ကျိုင်းတုံအရှေ့မြောက်ဘက်ဒေသ ၀ နှင့် အစိုးရတပ် စစ်ရေးတင်းမာ မိုင်းလားအထူးဒေသအတွင်းကူးစက်

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် အရှေ့မြောက်ဒေသ မိုင်းယန်း နှင့် မိုင်းခတ် မြို့နယ်အတွင်း အစိုးရတပ် နှင့် ၀ တပ် တို့ အောက်တိုဘာလ နှောင်းပိုင်းက စစ်ရေးတင်းမာမှုများဖြစ်ပွါးရာ ယခုရက်ပိုင်းအတွင်း မိုင်းလားနယ်မြေအတွင်းသို့ ကူးစက်လာနေကြောင်း ဒေသခံများပြောပြချက်အရ သိရသည်။

Photo SHAN- မိုင်းယန်းနှင့် မိုင်းပေါက်ကြားရှိ ၀ နှင့် မိုင်းလားနယ်ခြား ခိုဆွန်ဂိတ်

“မိုင်းခတ်ဗျူဟာမှူးက ၀ါးတားဂိတ် သွားလုပ်တာပြီးခဲ့တဲ့အပတ်က၊ အဲဒါကို ၀ က သူတို့သွားလာတဲ့ လမ်းကြောင်းကို ပိတ်ဆို့စစ်ဆေးရမလားဆိုပြီး အင်အား အလုံးအရင်းနဲ့ ၂ ရက်ကြာလာဝိုင်းတယ်။ အဲဒီဝါးတားဂိတ်တွေကိုလဲ အကုန်ဖျက်ဆီးပစ်တာ။ ကျိုင်းတုံအထိ သွားရှင်းမှ ပြီးသွားတာ။ အခု ဘယ်လိုလုပ်ပြီး ၀ က မိုင်းလား နယ်မြေထဲ ထပ်ဝင်တာလဲမသိဘူး ” – ဟု မိုင်းယန်းမြို့နယ် အတွင်းက ရပ်ကျေး အုပ်ချုပ်ရေးမှူး တဦးကပြောသည်။

ပြီးခဲ့သည့်အောက်တိုဘာ ၂၃ ရက် က မိုင်းခတ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရိန်ထွန်းက လက်အောက်ခံ တပ်ရင်းအား မိုင်းညှင်းကျေးရွာဘက် ၀ါးတားဂိတ် ထောင်ပြီး လမ်းသွားလမ်းလာများအား စစ်ဆေးခဲ့ကြောင်း၊ အောက်တိုဘာ ၂၅ ရက် မိုင်းပေါက်အခြေစိုက် UWSA ၀ တပ်မဟာ ၄၆၈ မှ အင်အားဖြင့် ၀န်းရံပြီး ၀ါးတားဂိတ်နှင့် ယာယီကင်းစခန်းများအား ဖျက်ဆီးပစ်ခဲ့ကြောင်း သိရသည်။

ကျိုင်းတုံရှိ ၀ ဆက်ဆံရေးရုံးက တြိဂံတိုင်းစစ်ဌာနချုပ် သို့ သွားရောက်တွေ့ဆုံဆွေးနွေးပြီးမှသာ အောက်တိုဘာ ၂၇ ရက် နေ့က ၀ တပ်များ ပြန်ဆုတ်သွားသည်ဟုလည်းသိရသည်။

ထို့နောက်ပိုင်း အစိုးရတပ်များက မိုင်းခတ်မြို့ အဝင်အထွက်၊ မိုင်းယန်းမြို့အဝင်အထွက် ဂိတ်များအား လုံခြုံရေးတင်းကြပ်စစ်ဆေးခဲ့ကြောင်း၊ ၀ တပ်မိသားစုဝင်များသာမက ၀ လူထုအားလည်း သွားလာခွင့် တင်းကြပ်ခဲ့ကြောင်း၊ ထို့အတူ ၀တပ်ကလည်း ၄င်းနယ်မြေအတွင်း ၀င်ထွက်သည့် ဂိတ်များအားလည်း လုံခြံုရေးတိုးမြင့်စစ်ဆေးလာသည်ဟု ဒေသခံများပြောပြချက်အရသိရသည်။

ထို့အပြင် အောက်တိုဘာ ၂၈ ရက်နေ့ အထူးဒေသ ၄ မိုင်းလားတပ် ထိန်းချုပ်နယ်မြေ နှင့် ၀ တပ်ဖွဲ့ထိန်းချုပ်နယ်မြေအကြား ခိုဆုန်ဂိတ်စခန်းအား ၀ တပ် မှ ကျူးကျော်ကာ နောင်ဟုတ် ၊ ၀မ်နမ့် ၊ ပါဆန်၊ ၀မ်ချိန်း ကျေးရွာဘက်အထိ ၀င်ရောက်လာခဲ့ကြောင်း၊ ကျူးလွန်လာသည့် ၀ တပ်ဖွဲ့ဝင်များအား မိုင်းလားတပ်မှ ပိတ်ဆို့ပြီး ပြန်လည်ဆုတ်ခွါပေးရန် ခေါင်းဆောင်များက ဆွေးနွေးနေကြောင်း သိရှိရသည်။

“အထက်က စေခိုင်းလို့ ကျနော်တို့ လဲ မတတ်နိုင်ဘူး။ မိုင်းညှင်းဘက် သွားဝိုင်းတုန်းက အစိုးရတပ် ဆိုတော့ စိတ်ပါသေးတယ်။ အခု က မိုင်းလားဆိုတော့ ကျနော်တို့ မိတ်ဆွေတွေဘဲလေ၊ ဒါပေ မယ် ့အထက် အမိန့်ဆိုတော့ ကျနော်တို့လဲ မလွန်ဆန်နိုင်ဘူး။ ကျနော်တို့ တပ် တွေ စစ်ကားတွေ မိုင်းလားနယ်မြေ အတွင်း ၀င်သွားတော့ မိုင်းလား တပ်ဘက်ကလဲ အင်အား အလုံးအရင်း နဲ့ ပြန်လာဝိုင်းတယ်။ ပစ်မိန့်တော့ မရှိဘူး၊ နှစ်ဘက်လုံးဘဲ။ အထက်က လူကြီးတွေ က ဆွေးနွေးနေတယ်ပြောတယ်။ ဆုတ်ဆိုလဲ ဆုတ်ရမှာဘဲ၊ နေဆိုလဲ နေရမှာဘဲ စစ်သားဆိုတော့ မတတ်နိုင်ဘူး” – ဟု ၀တပ် အရာရှိ တဦးဖြစ်သည့် ဗိုလ်အိုက်နပ် က သျှမ်းသံတော်ဆင့်ထံသို့ပြောသည်။

အဆိုပါ သတင်းနှင့် ပတ်သက်၍ ရှေ့တန်းရောက် မိုင်းလား တပ်မှူး တဦးကလည်း သျှမ်းသံတော်ဆင့်သို့ အတည်ပြုသည်။

၂၀၁၆ စက်တင်ဘာ ၂၈ ရက်နေ့ တုန်းကလည်း ၀ တပ် အင်အား ၁၀၀၀ ခန့် သည် ၄င်းတို့၏ စစ်မဟာမိတ်ဖြစ်သည့် မိုင်းလားနေမြေအတွင်း ၀င်ရောက်ကာ တပ်စခန်း ၅ ခု ကို သိမ်းပိုက်လိုက်သည်။ ယနေ့အ ထိ မွန့်ဆမ်ဆုန် တပ်စခန်းအား ပြန်လည်ရုတ်ပေးခြင်းမရှိသေးပေ။ နေပြည်တော်အစိုးရကလည်း အဆိုပါ တပ်စခန်း မှ ၀တပ်ဖွဲ့များ ရုတ်ပေးခြင်းမပြုပါက တာ့ပင်းချေင်း ဂိတ်တံတား အား ပြန်လည်ဖွင့်လှစ်ပေး မည်မဟုတ်ဟုပြောဆိုခဲ့ကြောင်း ငြိမ်းချမ်းရေးကိုယ်စားလှယ်တော်ကြီးများထံမှ ကြားသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျိုင်းတုံတွင် ရွှေဆိုင်ပိုင်ရှင်အမျိုးသမီး ဓားပြတိုက်ခံရပြီး သေနတ်ပစ်ခံရသေဆုံး၊ ရွှေ ၃ ပိဿ ပါသွား

0
သျှမ်းပြည် ကျိုင်းတုံမြို့ နေ ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင် လူတစ်စုက သေနက်ဖြင့် ပစ်ခတ်ခဲ့ပြီး ရွှေ ၃ ပိဿ နှင့် ကားကို ဓားပြတိုက်လုယူခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (မေလ ၁၃ ရက်) နေ့လည် ၁ နာရီကျော်တွင် ကျိုင်းတုံမြို့...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

ကျိုင်းတုံ ဘုန်းကြီးကျောင်းအတွင်း အာဏာပိုင်၏ ခွင့်ပြုချက်ဖြင့် လောင်းကစားဖွင့်လှစ်နေ

0
သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် ဘုန်းကြီးကျောင်းအတွင်းတစ်ခုတွင် လောင်းကစားဝိုင်းမျိုးစုံကို အာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ခွင့်ပေးနေကြောင်း ဒေသခံများက ပြောသည်။ ကျိုင်းတုံမြို့နယ် မိုင်းဇင်းကျေးရွာအုပ်စု နောင်နွန်းကွက်သစ်ရှိ ဝိသုဒ္ဓါရုံစာသင်တိုက်အတွင်း၌ ဧပြီလ ၁ ရက်နေ့မှစတင်ကာ လောင်းကစားဝိုင်းများကို တစ်လကြာ ဖွင့်လှစ်ခွင့်ပေးထားခြင်း ဖြစ်သည်။ အဆိုပါ ဝိုင်းများတွင် ကြက်ဝိုင်း၊ ဂျင်ဝိုင်း၊ ပိုက်ကျူး၊ ငါးပစ်ဂိမ်း၊...

ကျိုင်းတုံမှာ စစ်ကော်မရှင်တပ်က လူငယ်များကိုပေါ်တာဆွဲ ကျပ်သိန်းတစ်ရာဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ဖမ်းဆီးခံရသူများကို ငွေကျပ်သိန်း တစ်ရာဖြင့် ပြန်ရွေးခိုင်းကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှစပြီး ကျိုင်းတုံမြို့တွင် စစ်ကော်မရှင်တပ်က လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ပေါ်ပေါ်ထင်ထင်လုပ်လာပြီး ညနေခင်းအချိန်တွင် စစ်ကော်မရှင်တပ်က အိမ်စီးကားများဖြင့် လူငယ်များကို ဖမ်းဆီးနေကာ...

စက်သုံးဆီ ကန့်သတ်ရောင်းချမှုကြောင့် မိုင်းလား-ကျိုင်းတုံ ကားခ ဈေးနှုန်းမြင့်တက်လာ

0
သျှမ်းပြည် အရှေ့ပိုင်းတွင် စက်သုံးဆီဈေးနှုန်းမြင့်တက်ပြီး အကန့်သတ်ဖြင့် ဝယ်နေရခြင်းကြောင့် မိုင်းလား - ကျိုင်းတုံ ကားခများ ဈေးနှုန်းမြင့်တက်လာကြောင်း စုံစမ်းသိရသည်။ လက်ရှိ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခကြောင့် စက်သုံးဆီစျေး ပြဿနာဖြစ်လာပြီး စျေးနှုန်းမြင့်တက်လာသည့်အပြင် စက်သုံးဆီ ရှားပါးမှု ဖြစ်လာသည့်အတွက် မိုင်းလား-ကျိုင်းတုံ ပြေးဆွဲနေသည့် ကားများသည် တနေ့လျှင့်...