Wednesday, January 28, 2026

မူဆယ်မြို့တွင်း ပြည့်တန်ဆာလာရှာသူ ၅ ဦးအား ရဲများဖမ်းဆီးထား ပြစ်ဒဏ်ပေးရန် စီစဉ်နေ

သျှမ်းပြည်နယ် မြောက်ပိုင်း တရုတ် မြန်မာ နယ်စပ် မူဆယ်မြို့ တွင် “ ပြည့်တန်ဆာ လုပ်ရန်” အလုပ်ခေါ်စာလိုက်ကပ်နေသူများအား အာဏာပိုင်များဖမ်းဆီးကာ ပြင်းထန်သည့် ပြစ်ဒဏ်ပေးရန် စိစစ်လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

Photo by မူဆယ်သူ၊မူဆယ်သားများ ဖေ့ဘွတ်

စက်တင်ဘာ ၁၄ ရက် မနက် ပိုင်းက မူဆယ်မြို့ လူစည်ကားရာအရပ် ဈေးအနီး မီးပွိုင့်တွင် “ မူဆယ်မြို့တွင်း ပြည့်တန်ဆာလုပ်ရန်” နှင့် ဆက်သွယ်ရန် ဖုန်းနံပတ်ပါသည့်ကြော်ငြာ စာရွက်များ လိုက်လံကပ်နေသည့် အသက် ၃၀ ဝန်းကျင် ရှိ အမျိုးသမီး ၂ ဦး နှင့် အမျိုးသား ၃ ဦးတို့အား ရဲများဖမ်းဆီးထားကြောင်း သျှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ဇော်ခင်အောင် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ကျနော်တို့ CCTV ကနေ အမျိုးသမီး ၂ ဦး အမျိုသား ၃ ဦးဖမ်းထားပါတယ်။ ပြည့်တန်ဆာ နှိပ်ကွပ်ရေး ဥပဒေ နဲ့ ဖွင့်ထားတယ်။ အဲ့ထက် ပြင်းတဲ့အမှု နဲ့ အရေးယူလို့ရအောင် ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်နေပါတယ်” ဟု ရဲမှူးချုပ် ဇော်ခင်အောင် က ဆိုသည်။

ထိုသို့ကြော်ငြာစာရွက်လာကပ်ခြင်းသည် မြန်မာနိုင်ငံ ကို သိက္ခာကျအောင် ပြုလုပ်ခြင်းဖြစ်ကြောင်း၊ ထိုသူများကို ထိရောက်စွာအရေးယူရန် အတွက် အစိုးရ နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများကိုလည်း ညွှန်ကြားထားကြောင်း ရဲမှူးချုပ်ဇော်ခင်အောင် က ပြောသည်။

“ ဒီလို ကြေညာကပ်တာကို အမြဲ စောင့်ကြည့်ဖို့ ကခက်တယ်။ ထိရောက်စွာအရေးယူဖို့ အတွက် အစိုးရကိုလည်း တင်ပြထားတယ်။ သက်ဆိုင်ရာ လူကုန်ကူး တားဆီးရေး အဖွဲ့ နယ်မြေ ရဲတပ်ဖွဲတွေ ကို ကြပ်မတ်လုပ်ဖို့ ညွန်ကြားထားတယ်” ဟု ရဲမှူးချုပ် က ထပ်လောင်း ပြောသည်။

အဆိုပါ ဖမ်းဆီးထားသော ကြော်ငြာစာရွက်လိုက်လံကပ်နေသူ ၅ ဦးသည် တရုတ်နာမည်များဖြစ်နေပြီး၊ မည်သည့် နိုင်ငံသား ခံယူထားသည်ကို စိစစ်နေဆဲဖြစ်သည်ဟု လည်း သိရသည်။

မူဆယ်မြို့လူသွားများသည့် လမ်းမပေါ် ထိုကဲ့သို့ကြော်ညာ လာကပ်ခြင်းသည် မူဆယ်မြို့တွင်နေထိုင်သည့် အမျိုးသမီးများ အတွက် စိုးရိမ်ထိတ်လန့်စရာ ကိစ္စရပ်တခုဖြစ်သည် ဟု ဒေသခံများကလည်း ပြောဆိုလိုက်သည်။

“ မူဆယ်မြို့ ပြည်သူတွေ ကို စော်ကား သွားတဲ့ ကြော်ညာစာပါ။ နောက် အမျိုးသမီးတွေအတွက်လည်း စိုးရိမ်စရာ ကိစ္စတွေဖြစ်လာတယ်။ ပြည့်တန်ဆာကို ပေါ်တင် ခေါ်လို့ရတယ်ဆိုတဲ့ ပုံစံမျိုးလုပ်သွားတာ” ဟု မူဆယ် မြောက်ရပ်ကွက် နန်းစံ က သျှမ်းသံတော်ဆင့် သို့ပြောသည်။

လွန်ခဲ့သည့် ၂၀၁၉ ဒီဇင်ဘာ တွင်လည်း သျှမ်းပြည်နယ်မြောက်ပိုင်း တရုတ် မြန်မာနယ်စပ် မူဆယ်မြို့ မြို့လယ်ခေါင် တွင် အငှားကိုယ်ဝန် လက်ကမ်းစာစောင်ကို နေရာ အနှံ့ ကပ်ခဲ့ထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မဲပေးစက် ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းများ မဲမပေးတတ်ဘဲ အခက်တွေ့

0
စစ်ကော်မရှင်ကျင်းပနေသည့် အတုအယောင်ရွေးကောက်ပွဲတွင် အီလက်ထရောနစ် မဲပေးစက်ကို ပထမဆုံးအကြိမ် အသုံးပြုခြင်းကြောင့် သက်ကြီးပိုင်းပုဂ္ဂိုလ်များ မဲပေးချိန်တွင် အခက်အခဲများ ကြုံတွေ့ခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) တွင် မူဆယ်မြို့ပေါ်၌ စစ်ကော်မရှင်ကျင်းပသည့် အတုအယောင် ရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကို အသုံးပြုခဲ့ရာ...

မူဆယ်မြို့အတွင်း လိုက်လံဓားပြ လုယက်နေသည့် ခြောက်ဦးကို ဖမ်းမိ

0
သျှမ်းပြည် မြောက်ပိုင် မူဆယ်မြို့အတွင်း လိုက်လံ ဓားပြတိုက် ခိုးဆိုးလုယက်နေသည့် အမည်မသိ လက်နက်ကိုင် အဖွဲ့ဝင်ခြောက်ဦးကို ဖမ်းဆီးမိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ (စက်တင်ဘာလ ၁၇ ရက်) ည ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် ၄၅ ကုန်းတွင် မြို့အတွင်း လိုက်လံ ဓားပြတိုက်...

မူဆယ်မြို့ အကောက်ခွန်ရုံး အရာရှိလိုင်းခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထား

0
သျှမ်းပြည် မူဆယ်မြို့ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး သတင်းဖုံးဖိထားကြောင်း စုံစမ်းသိရသည်။ စက်တင်ဘာလ (၆) ရက် ညနေ (၃) နာရီ‌ခန့်တွင် မူဆယ်မြို့ ဟိုမွန်ရပ်ကွက် စစ်ကော်မရှင် လက်အောက်ခံ အကောက်ခွန်ဦးစီးဌာနရုံးရှိ အရာရှိလိုင်းခန်း (၆) ခန်း မီးလောင်ပျက်စီးခဲ့ပြီး မီးလောင်ရသည့်...

မူဆယ်မြို့ အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦး ဓားပြတိုက်ခံရပြီး ဓားခုတ်ဒဏ်ရာများဖြင့် သေဆုံးသည့်အထိရှိကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၂၆) ရက် မနက် ၉ နာရီဝန်းကျင်တွင် မူဆယ်မြို့ တောင်ပေါ် ဘုရားအနီးတွင် အမျိုးသမီးတစ်ဉီးး၏ ပိုက်ဆံအိတ် ကို အမည်မသိသူက ဓားပြတိုက်ခံရပြီး ဓားဖြင့် အချက်ပေါင်းများစွာ ခုတ်ခဲ့သည်။ ထိုဓားခုတ်ဒဏ်ရာကြောင့်...

မူဆယ်မြို့ အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံး

0
သျှမ်းပြည် မူဆယ်မြို့ပေါ်တွင် အမျိုးသမီးနှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သတင်းရရှိသည်။ ယမန်နေ့ (ဇူလိုင်လ ၂၄ ရက်) ညနေ ၃ နာရီဝန်းကျင်တွင် မူဆယ်မြို့  ဟိုမွန်ရပ်ကွက်တွင် အမျိုးသမီးနှစ်ဦးကို အမည်မသိ လက်နက်ကိုင်မှသေနတ်ဖြင့် ပစ်ခတ်ခဲ့သဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း မူဆယ်မြို့ အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။ “အဲ့အမျိုးသမီးတွေက crown ကားအဖြူနဲ့ ရဲစခန်းဘက်ကနေလာကြတာ။ အမျိုးသမီးနှစ်ယောက် သေသွားတာ။ဘယ်ကနေ လာပြီးပစ်သွားလဲဆိုတာသေချာမသိရဘူး အသံကြားတာနဲ့ သေနေပြီ။ပစ်သွားတာလူက ဘာနဲ့လာလဲ သေချာမမြင်လိုက်ဘူး” ဟု မူဆယ်မြို့ အသက် ၄၀ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ထိုသေဆုံးသွားသည့် အမျိုးသမီးနှစ်တစ်ဦးသည် အသက် (၄၀) ဝန်းကျင် မုန်းဝန်းတရုတ်လူမျိုးဖြစ်ပြီး၊ ၊ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် လုပ်ပေးသည့် ပွဲစားဖြစ်ကြောင်း သိရသည်။ မြန်မာ-တရုတ် နယ်စပ်ဒေသဖြစ်သည့် မူဆယ်မြို့တွင် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ် အဖွဲ့ပေါင်း (၂၀) ကျော်ထက်မနည်း ရှိနေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့ကာ တရားမဝင် စီးပွားရေးနှင့် မူးယစ်ဆေးဝါးများ စုံလင်ပေါများခြင်းကြောင့် သေနတ်ပစ်ခတ်မှု၊ ပြန်ပေးဆွဲမှု မကြာခဏဖြစ်ပွားနေပြီး အမှုမှန်ပေါ်ပေါက်ခြင်း မရှိကြောင်း ဒေသခံများက ပြောသည်။