံတားဟိုးဘက်ထိပ်မှာ လုံခြုံရေးအတွက်ဆိုပြီးစစ်သားစောင့်တယ်။ တံတားဒီဘက်ထိပ် ကျနော် တို့ရွာဘက်ခြမ်းမှာကျတေ့ ရဲစောင့်တယ်။ သူက တံတားဟိုဘက်ထိပ်က ခြံမှာ အလုပ်လုပ်ပြီး အိမ် ပြန်ဖို့ လမ်းမပေါ်တက်တာနဲ့ တံတားထိပ်ကစစ်သားတွေ သူ့ထော်လာဂျီကိုတားပြီး စစ်ဆေးတာ။  သူက ရွာသားစစ်စစ်ပါ လို့ပြောတာ စစ်သားတွေက မယုံချင်သလိုနဲ့ဆက်မေးတာ။ သူက မယုံရင် ကျနော်နဲ့လိုက်ကြည့်ပါ လို့ပြောလို့ စစ်သားရဲကင်းထဲခေါ်သွားပြီး ရိုက်တာ။ သွေးထွက်ဒဏ်ရာ ဒဏ်ချက်တွေကြောင့် ညတွင်းချင်းဘဲ သိန္နီဆေးရုံကိုပို့ပါတယ်။ ဒီမနက်ဆေးစစ်ချက်ထွက်လာတော့ စိုးရိမ်ရတဲ့အခြေအနေမရှိပေမယ့် အတွင်းကြေတဲ့ညိုမဲဒဏ်ရာတွေရှိတယ်။ လက်သန်း အရိုးတွေ ကျိုးတယ်။ ” – ဟု မိသားစုဝင်ကပြောသည်။

ရိုက်နှက်မှုတွင်လက်လွန်မည်ကိုစိုးသဖြင့် တံတားတဖက်ထိပ်မှ လုံခြုံရေးရဲများ လာရောက်ကြည့်ရှု မှသာ စိုင်းရွှေအေးအား စစ်တပ်က ပြန်လွှတ်ပေးကြောင်းလည်း ရွာသားများကပြောသည်။

ရိုက်နှက်မှုကြောင့် စိုင်းရွှေအေး၏ ဂုတ်၊ နားရွက်အနောက်ဘက်၊ နားရင်းနှင့် မျက်နှာတို့တွင် ပေါက်ပြဲ သွေးထွက်ဒဏ်ရာများ ၊ ဘယ်ဘက် မျက်ခုံး တွင်လည်းညိုမဲဒဏ်ရာရရှိကာ မျက်လုံးများ ပါထိခိုက် ကြောင်း၊ ရင်၀တွင် သေနတ်ပြောင်းဖြင့်တေ့ထိုးခံရသဖြင့် ညိုမဲဒဏ်ရာများရရှိခဲ့ကြောင်း၊ ရိုက်နှက် ခံရမှုကြောင့် စိုင်းရွှေအေး လဲကျစဉ် သေနတ်ဒင်ဖြင့်ညာဘက်လက်ဖမိုးအားဆောင့်ရိုက်သဖြင့် လက်ရိုးကျိုးသွားကြောင်းသိရသည်။

“မနေ့ညက ကျနော်လဲ နောက်ခြံတခုမှာအလုပ်သွားလုပ်တယ်။ ကျနော့်မိန်းမ ဖုန်းဆက်အကြောင်း ကြားလို့ ကျနော်အိမ်ပြန်လာတော့ ကျနော့အကိုကို ခေါ်ပြီး အဲ့ဒီလုံခြုံရေးစစ်သားကင်းစခန်းကို ပြန် သွားမေးတယ်။ ဘာအပြစ်ရှိလို့ရိုက်တာလဲလို့။  စစ်သားတွေက စစ်ဆေးမေးမြန်းရုံဘဲ  မရိုက်ရဘူး လို့ဖြေတယ်။ သေနတ်နဲ့ဘဲ ရွယ်တာလို့ဖြေတယ်။ သေနတ်နဲ့ရွယ်ရုံဆိုရင် ဒီလိုလောက်သွေးထွက် သံယိုဖြစ်ပါ့မလားလို့ ကျနော်မေးလိုက်တယ်။ လောလောဆယ်တော့ ရပ်ကွက်အကြီးအကဲတွေဆီ သက်ဆိုင်ရာအာဏာပိုင်တွေဆီကို တိုင်တန်းထားပါတယ် – ” ဟုလည်း ညီဖြစ်သူ စိုင်းကျော်ခိုင်က သျှမ်းသံတော်ဆင့်အားပြောသည်။

ရိုက်နှက်မှုအပြီး ယမန်နေ့ညက လုံခြုံရေးအကြီးအကဲ ဗိုလ်မှူး ဇေယျဆိုသူက  စိုင်းရွှေအေးတို့ နေအိမ် အထိ ရောက်လာပြီး – ၂ ဖက် ၂ တန် အပြစ်ရှိနိုင်ဖွယ်ရှိကြောင်း၊ အဆိုပါရိုက်မှုကို အရေးမယူကြစေ လိုကြောင်းနှင့် ကြေအေးပေးစေလိုကြောင်း ညှိနှိုင်းခဲ့သေးသည်ဟု မိသားစုဝင်များကပြောသည်။

၎င်းနှင့်ပတ်သက်ပြီး အမှတ် ၃ မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝမ်းလျန်းခမ်းက –  “ သျှမ်းမြောက်မှာ ရှုပ်ထွေးလှတဲ့ တိုက်ခိုက်နေမှု အခြေအနေတွေကြောင့် ဒီလိုအနေအထား တွေဖြစ် ပေါ် နိုင်တယ်ဆိုတာ ကျနော်တို့ ကြိုတင်သိရှိ အမြဲသတိပြုနေတုန်းမှာ အခုတော့မဖြစ်ချင်တာတွေ ထပ်ဖြစ်ပြန်ပါပြီနောက်တမှု။ မဖြစ်ချင်တာတွေဖြစ်လာပြီဆိုတော့ ကျနော်တို့ လည်း  သက်ဆိုင်ရာ တပ်အကြီးအကဲတွေကိုပြောပြရတော့မယ်။  အပြစ်မဲ့ပြည်သူအပေါ်ရိုက်နှက်ခြင်းကိုစစ်ဆေးစီစစ်ပေးဖို့  ပြောရတော့မှာပေါ့။ အပြစ်ရှိရင်တောင်မှ ဥပဒေလုပ်ထုံးလုပ်နည်းအတိုင်းဘဲသွားရမှာ။ ရိုက်နှက်ညှင်း ပမ်းးခွင့်မရှိပါဘူး။ အခုအပြစ်မဲတောင်သူလယ်သမားတွေတောင် သေနတ်တွေနဲ့ရိုက်နှက် ခြိမ်း ခြောက်မှုလုပ်နေတာတော့ ဥပဒေမဲ့လုပ်ရပ်ဆိုတာ ပြည်သူတိုင်းသိကြပါတယ်။ တပ်မတော်အနေ နဲ့လည်း ဂုဏ်သိက္ခာထိခိုက်စေနိုင်တဲ့အတွက် မသင်္ကာမှုတွေနဲ့ရိုက်နှက်မှုလုပ်ရပ်တွေ ကိုရှောင်ရှားသင့်ပါတယ်လို့ပြောလိုပါတယ်။ ”- ဟု သျှမ်းသံတော်ဆင့်ထံပြောဆိုသည်။

သျှမ်းပြည်မြောက်ပိုင်းတွင် အစိုးရတပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့တို့ ပစ်ခတ်တိုက်ခိုက် စစ်ရေးတင်းမာမှုများကြောင့် မြို့အဝင်အထွက်နေရာတိုင်း အစိုးရတပ်မတော်ဘက်မှ လုံခြုံရေးများတိုးချထားကာ စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ပါသည်။

 

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် MNDAA မှ ဈေးဆိုင်ဗွီနိုင်းဆိုင်းဘုတ်များတွင် သျှမ်းစာကို ကန့်သတ်တားမြစ်ပြီး တရုတ်စာ ဦးစားပေးအသုံးပြုခိုင်း

0
သျှမ်းပြည် သိန္နီမြို့နယ် ဈေးဆိုင်များရှိ အသစ်ပြုလုပ်မည့် ဗွီနိုင်းဆိုင်းဘုတ်များတွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ သျှမ်းစာနှင့် အင်္ဂလိပ်စာ အသုံးပြုခွင့် ကန့်သတ်တားမြစ်ပြီး တရုတ်စာကို ဦးစားပေးအသုံးပြုခိုင်းနေကြောင်း စုံစမ်းသိရသည်။ ဧပြီလဆန်းပိုင်းမှ စတင်ပြီး ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့ပေါ်ရှိ ဈေးဆိုင်များတွင် အသစ်ပြုလုပ်မည့် ဗွီနိုင်းဆိုင်းဘုတ်များကို သျှမ်းစာနှင့်...

သိန္နီမြို့နယ်တွင် အမျိုးသားတစ်ဦး ခြံသန့်ရှင်းရေးလုပ်ရာ မြေမြုပ်မိုင်းနင်းမိ ခြေထောက်နှစ်ဖက်ဆုံးရှုံး 

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် အမျိုးသားတစ်ဦး မြေမြုပ်မိုင်နင်းမိ၍ ခြေထောက်နှစ်ဖက်ဆုံးရှုံး ခဲ့ရကြောင်း သိရသည်။  ယမန်နေ့ ( ဧပြီလ ၈ ရက် ) မနက်ပိုင်း ၁၁ နာရီဝန်းကျင်တွင် သိန္နီမြို့နယ် ပန်စုံကျေးရွာနေ အမျိုးသားတစ်ဦးသည် အိမ်ခြံဝန်းအတွင်း သန့်ရှင်းရေးလုပ်ရာမှ မြေမြုပ်မိုင်းနင်းမိ၍ ခြေထောက်နှစ်ဖက်ဆုံးရှုံးခဲ့ရကြောင်း ဒေသခံအမျိုးသားတစ်ဦးက ‌သျှမ်းသံတော်ဆင့်ကို...

သိန္နီမြို့နယ် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် လူငယ်တစ်ဦး အမည်မသိ လက်နက်ကိုင် သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် သိန္နီမြို့နယ် မောက်စလီကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူးတစ်ဦးနှင့် မြေးဖြစ်သူ လူငယ်တစ်ဦးတို့ အမည်မသိ လက်နက်ကိုင်အဖွဲ့၏ သေနတ်ပစ်သတ်ခြင်း ခံရပြီး သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (မတ်လ ၁၃ ရက်) ညပိုင်းတွင် သိန္နီမြို့နယ် မောက်စလီ ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးနှင့် မြေးဖြစ်သူ လူငယ်တို့ နှစ်ဦးသည် လားရှိုး-သိန္နီ...

သိန္နီမြို့ သုံးလအကြာ စစ်ကောင်စီတပ် လေကြောင်းထပ်မံဗုံးကြဲ၊ အရပ်သား (၁) ဦး ဒဏ်ရာရ

0
သျှမ်းပြည် သိန္နီမြို့အနီးသို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား (၄) ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်(၃) လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (အောက်တိုဘာလ ၁၀ ရက်) နံနက် ၂ နာရီခွဲကျော်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ထိန်းချုပ်ထားသည့် သိန္နီမြို့မှ ကွမ်းလုံ-ဟိုပန်...

သိန္နီမြို့နယ် အမျိုးသားတစ်ဦး မြေမြုပ်မိုင်းနင်းမိ သေဆုံး

0
သျှမ်းပြည် သိန္နီမြို့နယ် တွင်နေထိုင်သည့် အမျိုးသားတစ်ဦး မြေမြုပ် မိုင်းနင်းမိ၍ သေဆုံးခဲ့ပြီး ကြောင်း စုံစမ်း သိရသည်။ သျှမ်းပြည် သိန္နီမြို့နယ် ကောင်းဟော်ကျေးရွာတွင် ယမန်နေ့ (ဧပြီလ ၂၁ ရက်) နံနက်ပိုင်း၌ အမျိုးသား တစ်ဦး အိမ်ခြံနောက်ဖေးတွင် ဟင်းသွားခူးရာမှ မြေမြုပ်မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာ ပြင်းထန်ကာ...